
လူပြည်က လူတစ်ယောက်သည် ဖန်ဆင်းရှင်ဆီကို လာပါတယ်။ မကျေမနပ်ဖြစ်နေတဲ့ပုံစံနဲ့ ဖန်ဆင်းရှင်ကို
လူ။ “မတရားဘူးဗျာ......လုံးဝမတရားဘူး”
ဖန်ဆင်းရှင်။ “ဘာဖြစ်လို့လဲကွာ ”
လူ။ “ကျွန်တော်ကို ဖန်ဆင်းတုန်းက ပြည်စုံအောင် ဘာလို့တခါတည်း မဖန်ဆင်းရတာလဲ၊ အခုတော့ ကျုပ်မှာ လိုအပ်ချက်တွေ အမြဲတမ်း ကြုံနေရတာပေါ့ ”
ဖန်ဆင်းရှင်။ “စေတနာနဲ့ပါကွာ”
လူ။ “ဘာလို.........”
ဖန်ဆင်းရှင်။ “ လောကမှာအောင်မြင်မှုဆိုတာ အခက်အခဲတွေ၊ မပြည့်စုံခြင်းတွေကို ကျော်ဖြတ်ပြီးမှ ရလာတာကွ။ အဲဒါမှ အဲ့ဒီအောင်မြင်မှုကို တန်ဖိုးထားတတ်ကြမယ်။ဒါကြောင့် အောင်မြင်မှုဆိုတာရှိဖို့ မပြည့်စုံခြင်းတွေကို ဖန်တီးပေးထားရတာပေါ့ကွ........”
(အိပ်ယာဝင် ပုံပြင်လေးတစ်ပုဒ် ဖြစ်သော်လည်း အားဆေးလေးတစ်ခွက်တော့ ဖြစ်ကောင်းပါရဲ့)
4 comments:
လူ့ဘဝဆိုတာကလည်းသူတို့ပေးမှာရတာလေ ဖန်ဆင်းရှင်က ကိုယ်ကိုတိုင်ဖြစ်ရင်တော့ကောင်းတာပေါ့နော်။ အမှန်တစ်ကယ်တော့လည်း လောကမှာအောင်မြင်မှုဆိုတာရှိဖို့ရာ အခက်အခဲတွေကိုကျော်လွားရအုံးမှာပေါ့နော်။ ရေးတာကတော့မဆိုးပါဘူး စိတ်ကူးကောင်းပါတယ်။ ကျွန်တော်သာ ဖန်ဆင်းရှင်ဆိုရင်တော့လူသားတွေကို အကောင်းပဲပေးမှာဗျာ။
for this, life was struggle for many people...
no matter what happens, just trying to solve the problems of life...
အစကတော့ ဝေဖန်ဦးမလို့ပါပဲဗျာ…ဒါပေမယ့် ဘာသာရေးတွေထိခိုက်ကုန်မှာ
စိုးလို့ မဝေဖန်တော့ပါဘူး….မယုံရင်ပုံပြင်လို့ မှတ်ရမယ်ဆိုရင်တော့
ကောင်းတဲ့ အိပ်ယာဝင်ပုံပြင်လေးပါပဲ….ပုံပြင်ဆိုတာ က မဟုတ်တာကို
အဟုတ်လုပ်ပြောတာကိုးနော့…..အားပေးပါတယ်ဗျာ …ရွှင်လန်းချမ်းမြေ့ပါစေ….
ကောင်းလိုက်တဲ့ ပုံပြင်လေးဗျာ
Post a Comment