တခါက...........
မြစ်နှင့် ကမ်းပါးတွေ ရန်ဖြစ်ကြပါတယ်။
မြစ်။ ။ တွေ့ကြရောပေါ့ကွာ
သူ့ရဲ့ လှိုင်းတွေနဲ့ ကမ်းပါးတွေကို ဖြိုဖျက်ပစ်ပါတယ်။ကမ်းပါးတွေက တအိအိပြိုကျလို့ ..................
မြစ် ။ ။ ဟား .........ဟား ငါ့ရဲ့ အစွမ်းကို တွေ့ပြီ မဟုတ်လားကွ ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ...
ကမ်းပါးတွေက ဘာမှ ပြန်မပြောပါဘူး။
အချိန်တန်တော့လည်း ပြိုကျသွားတဲ့ ကမ်းပါးတွေကပဲ သောင်တွေထွန်းပြီ မြစ်ကို ကောက်ကွေ့စေလိုက်ပါတယ်။
( ဖတ်ဖူးသော စာအုပ်လေးတစ်အုပ်မှ သဘောကျ၍ ထုတ်နုတ် ဖော်ပြထားခြင်း ဖြစ်သည် )
Tuesday, November 25, 2008
Friday, October 31, 2008
Youth' Time and Internet
၂၀၀၀ခုနှစ်နောက်ပိုင်းကစပြီး IT နည်းပညာတွေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာတယ်လို့ ဆိုရမယ်။ဒီလိုတိုးတက်မှုတွေကြောင့်လည်း လူငယ်တွေအတွက် IT နည်းပညာဆိုင်ရာ အခွင့်အလမ်းတွေ အများကြီးပေါ်လာပါတယ်။ အသိညဏ်တွေလည်း အများကြီး ပွင့်လင်းလို့လာပါတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံတကာနဲ့လည်း ယှဉ်ပြိုင်နိုင်မှုတွေမှာ စွမ်းရည်တိုးလားပါတယ်။ သတင်းအချက်အလက်နည်းပညာရရှိမှုတွေ၊ ဆက်သွယ်မှု တွေဟာ အရင်ကထက်ပိုမိုလွယ်ကူလားပါတယ်။ ဒါကိုလည်း လူငယ်အပြင်လူကြီးတွေကပါ လက်ခံလာ ကြပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ IT ကြောင့် ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေပါ၊ နိုင်ငံခြား အထူးသဖြင့် အနောက်နိုင်ငံတွေမှာတော့ IT ရဲ့ အကျိုးရလဒ်များကို စောစီးစွာ ခံစားခဲ့ပြီး ကောင်းစွာအသုံးချနိုင်ခဲ့ရာ အာကာသ၊ တခြားသော ဂြိုလ်ကမ္ဘာထိ ဦးစွာ အခြေချနိုင်ခဲ့သည်။နည်းပညာ အသစ်အဆန်းများကိုလည်း တီထွင်နိုင်ခဲ့ပြီး လူမှုဝန်းကျင် အကျိုးစီးပွားများကို ဖန်တီးစံစားနိုင်ခဲ့ပါပြီ။ အကျိုးလို့ဆိုပေမယ့် တချို့သောနယ်ပယ်တွေမှာ လွဲမှားစွာ အသုံးချမှုတွေလည်း ရှိပါတယ်။ အထူးသဖြင့် sex နဲ့ပတ်သက်ပြီး အသုံးပြုမှုတွေ တွေ့လာရပါတယ်။ ဒါကလည်း သူတို့ cultureအရ ဖြစ်နေတာတွေလည်း ပါပါတယ်။ လူမှုဝန်းကျင်ကလည်း ဒါကိုလည်း culture အရ လက်ခံကြပါတယ်။ နောက်ပြီး IT ရဲ့ဆိုးကျိုးတွေကိုလည်း ပြန်လည် ခုခံနိုင်ရန် ကြိုတင် အသိပေး၊ ပညာပေးထားကြပါတယ်။ ဒီဘယ်လိုတွေမှာ အသုံးပြုရင် ဘာတွေ ရနိုင်တယ်၊ အရွယ်မရောင်သေးတဲ့ လူငယ်တွေကလည်း တားမြစ်website တွေကြည့်လာရင် ဘယ်လိုတွေ လုပ်လာနိုင်တဲ့အတွက် အသိပညာတွေပေးထားကြပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးသောအချိန်ကာလကစပြီး IT ကို လွဲမှားစွာ အတုခိုး အသုံးပြုမှုတွေကြောင့် မြန်မာအမျိုးသမီးများရဲ့ အိနြေ္ဒသိက္ခာကျဆင်းလာမှုတွေ ဖြစ်လာပါတယ်။ လူတချို့၏ မိမိကိုယ်ကျိုးစီးပွားရှာမှု များကြောင့် မိန်းကလေးများ၏ အရှက်သိက္ခာများမှာ အထင်သေးစရာ ဖြစ်လာခဲ့သည်။ တဘက်သား မိန်းကလေး၏ ဘ၀ကို ထည့်မတွက်ဘဲ ရလာသော ငွေကြေးကို ပျော်ရွှင်စွာ စားဝင်နိုင်မည်လော။ လောကကြီးမှာ ထမင်းတစ်လုပ်ကို ပျော်ရွှင်စွာ စားနိုင်ဖို့ ဆိုတာ အရေးကြီးပါတယ်။ ထမင်းစားနေ့အချိန်မှာ ပူပင်သောက ကင်းစွာ စားနိုင်မယ်ဆိုရင် ကံအကောင်းဆုံး လူသားတစ်ယောက်ပါ။ ဒီလိုမျိုး တစ်ဘက်သား ဒုက္ခရောက်ပြီးမှ စားရတဲ့ထမင်းမျိုးဟာ အရသာရှိပါဦးမလား...........စဉ်းစားစရာပါ။ နောက်ပြီး ဒီိလိုမျိုး တီထွင်မှုများကြောင့် တချို့သောမိန်းကလေးများဟာ အတုမခိုးသင့်တာတွေ လိုက်လုပ်ပြီး လမ်းမှားတွေ ရောက်ကုန်ကြပါတယ်။ အင်တာနက်အသုံးပြုမှုတွေကလည်း လမ်းလွဲကုန်တာပေါ့။ နောက်ဆုံးဘယ်လိုအသိတွေ ရသွားလဲဆိုတော့ ဒီလိုတွေကိုမှ မကြည့်ဘူးရင် ခေတ်မမီတော့ဘူးဆိုတာမျိုးတွေ ထင်ကြပါတယ်။ အသိညဏ်ရင့်ကျက်သင့်လောက်သော အရွယ်များသည်လည်း ငါလုပ်သမျှ နောက်မှ အတုခိုးမယ့် လူငယ်တွေရှိပါသေးလားဆိုတာ ကို တွေးစေချင်ပါတယ်။
