Thursday, June 19, 2008

What is "Love"........., Have You Seen it??????


ပန်ချီပြခန်း တစ်ခုတွင် “ အချစ် ” ဟူသော ခေါင်းစဉ်အောက်၌ ပန်းချီပွဲလေးတစ်ခုကို ကျင်းပခဲ့ပါသည်။ အချစ်ကို ပုံဖော်ထားသော ပန်းချီကားပေါင်း များစွာ။ တချို့ကလည်း လွမ်းဆွတ်ဖွယ်၊ တချို့ကလည်း ကြည်နူးဖွယ်.......စုံလို့ပါ။ ထူးခြားတာ တစ်ခုက ပန်ချီကား တစ်ချပ်ဟာ ကင်းဗတ်စ အဖြူကို ရွှေရောင် ဘောင်ကွပ်ထား၍သာ ပြသထားသည်။ အောက်က စာတန်းကလည်း ရောင်းရန် မဟုတ်ပါတဲ့။ စိတ်ဝင်စားစရာ ကောင်းရာ ရေးဆွဲသူ ပန်ချီဆရာဟု ထင်ရသော ပန်းချီကားပိုင်ရှင်ထံ ဘာမှ ဆွဲထားခြင်းမရှိဘဲ ဘာကြောင့် လာရောက်ပြသလဲဟု မေးမြန်းကြည့်ရာ

ကျွန်တော် အချစ်ဆိုတဲ့ အရာကို ဘယ်လို ပုံဖော်ရမလဲလို့ စဉ်းစားလိုက်တာ၊ နောက်ဆုံး ပြပွဲ ဖွင့်ရက် ရောက်တဲ့အထိ စဉ်းစားမရတာနဲ့ ဒီအတိုင်း ထားလိုက်တာ၊ အခု အချိန်ထိ ကျွန်တော် စဉ်းစားဆဲပါ......

5 comments:

ရာမညဖိုးလပြည့် said...

ဟုတ်တယ်ဗျာ ....
အချစ်က ပုံဖော်လို့မရဘူး ။ပြီးတော့ ဘာကြောင့်ချစ်သွားမှန်းကို မသိလိုက်တာ ။
ပြီးတော့ တစ်ခုရှိသေးတယ် .. အချစ်က ကြိုတင်ဖန်တီးလို့မရဘူး ..
ဝင်လာတဲ့နေရာက ၀င်လာတတ်တယ် ။
မမျှော်လင့်တဲ့ နေရာကနေ ရောက်ရှိလာတတ်တယ် ။
(မှတ်ချက်။ ။ ကျွန်တော့်အမြင်ကိုပြောတာနော်)

ကိုတိုး said...

အချစ်ဆိုတဲ့အရာကိုတော့ ပုံဖော်လို့မရပါဘူး။ ဒါပေမဲ့ အချစ်နဲ့တွေ့တဲ့ခံစားချက်လေးကိုတော့ ခံစားချင်တယ် အချစ်မှာမျက်စီမရှိဘူးလို့ အားလုံးကပြောတယ် ကျွန်တော်လည်းလက်ခံပါတယ်။ အချစ်ဆိုတဲ့အရာကို ပုံဖော်ပြနိုင်သူများရှိရင် ပြကျပါလို့တောင်းဆိုချင်ပါတယ်။ (ကျွန်တော်သိချင်တာကို ပြောတာနော်)

ကိုသက်နောင်(phoeniz) said...

ကိုပူးရဲ့ အမြင်ပေါ့ဗျာ....
အချစ်ကိုပုံဖော်ဖို့  ပန်းချီတစ်ချပ်ကို မဖြစ်မနေ ဆွဲပါဆိုရင် ရောင်စုံပန်းချီ တစ်ချပ်ကို ဆွဲမိလိမ့်မယ် ။
ဖြူစင်သန့်ရှင်းတဲ့ -အဖြူ
ချစ်မြတ်နိုးမှု -ပန်းရောင်၊အပြာနု
အလွမ်း- ခရမ်း
ရဲရင့်မှု - အနီ
မိုက်မဲတတ်တဲ့ -အနက်
မနာလိုမှု-အ၀ါ
အဲဒီအရောင်တွေပေါင်းပြီးအသဲပုံလေးတစ်ပုံ ဆွဲမယ်...
[ ကမ္ဘာကျော်သွားနိုင်တယ်နော်..... :) ]

Unknown said...

အရမ်းကောင်းတဲ့ ပန်းချီဆရာရဲ့ တင်ပြပုံလေးကိုရော
အဲဒီအတွေးလေးကိုရော သဘောကျမိပါတယ်...
အချစ်ဆိုတာကို ရှု့ထောင့်ပေါင်းစုံက တင်ပြပေမယ့်လည်း...ကျွန်တော်ကတော့ အချစ်ဆိုတာ ချစ်နေရရုံတစ်ခုနဲ့ ကျေနပ်ခဲ့ဖူးပါတယ်...

ကိုစွမ်း said...

သိပ်မှန်တာပေါ့။။။ အချစ်ဆိုတာ ပုံဖော်ပြလို့ ရတဲ့ အရာ
တစ်ခုမှ မဟုတ်ပဲ