Monday, August 4, 2008

Tree and Human Beings


Draw Your Own Picture
အခြေခိုင်သော သစ်ပင်ဖြစ်လင့်ကစား မိုးသက်လေပြင်းတို့၏ ဒဏ်ကို မရှောင်မလွဲခံရပေမည်။ထိုအခါတွင် သစ်ရွက်တို့သည် ကြွေကျသည်လည်း ရှိသည်။ ပြန်လည် စိမ်းစိုသည်လည်း ရှိသည်။
မိုးသက်လေပြင်းများပြီးသည့်နောက်တွင် နေသာသောနေ့သို့လည်း ရောက်သွားနိုင်သည်။ နေ၏အပူရှိန်သည် နွေးထွေးမှုကို ပေးသော်လည်း တခါတရံ ပူပြင်း၏။
ထိုအတူ လူသားတို့တွင်လည်း ဒုက္ခမုန်တိုင်း၊ အဆင်မပြေမှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရပေဦးမည်။ ဤဒုက္ခများ၊ အခက်အခဲများကြောင့် လဲကျသွားနိုင်သလို တိုးတက်ပြောင်းလဲမှုများလည်း ရှိတတ်ပေသည်။ နေသာသောနေ့ကဲ့သို့ အဆင်ပြေမှုများနှင့်ကြုံတွေ့ရသောအခြေအနေများတွင် ထိုအဆင်ပြေမှုများသည် တခါတရံ မိမိဘ၀ကို ပူလောင်စေနိုင်ပါသည်။

4 comments:

MGLUAYE said...

နေပူပူ မိုးရွာရွာ လောကဓံကို ကြံ့ကြံ့ခံရင်း အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းသွား ခြင်းသည်သာ ဘ၀ရဲ့ အနှစ်သာရ ပေမို့ ကြိုးစားကြပါစို့လား .....

:)

Anonymous said...

နေပူပူ မိုးရွာရွာ ဘဝဆိုတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင် ကို ရောက်အောင် ကြိုးစား သွားမှာပါ။ ဒါတွေဟာ လူ့ဘဝမှာ အမြဲတမ်းတွေ့ကြုံနေရတာတွေကို ကျော်လွားနိုင်တဲ့သူက အောင်မြင်မှုရမှာသေချာတယ်။
အောင်မြင်သောဘဝကို ရရှိအောင်ကြိုးစားပါ.......

အညာသား said...

အနှစ်သာရရှိတဲ့ ပို့စ်တစ်ခုပါပဲ ခင်ဗျာ။

ကိုစွမ်း said...

စိတ်ကူး စိတ်သန်း၊ အတွေးအမြင်လေး ကောင်းသလို ပုံ
လေးနဲ့ ဖော်ကျူးထားတာလေးကိုလည်း နှစ်သက်မိပါတယ် ခင်ဗျာ