အနာဂတ်မှာ အချိန်ကာလများစွာ ရှေ့ဆက်လျှောက်ရဦးမယ့် လူငယ်များအနေနဲ့ မိမိရဲ့ လုပ်ဆောင်ချက်တိုင်းဟာ မိမိအတွက် မိမိအသိုင်းအ၀ိုင်းအတွက် အကျိုးဖြစ်ထွန်းသလားဆိုတာလေးတွေ ပြန်သုံးသပ်စေချင်တယ်။ ဒီလိုပြောနေရလောက်အောင် ဖူးဖူးဟာ လူကြီးတစ်ယောက်လားဆိုတာ??? လည်းမဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ပါ။ ကျွန်မစိတ်နဲ့ ပြောရမယ်ဆိုရင်တော့ လုပ်တဲ့အလုပ်တိုင်းဟာ ကိုယ့်အတွက် ၈၀%လောက်ရလဒ် ပြန်ရမှာ ကျွန်မလုပ်တဲ့အလုပ်တွေဟာ အဓိပါယ်ရှိတယ်လို့ ထင်ပါတယ်၊ ရလဒ်ဆိုတာ အကောင်အထည်နဲ့ ပြန်ရတာရှိသလို စိတ်ညဏ်အားဖြင့် တန်ဖိုးမဖြတ်နိုင်အောင်ရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အင်တာနက်အသုံးပြုမှုကအစ ကျန်တာတွေအဆုံးပေါ့လေ.............. ဆိုကြပါစို့ အင်တာနက်ကို တစ်နာရီကြည့်တယ်ပဲဆိုပါစို့ ၊ ဒီလူငယ်အတွက် အရင်းဆုံး အရင်းပြုထားရတာကတော့ အချိန်ပဲ နောက်ငွေကြေး၊ နောက် အားထုတ်မှုတစ်ခု၊ အင်တာနက်တစ်နာရီကြည့်ပြီးတဲ့ အခါ သူ့အနေနဲ့ ရင်းထားရတာတွေအတွက် တွက်ချေကိုက်အောင် ပြန်သုံးသပ်စေချင်တယ်၊ စီးပွားရေးစကားအရပြောရင်တော့ အရင်းအနှီးအပေါ် အမြတ်ကျန်အောင်မရရင်တော့ အရှုံးနဲ့တွေ့တာပဲ။ ဒါကြောင့် ကိုယ့်ဆီမှာ ဘာကျန်ခဲ့လဲ၊ အနည်းဆုံး အသိပညာလေးတစ်ခုတော့ ကျန်ခဲ့ရင် သူလုပ်ခဲ့တဲ့ဆောင်ရွက်မှုဟာ တန်ဖိုးရှိသွားပါပြီး၊ ဒီလိုမှမဟုတ်ရင် ရှုံးတဲ့အလုပ်တွေကြီးပဲ လုပ်နေမယ်ဆိုရင် ဒီလူငယ် လူဖြစ်ရှုံးနေလား ? ? ? (စဉ်းစားပေးပါ)

Friday, October 17, 2008
JIT ( Just – in – Time )
JIT ဆိုတာ အခုတလော ထုတ်လုပ်မှုလုပ်ငန်းတွေ အများဆုံးအသုံးပြုနေကြတဲ့ စနစ်ပါ။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လုပ်ငန်းတွေမှာ အမြတ်ရရှိသင့်သလောက်တာတွေ၊ ကုန်စည်ဟာ ရှိရမယ့် ဈေးနှုန်းထက် များနေတာတွေ ဒါတွေဟာ ဘာကြောင့် တွေကြောင့်လဲ။ လေလွင့်မှုတွေကြောင့်ပါ။ လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုတွေမှာ ကုန်ကြမ်းတွေမှာပဲဖြစ်ဖြစ် တကယ်အသုံးပြုရမှာထက် ပိုပြီး သုံးမိတာ။ ဒါမှမဟုတ်ရင် ထုတ်လုပ်မှုဖြစ်စဉ်မှာ အပျက်အစီးတွေများတာ၊ ကုန်ကြမ်းတွေကို မလိုအပ်ဘဲအများကြီးကိုင်ဆောင်ထားလို့ နေရာ ပုတ်သွားတာ၊ ငွေတွေအိပ်နေတာတွေ၊ ပျက်စီးသွားတာတွေ ၊ ကုန်ချောတွေကလည်း မှာယူမှုတွေထက် အများကြီးထုတ်မိတော့ ဂိုဒေါင်မှာ ပုံနေတာတွေ စသဖြင့် ပြဿနာတွေ အရှုံးတွေအများကြီး ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ဂျပန်လုပ်ငန်းတွေက ဒါကို သတိပြုမိပြီး JIT စနစ်ဆိုတာကို တီထွင်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်သင့်လျှော်တဲ့ နေရာတွင် မှန်ကန်စွာ ထုတ်လုပ်နိုင်ရန် ရည်၇ွယ်ပါတယ်။ မှန်ကန်တယ်ဆိုတဲ့ အသုံးဟာ လုပ်ငန်းအတွက် အမြတ်ကျန်နိုင်ရတယ်၊ ကုန်စည် အရည်အသွေးကောင်းနိုင်ရမယ်။ လုပ်သားတွေ အဆင်ပြေစေရမယ်။ စရိတ်အသက်သာဆုံး ဖြစ်နေရမယ်။ ထုတ်လုပ်မှု ဖြစ်စဉ် အဆင်ပြေချောမွေ့နေရမယ်။ ကုန်စည်အရည်အသွေး ကောင်းရမယ်။ အလေ့အလွင့် လုံးဝမရှိစေရပေါ့။ ဒါတွေကို ဆိုလိုပါတယ်။ဟုတ်ပါတယ် အလေအလွင်တွေကို လုံးဝမရှိအောင်လုပ်ဆောင်ရပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဒါတွေဟာ ကုန်စည်ရဲ့စရိတ်ကို ထပ်တက်စေတာတွေပါ။ ဥပမာပြောရရင်တော့ ကုန်ကြမ်းအမယ်တွေကို သိုလောင်တဲ့အခါ ထုတ်လုပ်မှုဖြစ်စဉ်နဲ့ ဝေးတဲ့နေရာမှာထားထာတယ်ဆိုပါစို့။ ဒါဆိုရင် သူတို့ကို ထုတ်လုပ်မှုဖြစ်စဉ်ဆီ သယ်ဆောင်တဲ့အခါ လေလွင့်မှုတွေရှိလာမယ်။သယ်လာတာက ၁၀ ဂရမ်၊ ထုတ်လုပ်မှုဖြစ်စဉ်ရောက်တော့ ၇ ဂရမ်းဖြစ်သွားတာမျိုး၊ ကုန်ချောတွေ အများကြီးထုတ်လုပ်မိတဲ့အခါ ကုန်လက်ကျန်တွေ အများကြီးဖြစ်လာမယ်။ ဒါဆိုရင် မလိုအပ်ဘဲ ထိန်းသိမ်းခတွေ တက်လာမယ်၊ ငွေကလည်း အိပ်လာမယ်။ လေလွင့်မှု ဖြစ်ဖို့များတယ်၊ နောက် မလုပ်ဘဲ ပြန်ပြန်ပြင်နေရတာမျိုးတွေပေါ့။JIT ကို lean production or stockless production လို့လဲ သိကြပါတယ်။ အခြေခံသဘောတရားကတော့ order လာမှ လိုအပ်တဲ့ ကုန်ကြမ်းကို လိုသလောက်ဘဲမှာမယ်၊ လိုသလောက်ဘဲထုတ်လုပ်မယ်၊ ဖြစ်စဉ်စီးဆင်းမှုကိုလည်း အချိန်အတိုဆုံးဖြစ်အောင် ပြင်ထားမယ်။ကုန်ကြမ်းမှာယူတဲ့အခါမှာလည်း တလက်ကိုင်မထားပါဘူး၊ ကုန်ကြမ်းအမယ်များစွာတွေကို တမျိုးချင်းဆီမှာ အကောင်းဆုံးအရည်အသွေး ပေးနိုင်မယ့် supplier တွေကို ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ supply chain ကလည်း သေချာစီမံအုပ်ချုပ်မှုကောင်းဖို့လိုပါတယ်။ဘာကြောင့်လဲ ဆိုတော့ လိုအပ်တဲ့အချိန်မှာ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းတွေ နှောင့်နှေးခြင်းမရှိဘဲ စရိတ်သက်သက်သာသာရောက်လာဖို့ပါ။ ထုတ်လုပ်မယ့်နေရာကလည်း စရိတ်သက်သာနေဖို့လိုပါတယ်။ ကုန်ကြမ်းအမြန်ရအောင်လို့ ကုန်ကြမ်းရရှိမယ့်နေရာနဲ့ အနီးဆုံးမှ ထုတ်လုပ်မှုကို လုပ်မယ်ဆိုရင်လည်း အဲ့နေရာက လုပ်အားခ အရမ်းဈေးကြီးနေမယ့်နေရာမျိုး ၊ ငှားခတွေ အရမ်းဈေးကြီးမယ့်နေရာမျိုးဆို ဘာမှမထူးပါဘူး။ ဒါကြောင့် right place ဖြစ်ဖို့လိုပါတယ်။ ထုတ်လုပ်တဲ့အခါ အပျက်အစီးကို zero defect goal ထားပြီး စနစ်ကျကျ လုပ်ဆောင်ရပါမယ်။ ဒီနေရာမှ ဖြစ်စဉ်စီးဆင်းမှု၊ အထားအသိုတွေဟာ စနစ်ကျနေဖို့လိုပါတယ်။အလေအလွင့်ဆိုတဲ့နေရာမှာ အချိန်၊ လုပ်အားတွေလည်း ပါပါတယ်။ လုပ်အားကိုသုံးတဲ့နေရာမှာ အနည်းဆုံးလျှော့ချနိုင်သလောက်လျှော့ချရပါလိမ့်မယ်။ သုံးတဲ့ လုပ်သားကလည်း efficient (စွမ်းရည်ပြည့်ပြည့်လုပ်နိုင်ရမယ်) effective (မှန်းထားသလောက် ထိထိရောက်ရောက်လုပ်နိုင်စွမ်းရှိရမယ်) တစ်ယောက်ဆိုတစ်ယောက် တကယ်အသုံးကျစွာ လုပ်နိုင်ရပါမယ်။ အချိန်ကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ဖောက်သည်လိုအပ်တဲ့အချိန်မှာ အမြန်ဆုံးပို့ပေးနိုင်အောင်ပါ။ ထုတ်လုပ်မှုဖြစ်စဉ်ကထွက်လာတဲ့ ကုန်ချောဟာ နောက်ထပ်ပြန်ပြင်စရာ မလိုအောင် သေချာဂရုစိုက်ဖို့လိုပါတယ်။ နောက်ထပ်ပြန်ပြင်နေရမယ်ဆိုရင် အချိန်တွေရော၊ စရိတ်တွေရော ထပ်တက်လာမှာပါ။ အရည်အသွေးပြည့်ဝတဲ့ ကုန်စည်ထွက်လာရင်တော့ ၀ယ်ယူသူဆီ အမြန်ဆုံး မနှောင့်နှေးဘဲ ပို့ဆောင်ပေးရမှာပါ။
JIT ကို service ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အများဆုံးအသုံးချကြပါတယ်။ အထူးသဖြင့် စားသောက်ဆိုင်တွေမှာပါ။ ဒါပေမယ့် ဂျပန် တိုယိုတာကတော့ ဒီစနစ်ကို သုံးပါတယ်။သူကပဲ စထွင်ခဲ့ပါတယ်။ နောက်ပြီး Airbus A -380 လေယာဉ်ကို တည်ဆောက်တဲ့အခါ ဒီစနစ်ကို သုံးတဲ့အတွက် နောက်ဆုံးမှာ အလေအလွင့် လုံးဝမရှိခဲ့ပါဘူး။ သူကလည်း ကုန်ကြမ်းမှာတဲ့အခါ နိုင်ငံအစုံကနေ အရည်အသွေး ကောင်းကောင်းတွေ ခွဲပြီးမှာယူတယ်လို့ ကြားဖူးပါတယ်။
တိုယိုတာကဖော်ထုတ်ခဲ့တဲ့ JIT elements တွေက
1. Stabilize and level the MPS with uniform plant loading
အလုပ်ရုံတိုင်းမှာ တူညီတဲ့ထုတ်လုပ်မှုကွင်းဆက်ဖြစ်နေဖို့လိုပါတယ်။ ဥပမာ စက်ရုပ်လုပ်မယ်ပဲဆိုပါဆို့ ဖြစ်စဉ်ကို ဘယ်အစိတ်အပိုင်းပြီးရင် ဘယ်အစိတ်အပိုင်းတပ်မလဲဆိုတာ သေချာပြင်ဆင်ထားရမယ်။ ကိုယ်လုံးပြီးရင် လက်တွေတပ်မှာလား၊ဒါဆို ဒီဘက်က ကိုယ်လုံးတွေ လုပ်နေတဲ့အချိန်မှာ တခြားအလုပ်ရုံက လက်တွေ လုပ်နေရမှာပါ။ တခြားအလုပ်ရုံတွေကလဲ သက်ဆိုင်ရာအစိတ်အကိုင်းတွေ လုပ်နေရမှာပါ။ ကိုယ်ထည် လုပ်တဲ့ ရုံက ကိုယ်ထည်ထွက်လာတဲ့အချိန်မှာပဲ လက်လုပ်တဲ့ အလုပ်ရုံကလည်း စက်ရုပ်မှာတပ်ဆင်ဖို့ လက်ကို ပြီးနေရပါမယ်။ ကျန်အစိတ်အပိုင်းတွေကလည်း အဲ့လိုပါပဲ။ ဒါမှ တပ်ဆင်တဲ့ဌာနမှာ အဆင်သင့်တပ်ဆင်နိုင်မယ်။ ဒီလိုမှမဟုတ်ဘဲ အလုပ်ရုံတွေဟာ တစ်ခုနဲ့တစ်ခုကွင်းဆက်မမိဘူးဆိုရင် တပ်ဆင်တဲ့ဌာနမှာ အလုပ်တွေ လာပုံသွားလိမ့်မယ်။ ခေါင်းတွေ ကိုယ်ထည်တွေ ရောက်ပြီး လက်တွေ ရောက်မလာသေးရင် စက်ရုပ်တစ်ရုပ်ဖြစ်အောင် တပ်ဆင်လို့မရသေးပါဘူး၊ အဲ့အခါ ဖြစ်စဉ်စီးဆင်းမှုကလည်း ကမောက်ကမ ဖြစ်လာမယ်။ လုပ်သားတွေကလည်း သူလုပ်လုပ်ရမယ့်အလုပ်မရသေးတော့ ဒီအတိုင်းထိုင်နေရမယ်။ အဲ့အချိန်မှာ အချိန်တွေ အရမ်းကုန်မယ်။ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်လာပါလိမ့်မယ်။
2. Reduce or eliminate setup times
စက်တပ်ဆင်မှု အချိန်ကို လျှော့ချဖို့လိုပါတယ်။ ကုန်စည်အမျိုးမျိုးအတွက် သုံးတဲ့စက်က ဒီတစ်ခုပဲဆိုကြပါစို့။ကျွန်မတွေ့ဖူးပါတယ်။ မိုလ်လောင်းတဲ့လုပ်ငန်းတွေမှာပါ။ ကုန်စည်ပုံစံအလိုက် စက်ကို ပြန်တပ်ဆင်ရပါတယ်။ ဒီိလိုမျိုးကုန်စည်အမယ်တစ်ခုတစ်ခု အကြားမှာ စက်ပြန်တပ်ဆင်မှုအချိန်ကိုလည်း လျှော့ချနိုင်သလောက် လျှော့ချရပါမယ်။ ဆိုလိုတာက အမြန်ဆုံးဖြစ်အောင် စီစဉ်ထားရပါမယ်။
3. Reduce lot sizes
တစ်ခါထုတ်လုပ်တဲ့ ပမာဏကလည်း နည်းရင် ကောင်းပါတယ်။ ဒါမှလည်း အရည်အသွေးစစ်ဖို့လည်း လွယ်တယ်။ အလေအလွင့်လည်း နည်းမယ်။ တစ်ခါထုတ်ရင် နည်းနည်းပဲထုတ်မယ်ဆိုရင် ကိုယ့် supplier နဲ့ ကွင်းဆက်မိပြီး အပေးအယူတည့်ဖို့လိုပါတယ်။ ဒါမှ ကုန်ကြမ်းကို ကိုယ်လိုသလောက်ပဲ ယူနိုင်မှာပါ။
4. Reduce lead times
ထုတ်လုပ်မှုဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ ကုန်ချော ပို့ဆောင်တဲ့အခါပဲ ဖြစ်ဖြစ် မလိုအပ်ဘဲ စောင့်စားရတဲ့အချိန်တွေကို လျှော့ချသင့်ပါတယ်။
5. Preventive maintenance
