၂၀၀၇ ခုနှစ်တွင် လောင်စာဈေးနှုန်းသည် သိသိသာသာ တက်လာခဲ့သည်။ အမေရိကန်ကဲ့သို့ စီးပွားရေးအင်အားကြီးနိုင်ငံများသည် ယင်းသို့ဈေးနှုန်း မြင့်ရခြင်းသည် OPEC ၏ ဈေးကစားမှုကြောင့်ဟု ပြောကြားခဲ့သည်။ OPEC အဖွဲ့မှလည်း ၄င်းတို့တစ်ဦးတည်းကြောင့် မဟုတ်ဘဲ အမေရိကန်ဒေါ်လာ ဈေးနှုန်း ကျဆင်းမှု နှင့် လောင်စာဈေးနှုန်း ကစားသူများ ၊ အထူးသဖြင့် ကုန်သည်ကြီးများသည် ၄င်းတို့အချင်းချင်း ညှိုနှိုင်းပြီး အမြတ် ထုတ်နေကြခြင်းကြောင့် ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ တချို့သော ကုန်သည်များက ၄င်းတို့၏ လောဘကို ဖုံးပကွယ်လိုသဖြင့် ၄င်းအချက်ကို ငြင်းဆိုခဲ့သည်။ သို့သော်လည်း ယခုအခါတွင် လောင်စာဈေးနှုန်း မြင့်တက်မှုသည် exporter တစ်ဦးတည်းကြောင့်မဟုတ်ဘဲ importer ကြောင့်လည်းဖြစ်ကြောင်း ၄င်းတို့ ကိုယ်တိုင် လက်ခံခဲ့ရသည်။
လောင်စာဈေးနှုန်း မြင့်တက်လာသည်နှင့်အမျှ ဒေါ်လာဈေးနှုန်းသည် အားနည်းကာ ကျဆင်းခဲ့ရသည်ကို သိသိသာသာ တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် လောင်စာဈေးနှုန်းအား ဒေါ်လာဖြင့် သတ်မှတ် ရောင်းဝယ်ခြင်းကြောင့် သာမက အမေရိကန်၏ လောင်စာသုံးစွဲမှုသည်လည်း တဖြည်းဖြည်း များလာရာ ဒေါ်လာ ဈေးနှုန်းသည်လည်း တဆဆ ကျဆင်းလာရသည်။ ကုန်စည်အများစု၏ ဈေးနှုန်းအတက်အကျကို ဈေးကစားမှုမှ ဆုံးဖြတ်သော်လည်း အထူးသဖြင့် ရေနံ၊ လောင်စာ၏ဈေးနှုန်းမှာ တခြားသော အကြောင်းအရာ များကြောင့်လည်း အတက်အကျ ဖြစ်ခဲ့သည်။ သဘာဝဘေးများ ၊နယ်ခြားစစ်ပွဲများကြောင့် လောင်စာ တင်ပို့ရာတွင် အခက်အခဲများ ရှိသဖြင့် သယ်ပို့စရိတ်များကြောင့်လည်း ဈေးနှုန်းအပြောင်းအလဲ ဖြစ်ခဲ့သည်။ ထို့ပြင် ကမ္ဘာ လောင်စာပမာဏသည် မည်မျှကျန်သည်ကို မှန်းဆရန် ခက်ခဲသည်။
အချိန်အတိုင်းအတာ မည်မျှသည် သုံးရန် ကျန်သေးသည်ဆိုသည်ကို မည်သူမျှ တိတိကျကျ မမှန်းဆနိုင်ပေ။ လောင်စာ၊ ရေနံသည် ခိုင်မာသည့် ကုန်စည်ဖြစ်သည့်အတွက် နာရီနှင့်အမျှ ဈေးအတက်အကျ လုပ်နိုင်သဖြင့် ကုန်သည်များအား အမြတ်ကြီးကြီးရနိုင်သော ကုန်စည်အဖြစ် ဆွဲဆောင်နိုင်သည်။ ဈေးကစားမှုကိုလည်း မည်သူ တစ်ဦးတစ်ယောက်မျှ တရားမစွဲဆိုနိုင်ပေ။ ထိုကြောင့် ကုန်သည်များသည် လောင်စာဈေးနှုန်းအား ယနေ့ပေါက်ဈေး၊ အနာဂါတ်ပေါက်ဈေးများ တွက်ချက်ပြီး အနာဂါတ် ရက် ၃၀ အတွင်းဈေးနှုန်းများဖြင့် စာချုပ်ချုပ်ဆိုကာ ရောင်းဝယ် ဈေးကစားကြသည်။ ကုန်သည်များသည် အနာဂတ်ဈေးနှုန်းများကို