Monday, April 7, 2008

လူငယ်ဆိုသည်မှာ think global , act local

(ဂျာနယ်တစ်စောင်တွင် ယနေ့ လူငယ်များနှင့် ပတ်သက်၍ အင်တာဗျူးမှ ကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။)
“ Zipi တွေ အာရှမှာ ပေါ်လာကြတယ်။ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတွေမှာ ပေါ်လာတယ်။ အဲ့ Zipi တွေ ရဲ့ ထူးခြားချက်က ကြည့်လိုက်ရင် အမေရိကန် ပုံစံပဲ။ ဒါပေမဲ့ သူတို့ မျိုးချစ်စိတ် အရင်မျိုးဆက်တွေနဲ့ မတူဘူး။ အရင်က ရန်လိုတယ်။ ကိုယ့် identity ကို ဖက်တွယ်တယ်။ သူများကို ကျတော့ အသုံးမကျဘူးလို့ မြင်တယ်။ အခု Zipi တွေကျက အနောက်နိုင်ငံက ပညာတွေကို ယူပြီး ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိလာတယ်။ အာရှမှာ အရင်က cultureက ရှေ့တန်းရောက်တယ်။ အခုလက်ရှိ အောက်ရောက်သွားတယ်။ ဒါကို Zipi တွေက သိတယ်။ တခြား နိုင်ငံတွေလို နိုင်ငံခြားကြောက် ရောဂါနဲ့ မတုံ့ပြန်ဘူး။ သူတို့လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်တယ် ဆိုတဲ့ မာန ရှိတယ်။ အနောက်နိုင်ငံတွေက ပညာရအောင် ယူမယ်။သူတို့ထက် သာအောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ပြောရရင် Globalization လို့ပြောရမယ်။ Global value ကို లోకల్ ဖြစ်အောင် လုပ်တာ Glocalization ပေါ့။ အဲ့ဒါ Zipi တွေရဲ့ထူးခြားချက်ပေါ့ ”