Wednesday, December 30, 2009

BYE MY 2009, HOPE FOR 2010


ချစ်သူငယ်ချင်းတို့၏ ညင်းဆဲမှုကြောင့် ဒီပို့စ်လေးကို ဖျစ်ညစ်ထုတ်ပြီး ရေးလိုက်ပါတယ်.....( တချို့သော အရာတွေတော့ သိတော့ဘူး.......)





ဇန်န၀ါရီလ...... မှတ်မှတ်ရရ ရှိတာ ၂၀၀၉ နှစ်စ ဇန်န၀ါရီလမှာတော့ ကျွန်မ အလိမ်ခံခဲ့ရပါတယ် ။ မှတ်မှတ်ရရ ပိုက်ဆံ ၂၀၀၀ အလှူပြုခဲ့ရပါတယ်..... :P၊ နောက်ပြီး ကျောင်းမှာ ပါလေရာ ဖြစ်တဲ့ ကျွန်မ ကျောင်းက fresher welcome ပွဲအတွက် အလုပ်အတော်ရှုပ်ခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ...... မွေးလလည်း ဖြစ်လို့ ဖေဖော်ဝါရီလ တလျှောက်လုံး ကောင်းမှုတွေ ပြုခဲ့တယ်လို့ ထင်ပါရဲ့။ ဒီလလည်း Mid term test တွေ စစ်နေရတာကြောင့် အမှတ်စစ်တဲ့ ကိစ္စ နဲ့ လုံးလည် ပတ်ချာရိုက်ခဲ့တယ်။ ဒီလမှာတော့ နယ်မှာနေတဲ့မိဘတွေ ရန်ကုန်ကို အပြီးပြောင်းလာတာကြောင့် မိသားစုအရေး လုံးပန်းနေရတော့တာပါပဲ။ (အဲ့လမှာ ဖူးပွင့် slim body ဖြစ်သွားတယ် ဟိဟိ)