မှန်းဆထားသော်လည်း မမျှော်နိုင်သော ဖြစ်ရပ်များအား နားစွင့်နေရသည်။ စီးပွားရေးသတင်းများတွင် ၀ယ်လိုအား၊ ရောင်းလိုအား အရ ဈေးနှုန်းတက်မှုရှိရာ ၀ယ်လိုအားများအား သုံးသပ်ရသည်။ ယနေ့ ကမ္ဘာ့ နိုင်ငံကြီးများနှင့် ရေနံထွက်သောနိုင်ငံများသည် လောင်စာကို လက်နက်သဖွယ် စစ်ရေးပရိယာယ်အဖြစ် သုံးကြရာ နိုင်ငံရေး အခြေအနေများကြောင့်လည်း ဈေးနှုန်းအတက်အကျ ဖြစ်ရသည်။
ယနေ့ ကျွန်ုပ်တို့သည် လောင်စာဈေးနှုန်းအား အချိန်နှင့်အမျှ ဈေးကွက်ပေါက်ဈေးအတိုင်း ၀ယ်ယူ သုံးစွဲနေရသည်။ OPEC အဖွဲ့မှ သင်တင့်သော ဈေးဟုသတ်မှတ်ထားသော ဈေုးထက် ပိုကာ ပေးနေရခြင်း သည် ဈေးကစားမှုအပိုကြေး(speculative premium) ကို ပေးဆောင်နေခြင်း ဖြစ်သည်။ဥပမာ -၂၀၀၅ ခုနှစ်တွင် OPEC မှ တစ်ပေပါ $45 သည် မျှတသင့်တင့်သောဈေးဟု သတ်မှတ်လျှင် တစ်ပေပါ $४७ ပေးဝယ်နေရပါက $2 သည် ဈေးကစားမှုအပိုကြေး(speculative premium) ကို ပေးဆောင်နေခြင်း ဖြစ်သည်။ များသောအားဖြင့် လောင်စာဈေးနှုန်းသည် ၀ယ်လိုအား၊ ရောင်းလိုအား ပေါ်တွင် အပြောင်းအလဲ ဖြစ်ပေါ်သည်။
သီအိုရီအရ ကုန်သည်တစ်ယောက်သည် လောင်စာကို အနာဂါတ်ဈေးနှုန်းသက်သာစွာဖြင့် အနာဂါတ်စာချုပ် (future contract) နိုင်ပါက ဈေးကွက်ပေါက်ဈေးသည်တက်လာမည်ဆှိုလျှင် ၄င်းအတွက် အမြတ်ရရှိမည် ဖြစ်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ မည်သည့်အချိန်တွင် ဈေးတက်မည်ကို တပ်အပ် မပြောနိုင်ပေ။ အဘယ်ကြောင့်နည်း ။ ဈေးကစားမှု အပိုကြေး(speculative premium)ကြောင့် လောင်စာ ဈေးကွက်မှာ မျှတမှု နည်းပါးသည်။ တရုတ်၊ အိန္ဒိယနိုင်ငံများတွင် လောင်စာမှာ တင်သွင်းနိုင်မှုထက် သုံးစွဲမှု ပိုနေသည်။ ထိုမှ ကမ္ဘာ့လောင်စာရှားပါးမှုကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ စစ်မက်များဖြစ်ပွားခြင်းနှင့် ကုန်သည်ပွဲစားများ၏လိုသလို ဈေးကစားမှုများ ဖြစ်ပေါ်ရာ လောင်စာဈေးနှုန်းအတက်အကျ သံသရာ စက်ဝန်းမှာ မလွတ်နိုင်ပေ။
လောင်စာဈေးနှုန်းကို အမေရိကန်ဒေါ်လာဖြင့် ဈေးဖြတ်ရာ ကန်ဒေါ်လာတန်ဖိုး တိုးတိုင်း လောင်စာ တင်ပို့သူတို့အတွက် ကြီးမားသော ဆုကြေးပင် ဖြစ်သည်။ အီရန်သည် အမေရိကန်၏ ပိတ်ဆို့မှု မည်မျှပင်ရှိပါစေ လောင်စာ ဈေးကစားမှု အပိုကြေး(speculative premium)ကြောင့် လစဉ် ကန်ဒေါ်လာ ၅।၅ ဘီလီယံကို သဲ့ယူသလို ၀င်နေသည်။ ထိုသို့ သမ္မတ ဘုရှ်၏ ပိတ်ဆို့မှုများသည် ရေနံ၊ လောင်စာဈေးနှုန်းကို တက်သထက်တက်စေသကဲ့သို့ အီရန်သို့ ဒေါ်လာများ တင်ပို့ပေးနေသလို ဖြစ်နေပါတော့သည်။