ကြိုတင်ပြင်ဆင်ထားတာ ဘာအရာမဆို အကောင်းဆုံးပါ။ ပျက်ခါမှပြင်မယ်ဆိုတာထက် မပျက်ခင် ထိန်းသိမ်းပြင်ဆင်တာအကောင်းဆုံးပါ။ ပျက်ခါမှ ပြင်မယ်ဆိုရင် ပျက်တဲ့ အချိန်မှာ ၀ယ်လိုအားတွေ အရမ်းကောင်းတဲ့အချိန်မျိုးဆို လက်လွှတ်ရမှာ အတော်ဆုံးရှုံးမှုပါ။ ဒါကြောင့် အလုပ်အားတဲ့အချိန်မျိုးတွေမှာ ပျက်ပျက်၊ မပျက်ပျက် ကြိုတင်စစ်ဆေးထားတာ အကောင်းဆုံးပါ။
6. Flexible work force
ဆေးမှုတ်အလုပ်သမားက ဆေးမှုတ်တာကလွဲပြီး ကျန်တာ ဘာမှမလုပ်တတ်တာမျိုးမဖြစ်စေရပါဘူး၊ ၀ရိန်ဆော်တဲ့အလုပ်သမားမလာရင် သူအနေနဲ့ ၀င်လုပ်လို့ရအောင် နည်းနည်းဖြစ်ဖြစ် တခြားအလုပ်တွေကို လုပ်တတ်နေဖို့လိုပါတယ်။အဲ့လိုဖြစ်အောင်လည်း training ပေးထားဖို့ လိုပါတယ်။ကြီးကြပ်သူမရှိလို့ အောက်ခြေအလုပ်သမားက ဘာဆက်လုပ်ရမှန်းသိနေသော်လည်း ဆက်လုပ်ခွင့် အမိန့်မရလို့ ထိုင်နေတာမျိုးလည်း မဖြစ်စေရပါဘူး၊ အလုပ်သမားတိုင်းကိုလည်း လုပ်ပိုင်ခွင့် အထိုက်အလျောက် ပေးထားရပါမယ်။
7. Require supplier quality assurance and implement a zero defects quality program
ကုန်စည်ဟာ အရည်အသွေးလည်း ပြည့်ဝရမယ်၊ ဖြစ်စဉ်တလျှောက် လေလွင့်မှု လုံးဝမရှိရေးအတွက်ဆိုရင် ကိုယ့် supplier နဲ့ ဆက်ဆံရေးကောင်းရပါမယ်။ အလုပ်သမားတွေကိုလည်း မှားယွင်းမှုကို သိလိုက်တာနဲ့ တပြိုင်နက် နောက်ထပ်မှားယွင်းဆက်မရှိအောင် လုပ်နေတာကို ရပ်တန့်ခွင့် အခွင့်အရေးလည်း ပေးထားရပါမယ်။ အချိန်မီ အမှားပြင်ဆင်ခွင့်ပါ။
8. Small lot (single unit) conveyance
တစ်ဌာနနဲ့တစ်ဌာန အချက်ပြစနစ်ကို သုံးသင့်ပါတယ်။ ( kanban system လို့လည်း ခေါ်ပါတယ်။ ဒါကိုတော့ နောက် post တစ်ခုအနေနဲ့ ဆက်လက်ရေးသာပါမည်။)

Thursday, September 18, 2008
Eight Quality Management Principles
၁။စားသုံးသူဂရုစိုက်ခြင်း
လုပ်ငန်းများသည် ၄င်းတို့၏ဖောက်သည်(၀ယ်ယူစားသုံးသူများ)ကို မှီခိုအားထား နေရသဖြင့် ထမင်းရှင်ဖြစ်သော ယင်းဖောက်သည်များအား နာလည်း ပေးတတ်ဖို့ရာ အရေးကြီးသည်။ မိမိဖောက်သည် ဘယ်လိုပုံစံမျိုးလေး လိုချင်နေလဲ။ မိမိကုန်စည်ကရော သူတို့လိုအပ်မှုတွေ့နဲ့ ပြည့်စုံရဲ့လား၊ သူတို့ကျေနပ်မှုရစေရန် မိမိကုန်စည်ဟာ ဘာတွေလိုအပ်နေသေးလဲ ဆိုတာတွေကို သိထားပေးရပါမယ်။ စားသုံးသူရဲ့ ယခုလက်ရှိ သူတို့လိုအပ်မှု၊ လိုချင်မှုတွေကို သိထားရုံသာမက အနာဂတ်မှာလည်း ၄င်းတို့၏ အကြိုက်ပြောင်းလဲမှုရှိမရှိ၊ မည်သို့ ပြောင်းလဲနိုင်သေးသည်ကိုလည်း သိထားမယ်ဆိုရင် မိမိကုန်စည်အရည်အသွေးကို customer requirement နဲ့ သွေးဖယ်ခြင်းနည်းကာ ထိန်းသိန်းနိုင်မည် ဖြစ်သည်။
၂။ ဦးဆောင်မှု
ဦးဆောင်ဦးရွက်ပြုသူများမှလည်း ကိုယ့်လုပ်ငန်းရဲ့ လမ်းကြောင်း၊ ဘယ်ကို သွားနေတာလဲ။ ဘာဖြစ်ချင်တာလဲဆိုတဲ့ ပုံစံလေး ချပေးထားဖို့လိုပါတယ်။ ဒါတွေကို ကိုယ့်လုပ်ငန်းအတွင်းမှာရှိတဲ့ အလုပ်လုပ်နေကြတဲ့ လူတွေနားလည်ထားမှ လုပ်ငန်း၊အဖွဲ့၏ ဦးတည်ချက်၊ ရည်မှန်းချက်အောင်ရာအောင်ကြောင်းအတွက် ပြည့်ဝစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဒါကြောင့် leader တွေအနေနဲ့ မိမိလုပ်ငန်းဘာလုပ်ချင်လဲ ဘယ်သွားမှာလဲ ဆိုတာကို မိမိလက်အောက်မှာ တာဝန်ကိုယ်စီယူနေကြတဲ့ ၀န်ထမ်းတွေကို နာလည်အောင် ချပြထားသင့်သည်။
၃။ တက်ကြွစွာပါဝင်ဆောင်ရွက်ရေး
Organization ရဲ့ ဘယ် levelကမဆို ဆောင်ရွက်နေကြသူတွေဟာ Organization အတွက် အရေးကြီးဆုံးသူတွေပါ။ Organization ကို ဖော်ဆောင်ကြမယ့်သူတွေ ဖြစ်တဲ့အတွက် လုပ်ငန်းအတွင်း၊ အပြင်ရှိ လူတိုင်းလူတိုင်းဟာ စိတ်ရော ကိုယ်ပါ တက်ကြွစွာပါဝင်ဆောင်ရွက်ရန် အရေးကြီးပါသည်။
၎။ ထုတ်လုပ်မှု ဖြစ်စဉ်တခုလုံး စွမ်းရည်ပြည့်ရေး
အရည်အသွေးပြည့်ဝသော ထုတ်ကုန်ရရှိဖို့ဆိုရင် ထုတ်လုပ်မှုဖြစ်စဉ်တလျှောက် ချောချောမွေ့မွေ့ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ထုတ်ကုန်ရဲ့ အရည်အသွေးပြည့်ဝရေး၊ အလေအလွင့် နည်းပါရေး၊ input ကို efficient ရှိရှိ သုံးနိုင်ရေးအတွက် ဖြစ်စဉ်တလျှောက်လုံး သေချာလည်ပတ်စေဖို့ အရေးကြီးပါတယ်။ လုပ်ဆောင်ချက်တွေ သေချာလည်ပတ်ရဲ့လား၊ သွင်းအားစုတွေ အရည်အသွေးပြည့်ဝရဲ့လား ဆိုတာ အမြဲ သေချာနေဖို့ လိုပါတယ်။
၅။ လုပ်ဆောင်နေတဲ့ စနစ်ကရော ထိရောက်ရဲ့လား
