Wednesday, May 28, 2008

ကမ်းသောလက်နှင့် လှမ်းသောလက်

ဒီနေ့ ကျွန်မတို့နိုင်ငံမှာ လူငယ်တွေကို ပေါသလိုနဲ့ အတော်ပင်နည်းလာပါပြီ။ ဆိုလိုတာက လူုငယ်တွေဟာ စာရင်းအရတော့ အတော်များပါတယ်။ဒါပေမဲ့ တကယ်တမ်း အင်အားအဖြစ်ကတော့ ကျွန်မတို့နိုင်ငံမှာ တည်ရှိနေတာ အတော်နည်းပါတယ်။ နိုင်ငံခြားမှာ ပညာသွားသင်ကြတယ်။ ကောင်းပါတယ်။ ဒီမှာ မရှိသေးတဲ့ ပညာတွေသွားသင်ကြတာ ၀မ်းသာစရာပါ။ဝမ်းနည်းစရာကတော့ ဒီနိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်လျော့သွားတာပေါ့။ ဒီလိုမျိုး ဘာကြောင့် ဖြစ်သွားကြတာလဲဆိုတာ အရမ်းစိတ်ဝင်တားဖို့ကောင်းပါတယ်။ generation-X နှင့် generationYတို့ရဲ့ ပြောင်းလဲမှု သဘောထားဆိုတာ တွေ့ရှိရပါတယ်။ အခုလုပ်ငန်းခွင်တွေမှာ အတည်တကျဖြစ်နေတဲ့ generation-Xတွေရဲ့ ခံယူချက်နဲ့ ရည်ရွယ်ချက်တွေနဲ့ ပြေးဝင်လာတဲ့ generation-Yတို့၏ လိုအပ်ချက်တွေ ဟာ အရမ်းကို ဟသွားပါတယ်။ အရင်တုန်းက generation-X လက်ထက်တုန်းကပေါ့.........လုတွေဟာ အလုပ်လုပ်တယ်။ အလုပ်လုပ်ရတာ အဓိက money incentiveကြောင့်လို့ ဆိုရမယ်။နောက်သူတို့ရဲ့ စိတ်တွေက မိသားစုတစ်ခုကိုသာ ခင်တွယ်ပြီး လူ့အသိုင်းအ၀ိုင်းဆိုတာ မေ့နေကြတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတယ် ခေတ်တစ်ခေတ်ပေါ်ခဲ့တယ် ယူဆမိပါတယ်။ အခု generation-Yတွေဟာ ငွေကြေးထက် စိတ်ပျော်ရွှင်မှုကို ပိုဦးစားပေးလာကြပါပြီ။ စိတ်အနှောင်အဖွဲ့တွေကို တွန်းကန်လာကြပါပြီ။ လူ့အသိုင်းအ၀ိုင်းကို ပို၍ မက်လာကြပါပြီ။ ဒါတွေကို မသိတဲ့ generation-X ရဲ့ ကမ်းသောလက်ဟာ generation-Yလိုချင်တဲ့ လက်မဟုတ်တဲ့အတွက် ငြင်းပယ်ပြီး သူတို့ကို လှမ်းသောလက်ကိုသာ ဆုပ်ကိုင်ခဲ့ကြတာပါ။
generation-X born 1966-76
generation-Y born 1977-94

ဝန်ခံချက်- လာရောက်ဖတ်ရှုသူများကို အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံးသံသယကင်းစွာဖတ်ရှုနိုင်ပါတယ်။ ကျွန်မ မည်သည့်နိုင်ငံရေးကိုမှ မလုပ်ဘဲ စာဖတ်သူများအတွက်သာ သိသားတဲ့ တိုတိုထွာထွာများကို မျှဝေခြင်းသက်သက်သာဖြစ်ပါကြောင်း..............

4 comments:

အညာသား said...

ဗဟုသုတ တစ်ခုရလိုက်တယ်ဗျာ။ ကျေးဇူးပါ။
(၉၄ ခုနှစ် နောက်ပိုင်းကိုလဲ ရေးပေးပါအုံး.. ကျနော် အိမ်ထောင်ပြုတော့မှာမလို့.. :P )

စိုးထက် - Soe Htet ! said...

Gen ... X က လာလည်တာပါ ... အများစုကတော့ မှန်သလိုပဲ ... :)

Welcome said...

ငယ်တုန်းက လျှပ်စစ်မီးမရှိ၊ ကျူရှင်မရှိဘဲနဲ့ စာကို ကြိုးကြိုးစားစားနဲ့ သင်ယူခဲ့ရတာမို့ ပညာတန်ဖိုးကို နားလည်တယ်။
ခုခေတ်ကျတော့ ဘာမဆိုရနိုင်တယ်၊ မရနိုင်ရတောင် ငွေလမ်းခင်းပြီး လျှောက်နေကြတော့ ဘာမှ သိပ်အလေးထား၊ တန်ဖိုးထားကြတယ်မရှိပါဘူး။
ဒါကြောင့်
generation-X ရဲ့ ကမ်းသောလက်ဟာ generation-Yလိုချင်တဲ့ လက်မဟုတ်တဲ့အတွက် ငြင်းပယ်ပြီး သူတို့ကို လှမ်းသောလက်ကိုသာ ဆုပ်ကိုင်ခဲ့ကြတာဖြစ်မှာပါ။

Unknown said...

ဘယ်ပညာရေးမဆို အထိုက်သင့်တဲ့ ရင်းနှီးမူတွေဖြစ်တဲ့
ငွေကြေး၊အချိန်၊အင်အား တွေ စိုက်ထုတ်ခဲ့တဲ့အတွက်
ကမ်းသောလက်ဖြစ်ဖြစ် လှမ်းသောလက်ဖြစ်ဖြစ်
သင့်တင့်မျှတတဲ့ အကျိုးခံစားခွင့်ဆိုတာ ရှိသင့်တယ်
လို့ယူဆပါတယ် ...ငွေကြေးနဲ့ပညာဆိုတာ တိုက်ရိုက်
အချိုးမကျပေမဲ့ နှစ်ခုစလုံးကတော့ တခုနဲ့တခုဆက်နွယ်
ပတ်သက်မူကိုတော့ X နဲ့ Y ဟာ အပြန်အလှန်
အသိမှတ်ပြုဖို့ လိုအပ်မယ်ထင်ပါတယ် ...
ဖလှယ်ခွင့်ရှိတဲ့ဂုဏ်သတ္တိ ဖြစ်တဲ့ အသိ
အားလုံးမှာ ရှိတယ်သင့်တယ် ထင်ပါတယ် ....