Tuesday, November 25, 2008

Advertising and Ethics

ကြော်ငြာတစ်ခု လုပ်မယ်ဆိုရင် ..........
အခု ပို့စ်မှာတော့ Advertising နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ၂၀၀၀ခုနစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ကြော်ငြာတွေအရမ်းကို ခေတ်စားလာပါတယ်။ ဖြစ်သင့်ပါတယ်လေ။ အခုနောက်ပိုင်းမှာ ကိုယ့်ကုန်စည် သူ့ကုန်စည် အပြိုင်အဆိုင်ဖြစ်နေတာကို........။ market ထဲမှာ ကိုယ့် ကုန်စည် နေရာ တစ်ခု ရရေး၊ ပေါ်လွင်နေရေးအတွက်လည်း နည်းဗျူဟာ အမျိုးမျိုးကို သုံးနေပါတယ်။ market share အရင်ရဖို့ ၀ယ်သူကို အရင် ဆွဲခေါ်နေရပါတယ်။ ပြီးတော့ ဒီဝယ်သူတွေ ကျမသွားအောင် သူများဘက်မလှည့်သွားအောင် ဆက်ထိန်းထားဖို့ နည်းဗျူဟာတွေ ဆက်သုံးရပါတယ်။ နောက်ထပ် ၀ယ်သူထပ်ဖို့ လုံးပမ်းရပါသေးတယ်။ ဒါကြောင့် marketing ဆိုတာ အရမ်းတွင်ကျယ်လာခဲ့ပါပြီ။ လုပ်ငန်းတိုင်း marketing ကို ငွေပမာဏအတော်များများထည့်ပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နေပါပြီ။ ဒီထဲမှာလည်း ကြေငြာကဏ္ဍက အရမ်း အရေးပါပြီး တွင်ကျယ်လာပါတယ်။ မိမိကုန်စည်ကို လူသိအောင်၊ ကိုယ်ဘာတွေထုတ်နေလဲ ၊ စားသုံးသူလိုအပ်ချက်ကို ဘယ်လို ဖြည့် ဆည်းနေလဲဆိုတာကို communicate လုပ်ပေးပါတယ်။
ဈေးကွက်စီးပွားရေးစနစ်မှာ marketing definition အခြေခံက to satisfy customer's needs and want ပါ။ ဘာပဲ ထုတ်ထုတ် ၀ယ်သူကျေနပ်စေရပါမယ်။ ကိုယ်လုပ်ငန်းလည်း အမြတ်လည်း ကျန်စေပေါ့။ ၀ယ်သူဟာ ဦးစားပေးပေါ့။
ဒါပေမယ့် ယနေ့ တီဗွီကြော်ငြာ်တွေမှာ ကိုယ့်ကုန်စည်ကို ပေါ်လွင်စေရေးကို ရှေးရှုပြီး ကျင့်ဝတ်တွေ ကို ဖောက်ဖျက်နေတာကို တွေ့ရပါတယ်။ မိမိကုန်စည်ရဲ့ အားသာချက်ကို ပြဆိုနိုင်ပြီး ၀ယ်သူရရှိဖို့ ကြံဆောင်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒီလို information ကို ပေးပုံပေးနည်းက သူများ ကုန်စည်ကို မကောင်းပြောသွားပြီး ကြေငြာသွားတာတွေ တွေ့ရပါတယ်။ ဒီထက်ပိုဆိုးတာက ၀ယ်သူကို စော်ကားမှုတွေပါ ပါလာတာကို တွေ့ရပါတယ် ။ကြော်ငြာတစ်ခုမှာဆိုရင် ` ...........ပျော့ပျော့သောက်ချင်ရင် ရေသောက်ပါ..........´ ဆိုတာမျိုးပါ။ သူ့ကုန်စည်မကောင်းပြောတဲ့သူကို ပြန်စော်ကားရာ ရောက်နေပါတယ်။ `နောက် ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကို ကုန်စည်ကို မသိတဲ့အတွက် ` ပိန်းတာကွာ ´ `ဒါသုံး (ခေါင်းကို လက်ညှိုး ဖြင့် ခေါက်၍ ) ´ ဆိုတာမျိုးတွေပါ။ ကိုယ့် ကုန်စည်ရဲ့ နမည်ကတော့ ကျန်သွားပါတယ်။ဒါပေမယ့် ၀ယ်သူ ၊ လူထုဆိုရင် ပိုမှန်ပါမယ် social cost တွေများလာပါတယ်။ တနည်းအားဖြင့် ကလေးငယ်တွေ စကားပြောတွေ ရိုင်းလာပါတယ်။ နောက်ကြော်ငြာတစ်ခုကတော့ ဓါတုဗေဒ ပစ္စည်းတစ်ခုကို စားသုံးကုန်အနေနဲ့ ရောကြော်ငြာသွားတာ။ ဆပ်ပြာကို နို့ဖျော်ပြီး ကြော်ငြာသွားတာ။ ဒါကလည်း ကလေးငယ်တွေကို မှားယွင်းတဲ့မှတ်သားမှုကို ဖြစ်စေပါတယ်။
ဒါကြောင့် ကြော်ငြာလုပ်တော့မယ်ဆိုရင် အများကြီး ၊ အဝေးဆုံးထိ မျှော်တွေးစေချင်ပါတယ်။ မိမိ ကြော်ငြာ ပေါ်လွင်ထိုးဖောက်ရေးအတွက်သာမက social ကိုလည်း ကြည့်သင့်ပါတယ်။ ကျင့်ဝတ်ကိုလည်း မချိုးဖောက်ပဲ ကြော်ငြာသွားတယ်ဆိုရင် အကောင်းဆုံးပေါ့ရှင်။