မိမိလုပ်ငန်း လည်ပတ်ပုံတွေကရော မိမိလုပ်ငန်း ရည်မှန်းချက်တွေကို ပြည့်ဝအောင်မြင်လို့လားဆိုတာ သိထားရပါမယ်။ လိုအပ်မယ်ဆိုရင် လုပ်ဆောင်နေတဲ့ စနစ်ကို ပြောင်းလဲသင့်ပြောင်းလဲရပါမယ်။ပြုပြင်သင့် ပြုပြင်ရပါမယ်။ ထပ်ထည့်သင့်ရင် ထည့်ရပါမယ်။ အုပ်ချုပ်မှုစနစ်ကရော effective ဖြစ်လား efficient ဖြစ်ရဲ့လား သေချာပြန်သုံးသပ်ပေးဖို့ လိုအပ်ပါတယ်။
၆။ စဉ်ဆက်မပြတ်မြှင့်တင်မှု
ဒါကတော့ အခုလို ပြိုင်ဆိုင်မှုတွေ စိန်ခေါ်နေတဲ့အချိန်မှာ မဖြစ်မနေ လုပ်ဆောင်ရမှာပါ။ မိမိထုတ်ကုန်၊ မိမိလုပ်ငန်း၊ မိမိပန်းတိုင်ကို အမြဲမြှင့်တင်ပေးဖို့ လိုပါတယ်၊ ဒီနေ့ဟာ မနေ့ကထက် ပိုကောင်းပြီး မနက်ဖြန်ဟာ ဒီနေ့ထက် သာနေရဖို့ Continual Improvement အမြဲလုပ်ပေးဖို့ လိုအပ်ပါတယ်။
၇။ လိုအပ်တဲ့ သတင်းအချက်အလက်
Productနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ marketing ပိုင်းပဲဖြစ်ဖြစ် ဘယ်ဆုံးဖြတ်ချက်မဆို ချမှတ်ဖို့ရာ ခိုင်မာတဲ့သတင်းအချက်အလက် ရရှိနေဖို့ လိုပါတယ်။ ဒီလိုသတင်း အချက်အလက်တွေအပေါ် အခြေခံထားတဲ့ ဆုံးဖြတ်ချက်တွေဟာ ထိရောက်မှု ရှိမှာ ဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေ မျက်ခြေမပြတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် survay ကောက်တာပဲဖြစ်ဖြစ် ၊ research လုပ်တာပဲဖြစ်ဖြစ် အမြဲ သတင်းရယူနေဖို့ လိုပါတယ်။
၈။ supplierတွေနဲ့ အကျိုးရှိရှိ ဆက်ဆံနေရေး
လုပ်ငန်းနဲ့ supplierဆိုတာ အမြဲ တစ်ဦးပေါ် တစ်ဦး အပြန်အလှန် မှီခိုအားထားနေရသူတွေပါ။ လုပ်ငန်းကလည်း input တွေ raw materialတွေ ထုတ်လုပ်မှုဖြစ်စဉ်မတိုင်မီ အချိန်မှီ ရောက်ရှိရေး၊ သွင်းအားစုတွေ ကုန်ကြမ်းတွေ အရည်အသွေးမှန်ကန်နေရေးအတွက် supplier ကို လှစ်လျူရှုလို့မရပါဘူး။ သူတို့နဲ့ ပူးပေါင်းပြီးမှ ကောင်းမွန်တဲ့ အရည်အသွေးပြည့်ဝတဲ့ ထုတ်ကုန်ရမှာဖြစ်တဲ့အတွက် supplier relationship ကို အထူးဂရုပြု အာရုံစိုက်ပေးရပါမယ်။

Monday, September 1, 2008
What is ISO ?

ဈေးကွက်စီးပွားရေးစနစ်တွင် ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ဈေးနှုန်းများကို ရောင်းလိုအားနှင့် ၀ယ်လိုအားက ဆုံးဖြတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါဆို ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ ဈေးနှုန်းဟာ စားသုံးသူတို့၏ ၀ယ်ယူမှုပေါ် မူတည်တာပေါ့။ ၀ယ်လိုအားဆိုတာလည်း စားသုံးသူတွေက ကုန်စည်ကို ကြိုက်နှစ်သက်မှု အရသော်လည်းကောင်း ၊ လိုအပ်မှုအရသော်လည်းကောင်း ၀ယ်ယူသုံးစွဲကြလို့ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကုန်စည်တွေကလည်း တမျိုးတမည်သာ ရှိကြပြီး ပြိုင်ဘက်ကုန်စည်ရှိမှုဆိုတာ ရှားပါတယ်။ ဒါပေမယ့် နည်းပညာတွေတိုးတက်မှုတွေကြောင့် အပြိုင်အဆိုင်ဈေးကွက်ဝင်ရောက် ထိုးဖောက်မှုတွေ မျက်မြင်ကြုံတွေ့ လို့နေပါသည်။ စားသုံးသူတို့အနေဖြင့်လည်း မရှိလို့သုံးရတယ်ဆိုတာထက် ရွေးချယ် ၀ယ်ယူနိုင်ခွင့်တွေ များလာပါပြီ။ ဒါဆို ရောင်းချသူဘက်ကလည်း ကိုယ့်ကုန်စည် စားသုံးသူ ကြိုက်နှစ်သက်ဖို့ လိုတာပေါ့နော်။ စားသုံးသူကတော့ သူတို့ရဲ့ ဆန္ဒ၊ မျှော်လင့်ချက်တွေ ပြည့်ဝစေမည့် ကုန်စည်မျိုး၊ ၄င်းတို့အတွက် အဆင်ပြေမယ့်ကုန်စည်မျိုးဆို ကျေကျေနပ်နပ်ဝယ်ယူမှာ ဖြစ်ပါတယ်။ ဒါဆို ထုတ်လုပ်သူတွေ (ရောင်းချသူတွေပါ) ဟာ အရည်အသွေးပြည့်ဝတဲ့ ကုန်စည်နှင့် ၀န်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်မယ် ဆိုရင် စားသုံးသူကျေနပ်မှုကို ပြည့်ဝစေရုံသာမက ကျေနပ်သွားတဲ့စားသုံးသူဟာ ကိုယ့်ကုန်စည်ပဲ သစ္စာရှိရှိ ၀ယ်ယူမှု ဖြစ်တန်စွမ်းများတဲ့အတွက် corporate goal ဖြစ်တဲ့ PROFIT ရမည့်အပြင် marker leadership ဖြစ်ဖို့ တွန်းအားတစ်ခုလည်း ဖြစ်စေမှာပါ။ ဒါဆို ကုန်စည်နှင့် ၀န်ဆောင်မှုတွေရဲ့ အရည်အသွေးဟာ စားသုံးသူတွေအတွက် စိတ်ချရဖို့ လုပ်ငန်းအနေနဲ့ အရည်အသွေးထိန်းသိမ်းနိုင်မှု (Quality control/management ) ဟာ အခန်းကဏ္ဍတစ်ခုနဲ့ထည့်သွင်းလုပ်ဆောင်ရတော့ပါမယ်။
ညတိုင်းTV advertising တွေမှာ ISO 9000 ရ ????? … စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါပြီ ဆိုတာတွေ ကြားလာရမှာပါ။ ဒါဆို ISO လက်မှတ်ရပြီဆိုရင် အဲ့ကုန်စည်ဟာ စားသုံးသူအတွက် စိတ်ချရပြီလား၊ အန္တာရယ်မရှိတော့တာလား၊ ဘာကြောင့် အဲ့လို ပြောနိုင်ရတာလဲ စဉ်းစားစရာပါ။ ဒါဆို ISO ဆိုတာဘာလဲ၊ ISO ဆိုတာ ? ? ?
