Wednesday, April 2, 2008

ခွေးများဆီမှ သင်ယူစရာ

(၁) ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့။
(၂) ချစ်သူခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်လိုက်စမ်းပါ။
(၃) ကိုယ့်အတွက် သိပ်အကျိုးရှိမယ်ဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်အောင် ကျင့်ထားပါ။
(၄) ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေကြောင်း အသိပေးလိုက်ပါ။
(၅) ပြေးပါ၊ ခုန်ပါ၊ နေ့တိုင်းကစားပါ။
(၆) စားတဲ့အခါလည်း အားပါးတရနဲ့ မြိန်ရည်ယှက်ရည်စားလိုက်စမ်းပါ။
(၇) သစ္စာရှိပါ။
(၈) ဟန်မဆောင်ပါနဲ့။
(၉) ကိုယ်လိုချင်တာကို မြှပ်ထားရင် ဘယ်လေယက်နက်နက် ယက်ပြီး ဖော်ပါ။
(၁၀) တစ်ယောက်ယောက်စိတ်မချမ်းမသာဖြစ်ရင် တိတ်တိတ်လေးနေ၊ အနားမှာ ထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ။

1 comment:

ChIr0N said...

ခွေးတွေဆီက သင်ယူစရာတွေကလည်း အများသားပါလား။ ဒီပို့စ် အတွက် ကျေးဇူးပါ။ ကူးသွားပါတယ် ကြိုက်လို့။