မတ်လ ....... ဒီလကိုတော့ တော်တော် စိတ်ပင်ပန်းလူပင်ပန်း ဖြစ်တဲ့လပါ။ မေလကို ဖောင်ကြီးတက်ရမယ်ဆိုတဲ့ သတင်းလည်း ကြားရတယ် ။ စာမေးပွဲ ကျင်းပတဲ့လလည်း ဖြစ်တာကြောင့် အချိန်တွေ ဘယ်လို ကုန်သွားမှန်းကို မသိလိုက်တာပါ။
ဧပရယ် ........ ဒီလကတော့ ရုံးပိတ်ရက်ရှည်ကြီးတွေကြောင့် ကျွန်မ ချစ်သော သူများနှင့် အကြာကြီးခွဲခွာနေရတာ ..... ဧပရယ်လကို ကျွန်မ မကြိုက်ဘူး၊ သူများတွေ ပျော်တာတွေကို ထိုင်ကြည့်နေရတဲ့လကြီး.......
မေလ ....... ကျွန်မ မျက်နှာ ဇီးရွက်လောက်နဲ့ ဖောင်ကြီးသင်တန်းသွားခဲ့ရတဲ့လပါ။ အဲ့မှာ ကျွန်မ ဘ၀မှာ မတွေ့ကြုံတာတွေ တွေ့ရတော့တာပါပဲ။ စစချင်း ငချိတ်ထမင်းကို စမြင်ဖူးခြင်းပါပဲ။ ဘဲလည်းချောင်းရိုးနဲ့ ငါးကြော်ကို နေ့တိုင်း မိတ်ဖွဲ့ရတော့တာ ( အိုင်မြင်ရင်တော့ ရေကူးချင်စိတ်တောင် ပေါက်တယ် )။ ဒါပေမယ့် ကျွန်မ အရမ်းပျော်သွားခဲ့ပါတယ်။ ကျွန်မရဲ့ အရမ်း Senior ကျတဲ့ ကထိကတွေနဲ့ အတူတက်ရပေမယ့် သူငယ်ချင်းတွေလို အရမ်းခင်သွားတယ်။ ဖောင်ကြီးမှာ ကျွန်မရဲ့ ဘော်ဘော် (အချစ်ဆုံးမမ) နှစ်ယောက်ရခဲ့တယ်လေ။ ရန်ကုန်တက္ကသိုလ်က မမနန်း (သူက physic ကပါ သူဆီမှာ ဘွဲ့ထူး ဂုဏ်ထူးးတွေ အများကြီးပိုင်ဆိုင်ထားပေမယ့် ကျွန်မလို ပေါက်စကို တကယ့် ဘော်ဘော်လို ခင်တာပါ) နောက် မမငယ် သူကတော့ ကျွန်မနဲ့ ပေါဖော်ပေါဖက် ( မမငယ် ကန်တော့နော်) ။ ညဘက် မမငယ်နဲ့ ကင်းစောင့်တဲ့ည ကျွန်မတို့နှစ်ယောက် တကယ်ပဲ ကင်းနှစ်ကောင် ဖမ်းမိပါတယ်)၊ ဒီလ နောက်ဆုံးရက်မှာတော့ outpast ရခဲ့ပါတယ်။ out past က ပြန်လာတဲ့နေ့ကတော့ မဖြစ်ဖူးတာတွေ ဖြစ်လာတာပါ။ ကျွန်မတို့ စီးလာတဲ့ ယာဉ်တန်းမှာ ကျွန်မ လိုက်ပါလာတဲ့ ကား accident ဖြစ်တာပါပဲ။ ကားက ဘရိတ်ပေါက်သွားပြီး လမ်းဘေး သစ်ပင်ကို ၀င်အောင်းတာ။ အဲ့မြင်ကွင်းက အမှတ်တရပါပဲ။ဘုရားတရားမလို့ ကျွန်မ ဘာမှ မဖြစ်ခဲ့ပါဘူး။
ဇွန်လ ...... ဖောင်ကြီးမှာပဲ ရှိပါသေးတယ် ။ Trip ထွက်ခဲ့တဲ့အချိန် အရမ်းပျော်မိပါတယ်။ တိုင်းရင်းသားကျေးရွာမှာ ကျွန်မတို့အုပ်စု သူများလည်တိုင်း မလည်နိုင်ပဲ ၊ မုန့်ဆိုင်ကို သည်းကြီးမဲကြီး လိုက်ရှာတာ .....( အစားအသောက်က အရေးကြီးဆုံးလေ)။ဒီလက ကျွန်မ အပျော်ဆုံးလပါ။( ဘာကြောင့် ပျော်လဲ ပြောပြဘူး)
ဇူလိုင် ...... ဒီလက ကျွန်မအတွက် loading month ပါ။ သင်တန်းတက်ခဲ့တုန်းက မလုပ်လိုက်ရတဲ့အလုပ်တွေ ပြန်လုပ်ပေးလိုက်ပါတယ်။
သြဂုတ်၊စက်တင်ဘာ၊အောက်တိုဘာ ..... ဒီလတွေကတော့ အဆညမှာ selection သုံးလ ၀င်ရပါတယ်။ တက္ကသိုလ်အသီးသီးက ဆရာ/မတွေ အများကြီးနဲ့ ခင်ခွင့်ရပါတယ်။ ထူးထူးခြားခြား ဖြစ်စဉ်မရှိပါဘူး။
နိုဝင်ဘာ ..... ဒီလမှာတော့ ကျွန်မ မြောက်ကြွမြောက်ကြွ ဖြစ်လာတဲ့လပါ။ ကျောင်းမှာ နဂိုက အငယ်ဆုံးဆိုတဲ့ ရာထူးလေးကို စွန့်လွှတ်ပြီး senior မမ အဖြစ်ပါဝင်ခွင့်ရတော့တယ်။ ထူးထူးခြားခြား ရှိသေးတယ် သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ရတယ် ( အကြောင်းကတော့ သူယောက်ျားယူလို့ပါ)
ဒီဇင်ဘာ ..... စိတ်ပင်ပန်း လူပင်ပန်းရှိတဲ့လ။ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့လပါ။ ပထမဆုံး scholar စာမေးပွဲ ၀င်ဖြေပြီး အောင်မြင်ပေမယ့်လည်း ခုထိ အောင်စာရင်း တရားဝင် ထွက်မပေးတဲ့အတွက် ဆန့်ငန်ကြီး ဖြစ်နေပါတယ်။
ကျွန်မက dual work ဖြစ်နေတဲ့အတွက် ကျွန်မမှာ အလုပ်ခွင် ပတ်ဝန်းကျင်နစ်ခု ရှိနေပါတယ်။ teaching ရယ် research ရယ်ပါ။ နှစ်ခုစလုံးက လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မအပေါ် အရမ်းကောင်းပါတယ်။ researchက မမတွေ ကိုကိုတွေဆို သူတို့ရဲ့ ချစ်ခင်မှုတွေက ဘယ်အလုပ်ခွင်မှာမှ ရှာမယ်ဆို မတွေ့နိုင်ပါဘူး။ ကျွန်မ အားကျဆုံးက မမနိုင်ပါပဲ၊ သူက အရမ်းတော်ပါတယ်။ မမကေရဲ့ styleကို အကြိုက်ဆုံးပဲ။ အမြဲတမ်း အပျော်ဆုံးလူသား ဖြစ်နေတာ။ ယဉ်မင်းကို ကျွန်မ အချစ်ဆုံး။ နှိပ်စက်လို့ အကောင်းဆုံးက ကျွန်မ ဘော်ဘော်အရင်ကြီး AAAလေ။
ကျောင်းမှာတော့ ကျွန်မ အချစ်ဆုံးကတော့ မလင်းပါ။ ကျွန်မကို ညီမလေးတစ်ယောက်လို စောင့်ရှောက်တဲ့မမပါ။ ကျွန်မ ချစ်ဆုံး ပါမောက္ခကတော့ တီချယ် နွဲ့။
နောက် အချစ်ဆုံးရှိသေးတယ် သိလား .........
( comment တွေ များအောင် ပဟေဠိ ထည့်လိုက်တယ်)