ISO – International Organization For Standardization - အဖွဲ့အစည်းတစ်ခုပါ။ ဆွစ်ဇာလန်မှာ ရုံးစိုက်ပါတယ်။ သူကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်စည်နှင့် ၀န်ဆောင်မှုတွေဟာ စားသုံးသူတွေအတွက် ဘယ်လောက်စိတ်ချနိုင်မှုရှိသလဲဆိုတာကို သိဖို့ စံချိန်စံညွှန်းတွေသတ်မှတ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတယ် ဆိုပါတော့။ သူမှာ ပညာနယ်အသီးသီးက ကျွမ်းကျင်အဖွဲ့ ၁၈၀ ဖွဲ့ ရှိပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ Trade လုပ်တဲ့အခါ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ နိုင်ငံတကာမှာ စိတ်ချယုံကြည်စွာ ကုန်သွယ်နိုင်စေရန်အပြင် တီထွင်ဖန်တီးနိုင်မှု၊ သိပ္ပံနှင့် နည်းပညာ၊ စီးပွားရေးဆောင်ရွက်ချက်များ ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာစေရန် ပို၍ ပူးပေါင်းမှုများ တိုးလားရန်လို့ ဆိုပါတယ်။
What type of ISOညတိုင်းTV advertising တွေမှာ ISO 9000 ရ ????? … စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါပြီ ဆိုတာတွေ ကြားလာရမှာပါ။ ဒါဆို ISO လက်မှတ်ရပြီဆိုရင် အဲ့ကုန်စည်ဟာ စားသုံးသူအတွက် စိတ်ချရပြီလား၊ အန္တာရယ်မရှိတော့တာလား၊ ဘာကြောင့် အဲ့လို ပြောနိုင်ရတာလဲ စဉ်းစားစရာပါ။ ဒါဆို ISO ဆိုတာဘာလဲ၊ ISO ဆိုတာ ? ? ?
ISO – International Organization For Standardization - အဖွဲ့အစည်းတစ်ခုပါ။ ဆွစ်ဇာလန်မှာ ရုံးစိုက်ပါတယ်။ သူကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်စည်နှင့် ၀န်ဆောင်မှုတွေဟာ စားသုံးသူတွေအတွက် ဘယ်လောက်စိတ်ချနိုင်မှုရှိသလဲဆိုတာကို သိဖို့ စံချိန်စံညွှန်းတွေသတ်မှတ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတယ် ဆိုပါတော့။ သူမှာ ပညာနယ်အသီးသီးက ကျွမ်းကျင်အဖွဲ့ ၁၈၀ ဖွဲ့ ရှိပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ Trade လုပ်တဲ့အခါ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ နိုင်ငံတကာမှာ စိတ်ချယုံကြည်စွာ ကုန်သွယ်နိုင်စေရန်အပြင် တီထွင်ဖန်တီးနိုင်မှု၊ သိပ္ပံနှင့် နည်းပညာ၊ စီးပွားရေးဆောင်ရွက်ချက်များ ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာစေရန် ပို၍ ပူးပေါင်းမှုများ တိုးလားရန်လို့ ဆိုပါတယ်။
ISO 9000 series
၁၉၈၇ မှာ ISO 9000 series ကို စတင်ထုတ်ပြန်ပါတယ်။သူကတော့ ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးဟာ စားသုံးသူလိုအပ်မှုတွေကို ပြည့်မီရမယ် ဒါမှမဟုတ် သာလွန်ရမယ်လို့ ဆိုပါတယ်။ ၁၉၉၄ မှာ vision ပြန်ပြောင်းခဲ့ပါတယ်။ ISO 9000 : 1994 က ကုန်စည်တွေဟာ စားသုံးသူလိုအပ်ချက်ကို ပြည့်ဝစေရန်အတွက် လိုအပ်တဲ့ ၄င်းတို့ချမှတ်ထားသော အရည်အသွေးဆိုရာ လိုအပ်ချက်များကို အချက်တိုင်းမဟုတ်သည့်တိုင် သတ်မှတ်ထားသော အနည်းဆုံးအချက်များ ကိုတော့ ပြည်မီနေရပါမယ်လို့ဆိုပါတယ်။ သတ်မှတ်ချက်တွေကတော့ ယေဘုယျဆန်ပါတယ်။ ကုန်စည်တမျိုးချင်းစီအတွက် သီးခြားဖော်ပြချက်မရှိပါဘူး။ ၄င်းတို့သတ်မှတ်ချက်များနှင့် ပြည့်မှီတယ်ဆိုရင်တော့ ကုန်စည်ရဲ့ အရည်အသွေးဟာ စိတ်ချရကြောင်း စားသုံးသူအတွက် အာမခံသောအားဖြင့် certificate ထုတ်ပေးပါတယ်။ ၂၀၀၀ခုနှစ် revision ပြန်လုပ်ထားတဲ့ ISO 9000:2000 က 1994 မှာရှိတဲ့ discrete elements တွေအစား ကုန်စည်ထုတ်လုပ်မှုprocess cycleအတွက် လိုအပ်တဲ့ management principles ၈ချက်နဲ့ပြန်လည် ဖွဲ့စည်းထားပါတယ်။
9000 series မှာ
9001 - ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်ရှိ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စက်ကိရိယာတပ်ဆင်တာထိရောက်မှု၊ ၀န်ဆောင်မှုတွေကို စစ်ပါတယ် (design, manufacturing,installation,service)9000 series မှာ
9002 – ကုန်ထုန်လုပ်မှု၊ စက်တပ်ဆင်မှုနှင့် ၀န်ဆောင်မှု ကိုကြည့်ပါတယ်(production ,installation,service) (* raw material တွေ စိတ်ချရမှုပါပါတယ် supplier တွေအထိ ကြည့်ပါတယ် )
9003 - နောက်ဆုံးကုန်ချောကိုပဲ ကြည့်တာပါ။နောက်ဆုံးကုန်ချောဟာ စားသုံးသူတွေအတွက် စိတ်ချရသလားဆိုတာကို inspection and testing ပါ လုပ်ပြီး စစ်ပါတယ်
9004 - သူကတော့ အမြင်ကျဉ်းကျဉ်းပါပဲ။ ထုတ်လုပ်သူအနေနဲ့ သူ့လုပ်ငန်းရဲ့ လိုအပ်ချက် နဲ့ အခွင့်အလမ်းတွေရယူနိုင်ယုံသာ လုပ်ငန်းတွင်းကသာ ချမှတ်ထားတဲ့ guidelines တွေပြည့်မှီရင် ရပါပြီလို့ဆိုပါတယ်။
အခုနောက်ဆုံးကတော့ ISO 14000 ပါ ။ ရရှိသူတွေက အနည်းအကျဉ်းပဲရှိပါတယ်။ ဘာကွာသလဲဆိုတော့ environmental ကိုပါ ထည့်စဉ်းစားလာပါတယ်။ environment ကို ဆိုးကျိုးသက်ရောက်မှု ဘယ်လောက်ထိ လျှော့နိုင်သလဲ၊ ဥပဒေ သတ်မှတ်ချက်များကို ဘယ်လောက်ထိလိုက်နာသလဲဆိုတာကို ကြည့်ပါတယ်။ ISO 14000 series မှာ
14001 - ကမ္ဘာမည့်သည့်နေရာတွင်မဆို မည်သည့်Product နှင့်မဆို ထုတ်လုပ်ရာတွင် environment ကို လိုက်လျောညီထွေနိုင်မှုကို ကြည့်ပါတယ်၊ ယေဘူယျဆန်ပါတယ်။်
14004 - အသေးစိတ်ပိုကျသွားပါပြီ ။ operation တွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ ဘယ်လောက်ထည့်စဉ်းစားရမလဲဆိုတာပါလာပါပြီ။
14020 – labels တွေ declaration တွေဟာ နဲ့ environmental နဲ့ချိတ်ဆက်ကြည့်ပါတယ်။
14030 - ထုတ်လုပ်မှုဖြစ်စဉ်ပြီးသည့်တိုင် environmental effect နဲ့ချိတ်ဆက်ကြည့်ပါတယ်။
14031 - environmental performance သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ဘယ်လောက်ထိ ပါဝင်နိုင်သလဲဆိုတာ ကြည့်ပါတယ်
14040 - environmental goal တွေကို ဘယ်လောက်ထိ ချမှတ်ပေးနိုင်လဲဆိုတာ ကြည့်ပါတယ်
14062 - environmental goalတွေကို ဘယ်လောက် improve လုပ်ပေးနိုင်လဲဆိုတာ ကြည့်ပါတယ်။
နောက်ဆုံး 14064 ကတော့ greenhouse gas ဖန်လုံအိမ်အာနိသင် ဘယ်လောက်လျှော့နိုင်သလဲဆိုတာ ကြည့်ပါတယ်
(* လက်လှမ်းမှီသလောက် စုစည်းထားတာပါ၊ ရှိပါသေးတယ်)
ှ.............ISO ရဖို့ Quality ဘယ်လိုထိန်းမလဲဆိုတာ ဆက်လက်ကြိုးစားဖော်ထုတ်ပါဦးမယ် ..................