Tuesday, December 18, 2007
Wednesday, December 12, 2007
သတင်းအတိုအထွာ
OPEC အစည်းအဝေးတွင် ရေနံတင်သွင်းသောနိုင်ငံများမှ ထုတ်လုပ်မှု တိုးမြင့်ရန် တောင်းဆိုသော်လည်း ရေနံထုတ်လုပ်သောနိုင်ငံများမှ ထုတ်လုပ်မှုပမာဏတိုးမြင့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
၂၀၀၈ နှစ်ဦး၊ ဇန်န၀ါရီ အစောပိုင်းတွင် ဂျော့ဒဗလျူ ဘုရှ် သည် အရှေ့အလယ်ပိုင်းဒေသသို့Israel နှင့် Palestine တို့၏ငြိမ်းချမ်းရေးစေ့စပ်ပေးရန် အတွက် သွားရောက်လည်ပတ်လိမ့်မည်ဟု သတင်းရရှိသည်။
India နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ သပန ဒုဝန်ကြီး တို့သည် IT နည်းပညာ တိုးတက်ရန် ရည်ရွယ်ကာ India-Myanmar centre တည်ထောင်ရန် နားလည်မှု စာချွန်လွှာကို ဒီဇင်ဘာ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၄င်း စင်တာ အား India ၏ အကူအညီနှင့် လမ်းညွှန်မှု ကို ယူပြီး ရန်ကုန်တွင် တည်ထောင်မည် ဖြစ်သည်။(ဒီဇင်ဘာ ၁၃)
ု့
EU၏ မြန်မာနိုင်ငံ အထူးသံ Fassino သည် လာမည့် သတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ မြန်မာ့ဒီမိုကရေစီအရေးကို ဆွေးနွေးမည်ဟု သတင်းရရှိသည်။၎င်းသည် ဒီဇင်ဘာ ၁၈၊၁၉တွင် ဘေဂျင်းသို့ သွားရောက် ပြီး ခရစ်စမတ်ပြီးလျှင် အိန္ဒိယ၊အင်ဒိုနီးရှား၊ဗိယက်နမ်နှင့်မလေးရှားသို့ သွားရောက်မည်။(ဒီဇင်ဘာ ၁၃)
အလုပ်ကို စောင့်နေမှာလား .....
ဘ၀ရဲ့နာကျင်မှုများနဲ့ ပြည့်လျှံနေပြီး လူမှုဆိုးကျိုးတွေ အများဆုံး ခံစားနေသူတွေကတော့ အလုပ်လက်မဲ့တွေပါပဲ။ သူတို့တွေဟာ ဘ၀ရဲ့ပျော်ရွှင်မှုတွေ ကွယ်ပျောက်နေကြသလို နာကျင်မှုတွေနဲ့သာ လုံးထွေးနေကြရပါတယ်။ အခုခေတ်မှာ နိုင်ငံခြားသားတွေကိုတောင် ငှားရမ်းခိုင်းနေကြတဲ့ လုပ်ငန်းရှင် လူငယ်တွေ အများကြီး ရှိနေကြသလို ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဂလေရိုက်နေတဲ့ လူငယ်တွေကို တွေ့နေရတယ်။ သူတို့ကို ဆန်းစစ်ကြည့်တဲ့အခါ အလုပ်မရှိတာထက် အလုပ်လုပ်ချင်တဲ့စိတ် မရှိတာပါ။ တချို့ကလည်း သူတို့နဲ့ သင်တော်တဲ့ အလုပ်မရှိတာလို့ ဆိုပါတယ်။ အကြံပေးချင်တာက အလုပ်ကို မရွေးပဲ အတွေ့အကြုံရယ်လို့သတ်မှတ်ပြီး လုပ်ကြည့်လိုက်ပါ။ တချို့ လူငယ်လေးတွေရဲ့ ပါစပ်ဖျားက ပြောနေကြစကားက ငါမိဘက ကျွေးထားလိမ့်မယ် တဲ့။ အဲ့လို အိမ်ထောင်ကျပြီးသည်အထိ မိဘလုပ်စာ ထိုင်စားနေတဲ့ လူတွေလည်း လက်တွေ့မှာ တပုံကြီးပါ။ အဲ့ဒါနဲ့ ဆက်စပ်ပြီး ပုံပြင်တပုဒ်ရှိတယ်။ တခါက လယ်သမားကြီးတစ်ယောက်ဟာ လယ်လုပ်ငန်းတွေ အောင်မြင်တာနဲ့ ချမ်းသာလာတယ်။ သူလည်း တခြားသူဌေးတွေလို ကားဝယ်စီးသတဲ့။ ကားကြီးနဲ့ မြို့ထဲကို လျှောက်သွားတဲ့အခါ လူတွေက ၀ိုင်းကြည့်ကြသတဲ့။ ဒါပေမဲ့ ထူးဆန်းတာက သူရဲ့ ကားက ဘယ်အရာကိုမျှ တိုက်မိခြင်း မရှိပါဘူး။ လူတွေ ရယ်နေကြတာက .......။ အမှန်တကယ်တော့ လယ်သမားကြီးက ကားမမောင်းတတ်ဘဲ ကားကို မြင်းနှစ်ကောင်နဲ့ ဆွဲသွားတာပါ။ မြင်းတွေ မောပန်းတဲ့အခါ လိုရာခရီးရောက်ဖို့ ဘယ်လိုသွားမလဲ ဆိုတာကို မစဉ်းစားထားတဲ့ လယ်သမားကြီးပါ။ ကားရဲ့ ပင်ကိုစွမ်းအားကို မသုံးဘဲ ပြင်ပ မြင်းတွေရဲ့ အကူအညီကိုပဲ အားကိုးတဲ့ လယ်သမားကြီးပါလား...............
ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လိုက်ပါ
့
ရင်ဖွင့်လိုက်ပါ။ သင့်မှာ မွန်းကျပ်မှုတွေ ခံစားနေရရင် အကောင်းဆုံးသော နည်းမှာ ကိုယ်ကိုကိုယ် မညာတိုင်း ရင်ဖွင့်လိုက်ပါ။ အဲဒါ အကောင်းဆုံး ဆေးတစ်ခွက်ပဲ ဖြစ်လိမ့်မယ်။ မြိုသိပ်ထားတာဟာ နာကျင်မှုကို မွေးယူထားသလိုဘဲ။ နောက်ပြီး ကိုယ်က ရှေ့ဘာဖြစ်မယ်ဆိုတာကို ကြိုတင်သိမယ်ဆိုရင် သက်ဆိုင်သူကို ပြောပြလိုက်ပါ။ မျိုသိပ်မထားပါနဲ့။ အဲဒါ သူကို ကူညီတာတမျိုးပါပဲ။ ဖြစ်လာပြီးမှ အားပေးတာထက် မဖြစ်ခင် ကြိုတင် သတိပေးနိုင်တာ ပိုကောင်းလိမ့်မယ်ထင်တယ်နော်......
အဲဒါကြောင့် နှုတ်ဆိတ်နေတာ လောကကြီးမှာ အပင်ပန်းဆုံးပါပဲ။
I'm tired of both the words and the silence। And that has put me on a quest
ရင်ဖွင့်လိုက်ပါ။ သင့်မှာ မွန်းကျပ်မှုတွေ ခံစားနေရရင် အကောင်းဆုံးသော နည်းမှာ ကိုယ်ကိုကိုယ် မညာတိုင်း ရင်ဖွင့်လိုက်ပါ။ အဲဒါ အကောင်းဆုံး ဆေးတစ်ခွက်ပဲ ဖြစ်လိမ့်မယ်။ မြိုသိပ်ထားတာဟာ နာကျင်မှုကို မွေးယူထားသလိုဘဲ။ နောက်ပြီး ကိုယ်က ရှေ့ဘာဖြစ်မယ်ဆိုတာကို ကြိုတင်သိမယ်ဆိုရင် သက်ဆိုင်သူကို ပြောပြလိုက်ပါ။ မျိုသိပ်မထားပါနဲ့။ အဲဒါ သူကို ကူညီတာတမျိုးပါပဲ။ ဖြစ်လာပြီးမှ အားပေးတာထက် မဖြစ်ခင် ကြိုတင် သတိပေးနိုင်တာ ပိုကောင်းလိမ့်မယ်ထင်တယ်နော်......
အဲဒါကြောင့် နှုတ်ဆိတ်နေတာ လောကကြီးမှာ အပင်ပန်းဆုံးပါပဲ။
I'm tired of both the words and the silence। And that has put me on a quest
Subscribe to:
Posts (Atom)