6 comments:

Hnin said...

ဖူးပွင့်ရေ...
အဲဒီသူကို အမသိတယ်..
:)

cherry said...

ငါသိနေတယ်နော်။ အဲဒီ့လူက ယောင်္ကျားလေးမှတ်လား။ ဟဟဟ။ ငါမဖွချင်လို့နော်။ ပွအောင်ဖွလိုက်ရမလား။ မုန့်ကျွေးမလားပြော။

ဖူးဖူး said...

ဟဟဟ....
သေချာမှန်းနော် ( သိပ်ခေါင်းစားမခံနဲ့ ယဉ်မင်း )

phyusinthu said...

ငါသိတယ်ဟေ့---------
ခေါင်းစားခံစရာမလိုပါ------
ငါသိထားတာတွေအများကြီးပဲနော်------------
မုန့်ဝယ်မကျွေးရင်
ငါ့ဘလော့မှာဖွပစ်လိုက်မယ်-----ဒန်တန့်ဒန်

လင်းကြယ်ဖြူ said...

နှစ်သစ်လေးမှ စလို့
နောင်ကျန်ရှိနေသေးတဲ့ နှစ်ပေါင်းများစွာမှာ
ချမ်းမြေ့သာယာမှုတွေကို ပိုက်ထွေးရင်း
ချစ်ရသူများနဲ့ ချစ်ရသူနဲ့...
ပျော်ပါစေခင်ဗျာ
*.*.*

certain condition cube said...

ငါ tag လိုက်တာ အချိန်အရမ်း ကပ်နေပေမယ့် အချိန်မီရေးတင်ပေးတာ ကျေးဇူးတင်ပါတယ် ---

ပြောပြဘူးတွေ များနေတယ်နော် --- ပြောမှာလား --- ဘယ်လိုလဲ ---

ဘယ်လိုမှ မလဲဘူး --- Procare တော့ မလုပ်နဲ့။ နာတွားမယ် ---