Thursday, August 14, 2008
Changing Social Contract
Globalization ဖြစ်ပေါ်လာမှုတွေကြောင့် ကမ္ဘာကြီး ပြောင်းလဲခြင်းများစွာ ပြောင်းလဲခဲ့ရပါပြီ၊ အကောင်းတွေရော .......အဆိုးတွေရောပေါ့ ။ နည်းပညာတွေပြောင်းလဲလာတယ်။ လူတွေရဲ့ တန်ဖိုးထားမှုတွေ ပြောင်းလဲလာတယ်။ အဲ့တော့ လူတွေရဲ့ ဆက်ဆံမှုတွေလည်း အပြောင်းလဲကြီး ပြောင်းလဲလာခဲ့တယ်လို့ ထင်မြင်မိပါတယ်။ အနီးဆုံး family တစ်ခုမှာကို သိသိသာသာတွေ့နိုင်ပါတယ်။ မိဘနဲ့ သားသမီးဆက်ဆံရေးကအစ ပြောင်းလဲလာခဲ့ပါပြီ။ မိဘတွေကလည်း သားသမီးကို အရင်လို ပုံစံတွေနဲ့ အုပ်ချုပ်လို့မရတော့ပါဘူး ၊ ခေတ်အခြေအနေကို သုံးသပ်ပြီး အုပ်ချုပ်ထိန်းကွပ်မှုစတိုင်တွေလည်း ပြောင်းရပါတယ်။
လုပ်ငန်းတွေမှာကြည့်မယ်ဆိုရင်လည်း အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးတွေက ပြောင်းလဲလာပါပြီ။ အရင်တုန်းကဆိုရင် အလုပ်သမားတစ်ယောက်ဟာ အလုပ်အကိုင်အတွက် စိတ်ချရမယ်ဆိုရင် သူ့အတွက် လုံလောက်ပြီ ၊ သူလိုချင်တာ Job Security (*အလုပ်ဖြုတ်ထုတ်မှုနည်းမှု ) ၊ အဲ့တော့ မလုပ် ၊မရှုပ်၊ မပြုတ်ပုံစံလေးနဲ့ပဲ free rider ပုံစံမျိုးဖြစ်လာတယ်။ အရင်တုန်းက labour source ကနည်းတာရယ် ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းတာရယ်။၊ ပြိုင်ဆိုင်မှုမရှိတာရယ် ၊ အရင်တုန်းက ကိုယ့်နေရာလေး လောက်ပဲ ကြည့်ပြီးနေနေရတာဆိုတော့ ပြိုင်ဆိုင်မှုဆိုတာလည်း သိပ်မရှိခဲ့ဘူး။ အဲ့တော့ လူတစ်ယောက်က အလုပ်တစ်ခုရပြီဆိုရင် စိတ်ချရပြီလေ။ သူ့အနေနဲ့ ဒီမှာပဲ သူသစ္စာရှိရှိနဲ့ သေသေချာချာလုပ်မယ် ၊ အရာရာတိုင်းကို သာမန်အနေအထားလောက်ပဲသိထားလောက်မယ် (knowing )အဆင့်လောက်ပဲရှိမယ်ဆိုရင် ကုမ္မဏီကလည်း သူ့အလုပ်သက်တမ်းတစ်လျှောက် (ဆိုလိုတာက long term life ) မှာ လစာတွေ တဖြည်းဖြည်းတိုးပေးမယ်။ ရာထူးတွေတဆင့်ဆင့်တက်မယ်၊ အကျိုးခံစားခွင့်တွေရှိလာမယ်၊ စသဖြင့် သူ့အတွက် အပိုင်တွက်ချက်မှုတွေကြီးတွေပါ။ အဲ့တော့ အလုပ်ရှင်ဘက်ကလည်းသူ့ကို သာမန်ဆုကြေးငွေလောက်နဲ့ပဲ ပေးပြီးနေလို့ရပါတယ်။ သူ့ကိုလည်း သင့်တင့်လောက်ပဲ training ပေးထားရင် လုံလောက်ပါပြီ။ အလုပ်ရှင်ကလည်း သူ့လုပ်ငန်းကို သာမန်ရိုးကျပုံစံနဲ့ပဲသွားလို့ရပါတယ်။ ပြိုင်ဆိုင်မှုတွေ သိပ်မရှိသေးတာမို့ ဒီအတိုင်းလေးပဲ အေးရာအေးကြောင်းစတိုင်လေးပါပဲ၊ သူ့လုပ်ငန်းအတွက် information အသင့်အတင့်လောက် ပဲ ရထားရုံလေးနဲ့ ရပ်တည်နိုင်ပါသေးတယ်။
IT ခေတ်တဲ့ ၊ Globalization စသဖြင့် ကမ္ဘာကြီး ရွာဖြစ်သွားပြီတဲ့။ ဘာကိုပြောတာလဲ။ ဆိုလိုတာက အစက တိုက်ကြီး (၇)ခုရှိတယ်လို့ဆိုတယ်၊ အခုက ရွာအဆင့်ပဲလား၊ boundry line တွေ တားဆီးချက်တွေ ၊ ကန့်သတ်ချက်တွေ မရှိတော့ပဲ တလုံးတစည်းတည်း ဖြစ်သွားတာကို ပြောတာလား၊ တွေးစရာပါ။ direct မဟုတ်ပဲ indirect အားဖြင့်တော့ ဒီလိုပဲ ဖြစ်နေပါတယ်။ အရင်က ဒီလိုအခြေအနေလေးနဲ့ ဒီနေရာမှာပဲရပ်တည်နိုင်ရင်တော့ပြီဆိုတဲ့ လုပ်ငန်းတွေဟာ တမြို့တရွာ၊ တရပ်တဌာနေက လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နေရပါပြီ၊ မပြိုင်ချင်လို့လဲမရဘူးလေ။ ကိုယ့်နေရာကို သူက ယူသွားမှာပေါ့။ လုပ်ငန်းတွေကိုလည်း ချဲ့တန်ချဲ့ ရမယ်။ ဒီနေရာမကောင်းရင် ဖြုတ်တန်ဖြုတ်ရတော့မယ်။ ဒီလုပ်ငန်းမကောင်းရင် တခြားလုပ်ငန်းပြောင်းလုပ်ချင်လုပ်ရတော့မယ်၊ ဒီတော့ အရင်တုန်းက Job Security ရှိပါပြီး ခံယူနေတဲ့ အလုပ်သမားတွေလည်း ဘာမှ မပြောနိုင်တော့ဘဲ လုပ်ငန်းလျှော့ချတဲ့အခါ ဖြုတ်ခံရမှုတွေ၊ အလုပ်ရှင်အတွက် သူ့လုပ်ငန်းအတွက် ပိုသင့်တော်မယ့် အလုပ်သမားရမယ်ဆိုရင် အရင်လူကို ထုတ်ချင်ထုတ်မယ်။ဒါမှမဟုတ် နေရာပြောင်းချင်ပြောင်းမယ်။ ကဲ Job Security သေချာပါတော့ဦးမလား။ အခုဆို အလုပ်သမားငှားရင် projectအလိုက်ပဲငှားတော့တယ် (short term ပေါ့ ) ။ အလုပ်သမားတွေမှာ own position (အတည်တကျအလုပ်အကိုင်) ဆိုတာမရှိတော့ဘူး။ သူတို့အတွက် အလုပ်အကိုင်ဟာ ဘာဖြစ်လာလဲဆိုတော့ Careers no longer progress up a vertical hierachy but move across jobs horizintally. သူတို့အတွက် အလုပ်တိုးတက်မှုဆိုတာ ရားထူးအဆင့်ဆင့်တက်မှုက နည်းသွားပြီး၊ တနေရာပြီးတနေရာ ပြောင်းလုပ်နေရတဲ့ အတွက် လုပ်ကိုင်စွမ်းရည်တော့ တိုးလာပါတယ်။ အဲ့တော့ သူ့အနေနဲ့ Job Security ထက် Employability
( *အလုပ်လုပ်နေရမှု) ကိုပဲ အလေးထားတော့တယ်။ သူရဲ့အောင်မြင်မှုဟာ လုပ်ငန်းအောင်မြင်မှုပေါ်မှာ မူတည်တယ်ဆိုတာ သိလာပြီလေ။ အဲ့တော့လုပ်ငန်းတိုးတက်ဖို့အတွက် Partnerတစ်ယောက်လို ခံယူပြီ စွမ်းဆောင်တော့တာပဲ၊ သူ့အတွက်က အကြောင်းအရာတွေကို knowing ထက် learning ဖြစ်လာပါတယ်။ အရာရာကို သိတာထက် တတ်ဖို့ အသုံးချနိုင်ဖို့ သင်ယူချင်လာပြီလေ။ သင်ယူချင်တဲ့စိတ်ဟာ search ကိုပါဖြစ်စေတဲ့အတွက် လုပ်ငန်းအတွက် အများနဲ့မတူတဲ့ အတွေးအခေါ်တွေပါ သယ်လာနိုင်ပါတယ် ။ အမြဲတမ်း စိန်ခေါ်မှုတွေ (challenging )တွေကို သူကြိုဆိုပါတယ် ။အလုပ်ရှင်ကလည်း အဲ့လို အလုပ်သမားတွေ ပြောင်းလဲလာသလို သူ့ရဲ့ အုပ်ချုပ်မှု ပုံစံကို အရင်လိုသွားလို့မရတော့ပါဘူး၊ အလုပ်သမားတွေကို ဒီထက်မကအရည်အသွေးတိုးတက်စေဖို့ရာ ချီးမြှောက်တန်ချီးမြှောက်ရပါတယ် ။ အရင်လို ပိုက်ဆံလေး bonus ဆိုပြီး ထုတ်ပေးလို့မရတော့ပါဘူး။ တခြားချီးမြှင့်မြှောက်စားမှုပုံစံလေးတွေနဲ့ ဖန်တီးပေးရပါတယ်။ (ကိုရီးယားကားတွေမှာအတုယူစရာတွေပါ ၀န်းထမ်းတစ်ယောက်က ကုမ္မဏီအတွက်အောင်မြင်အောင်လုပ်ပေးခဲ့တယ်ဆိုရင် အဲ့ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ party လုပ်ပေးတယ်။ တခြားဝန်ထမ်းတွေရှေ့မှာ အားကျအောင် ချီးကျုးတယ်။ ) အလုပ်ရှင်ဟာ သူ့လုပ်ငန်းအတွက် အမြဲချဲ့ထွင် တိုးတက်ဖို့ရာ အခွင့်အလမ်းကိုအမြဲချောင်းနေရပါတယ်။ information ကို မပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါမှ အခွင့်အလမ်းဆိုတာ တွေ့မှာပါ ။ သူ့လုပ်ငန်းဟာ ပြိုင်ဆိုင်မှုကို ကြိုဆိုရမယ်။ ဒါမှ သူ့လုပ်ငန်းဟာ ရပ်မနေဘဲသွားနေမှာပါ။ အခု လောကကြီးရဲ့ အခြေအနေပေါင်းများစွားဟာ alway change ပါ။ အမှီလိုက်ပြေးနိုင်မှာပါ ။ မဟုတ်ရင်တော့ ကျန်ခဲ့မှာပဲ ၊ အကုန်လုံးက မကျန်ခဲ့အောင်အမှီ လိုက်ပြေးနေတဲ့အချိန်မှာ ကျန်ခဲ့ရင်တော့ ....................။ (ကိုယ်တယောက်တည်းရှိတဲ့ နေရာကြီးမှာ ဆက်ရှင်သန်ဖို့ဆိုတာ အဓိပ္ဖါယ်ရှိပါဦးမလား . ............... )

Monday, August 4, 2008
Tree and Human Beings
Draw Your Own Picture
အခြေခိုင်သော သစ်ပင်ဖြစ်လင့်ကစား မိုးသက်လေပြင်းတို့၏ ဒဏ်ကို မရှောင်မလွဲခံရပေမည်။ထိုအခါတွင် သစ်ရွက်တို့သည် ကြွေကျသည်လည်း ရှိသည်။ ပြန်လည် စိမ်းစိုသည်လည်း ရှိသည်။
မိုးသက်လေပြင်းများပြီးသည့်နောက်တွင် နေသာသောနေ့သို့လည်း ရောက်သွားနိုင်သည်။ နေ၏အပူရှိန်သည် နွေးထွေးမှုကို ပေးသော်လည်း တခါတရံ ပူပြင်း၏။
ထိုအတူ လူသားတို့တွင်လည်း ဒုက္ခမုန်တိုင်း၊ အဆင်မပြေမှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရပေဦးမည်။ ဤဒုက္ခများ၊ အခက်အခဲများကြောင့် လဲကျသွားနိုင်သလို တိုးတက်ပြောင်းလဲမှုများလည်း ရှိတတ်ပေသည်။ နေသာသောနေ့ကဲ့သို့ အဆင်ပြေမှုများနှင့်ကြုံတွေ့ရသောအခြေအနေများတွင် ထိုအဆင်ပြေမှုများသည် တခါတရံ မိမိဘ၀ကို ပူလောင်စေနိုင်ပါသည်။
Subscribe to:
Posts (Atom)