5 comments:

thihanyein said...

စီးပွားရေးလောကမှာ ကျင်လယ်မယ်ဆိုရင် ကိုယ်ကျင့်တရားအတိုင်း နေထိုင်ပြီး လုပ်ဆောင်တဲ့သူတွေက
အောင်မြင်နိုင်သလား **ဒါဆိုရင်စီးပွားရေးအောင်
မြင်အောင်ဘယ်လိုလုပ်ရမလဲ**နောက်တစ်ချက်က
ခုခေတ်မှာ ထိပ်ဆုံးရောက်ကြီးပွားနေတဲ့သူတွေဟာ
လုပ်ဆောင်ခဲ့တဲ့လုပ်ဆောင်ချက်တွေက ကိုယ်ကျင့်တရား
အရမှန်တယ်လို့ မြင်ပါသလား**ကျနော်စီးပွားရေးလုပ်ရင်
မဖူးဖူးဆီမှာ လာပြီးဆွေးနွေးချင်သေးတယ်ခင်ဗျာ**
ကောင်းတဲ့ပို့စ်လေးကိုဖတ်ရတာ ၀မ်းသာမိတယ်ဗျာ**

Unknown said...

မြန်မာပြည်က TV လိုင်းတွေ မကြည့်ရတာကြာလို့ ဘယ်ပစ္စည်းတွေကို ဘယ်လို ပုံစံ တွေနဲ့ ကြော်ငြာနေတယ်တောင် မသိတော့ဘူး

Welcome said...

သယ်ချင်း
လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေဟာ
စာအုပ်စာစောင် ထုတ်ဝေရေးနဲ့ အသံလွှင့်လုပ်ငန်းတို့ကို ရေရှည်အသက်ဆက် နိုင်အောင် အထောက်ကူပြုနေတာ ဖြစ်ပေမယ့် စားသုံးသူတွေဖြစ်တဲ့ ပြည်သူတွေအပေါ်ကိုတော့ စော်ကားသလိုမျိုး မပြုမူသင့်ဘူးလို့ ထင်ပါတယ်။
တော်သေးတယ် မီးသိပ်မလာလို့ တီဗွီမကြည့် ဖြစ်တာ (၂)နှစ်လောက်ရှိပြီ၊ ပို့စ်ကောင်းလေးကို
အားပေးလျက်ပါ။
Http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

တန်ဖိုးရှိတယ်ဗျာ
ပိုစ့်က။
ကျေးဇူးတင်ပါတယ်။

Dream said...

အစ်မရေ.. ပို့စ်လေးက မှတ်သားစရာ လေးပါ..
မက်မက်တို့လို မာကတ်တင်း သမားတွေ သိထားရမယ့်
အချက်တွေ ပါတယ်နော်.. အခုလိုသင်ပြ ပေးတာ ကျေးဇူးနော် အစ်မ

:) :)