Friday, January 22, 2010

စေ့စပ်ညှိနှိုင်းမှု အတတ်ပညာ



စေ့စပ်ညှိနှိုင်းမှု
စေ့စပ်ညှိနှိုင်းမှုဟု ဆိုလိုက်သဖြင့် စကားကြီးစကားကျယ် ဖြစ်သွားလိမ့်မည်။ ဒါပေမယ့် စေ့စပ်ညှိနှိုင်းမှုကို နေရာတိုင်း လုပ်နေရမှာ ဖြစ်ပါတယ်။ အနီးဆုံး ကိုယ့် မိသားစုအတွင်းမှာ ဆိုရင်-မိဘနဲ့ သားသမီး အိမ်ထောင်မှုတာဝန်များခွဲဝေလုပ်ကိုင်တဲ့အခါ တစ်ဦးနှင့် တစ်ဦး လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အဆင်ပြေစေဖို့ ညှိနှိုင်းရပါတယ်။ မိမိ လိုချင်တဲ့အချက်တွေ ၊ မိမိလုပ်ကိုင်နိုင်မှုတွေပေါ်မှာ မူတည်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်သွားကြတယ်။ အလုပ်ဝန်းကျင်တွေမှာလည်း အလုပ်ရှင် ၊ အလုပ်သမား ဆက်ဆံရေးတွေလည်း စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အရင်းတည် ခဲ့ရတာပဲ။ ရောင်းသူ၊ ၀ယ်သူကြားမှာလည်း ညှိနှိုင်းမှုတွေ ဆိုတာ အမြဲ ဖြစ်နေကြတာပဲလေ။
တခါတလေမှလား ........
မဟုတ်ပါဘူး၊ စေ့စပ်ညှိနှိုင်းမှုဟာ တခါတလေမှ ကိန်းကြီး ဂဏန်းကြီး ပွဲလမ်းသဘင်နဲ့ လုပ်မှ မဟုတ်ပါဘူး၊ အကြောင်းကြီးငယ်မရွေး တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းနေရတာပါပဲ။
ညှိုနှိုင်းမယ်ဆိုရင် .........
-ညှိနှိုင်းမှုမှာပါဝင်မယ့်သူများ
-ညှိနှိုင်းစရာ အကြောင်း အရင်းများ
-မိမိတို့ အလိုရာ လိုက်လျောသဘောတူချက်များ ( ညှိနှိုင်းမှုစာချုပ်) များကို သေသေချာချာ သိရှိထားရမှာဖြစ်ပါတယ်။
ဘယ်လိုညှိနှိုင်းမယ် ......
ညှိနှိုင်းမှု ပုံစံတွေ အများကြီးရှိပါတယ်။ နည်းဗျုဟာလို့လည်း ပြောချင်ပြောလို့ရပါတယ်။ ပုံစံမျိုးစုံနဲ့လည်း ဆွေးနွေး ညှိနှိုင်းကြပါတယ်။ မိမိတို့ ရည်ရွယ်ချက်ပေါ် မူတည်ပါတယ်။
ပူးပေါင်းမည့် ပုံစံ - နှစ်ဦးနှစ်ဘက် လိုက်လျောချက်တွေ ရှိရပါမယ်။ မျှတမှန်ကန်တဲ့ သတင်းအချက်အလက်၊ အပြုအမူတွေ ရှိရပါမယ်။ တစ်ဘက်နဲ့တစ်ဘက် မျှဝေရပါမယ်။ နှစ်ဘက်စလုံးအတွက် မျှတမှန်ကန်တဲ့ စံနှုန်းတွေ ၊ တောင်းဆိုချက်တွေ ပေါ်မှာ ပူးပေါင်းမှု ဖြစ်သွားတာပါ။ ဒီပုံစံလေးကတော့ တစ်ဦးနဲ့တစ်ဦး ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေမယ်လို့ ယုံကြည်ပါတယ်။
ပြိုင်ဘက်ကဲ့သို့ - ဒီပုံစံကတော့ မိမိဘက်ကို ကာကွယ်ပြီး မိမိအကျိုးစီးပွားကို ရအောင် ညှိရတာပါ။ မိမိအလိုရှိရာ အချက်အလက်ကို အမြင့်ဆုံးအနေအထားရအောင် တောင်းဆိုပြီး မိမိဘက်မှ ပြန်ပေးဆပ်သည်များကို တတ်နိုင်သမျှ နည်းအောင် လုပ်ရတာပါ။ ဒီပုံစံနဲ့ဆိုရင်တော့ လတ်တလော ပြသနာ ပြေလည်သွားမယ်ဆိုရင်တောင် တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းမှု ပြီးသွားရင်တောင် အမြင်လေးတွေ နားလည်မှုလေးတွေ မှာ ပြသနာရှိလာနိုင်ပါတယ်။
အငြင်းပွားမှု၊ ပြသနာတွေကြောင့် ညှိနှိုင်းရခြင်း - ဒါကတော့ မိမိ လိုချင်တာထက် ဖြစ်နေတဲ့ ပြသနာ ပြေလည်းသွားဖို့ ဦးတည်ပြီး ညှိနှိုင်းရတာပါ။
တချို့ကလည်း ညှိနှိုင်းရင် မိမိဘက် လိုချင်တာကိုပဲ မြင်ပြီး စစ်တိုက်သလို ညှိနှိုင်းတာတွေ ရှိပါတယ်
အရင်တုန်းကတော့ တစ်ဦးက အောင်မြင်ရင် တစ်ဦးက ရှုံးမှာပဲ ဆိုတဲ့ နည်းဗျုဟာကို အခြေခံပြီး ညှိနှိုင်းကြတယ်။ WIN _ LOSE ဒါမှမဟုတ် LOSE _WIN ။ ဒါတွေက တခါတလေ နှစ်ဘက်စလုံးကို အချည်နှီး ဖြစ်သွားစေတာတွေလည်း တွေ့ရတတ်တယ် LOSE_ LOSE ဖြစ်တာပေါ့။ အခု ခေတ်သစ်မှာတော့ သူလည်း အောင်မြင်။ကိုယ်လည်း အောင်မြင် ၊ သူ့ဘက်ကိုယ့်ဘက် အဆင်ပြေစေမယ့် နည်းတွေ ကို ဦးတည်ပြီး ညှိနှိုင်းလာကြပါတယ် ။ WIN- WIN strategy ဆိုတာ နားထဲမှာ ကြားဖူးပါလိမ့်မယ်။ အကျိုးကျေးဇူး နှစ်ဦးစလုံး ဖြစ်ထွန်းလာလို့ ယနေ့မှာ ဒီနည်းလမ်းကို ရှေးရှုပြီး သုံးလာကြပါပြီ။
ဒီတော့ မိမိလည်း ဘယ်လို ညှိနှိုင်းမလဲဆိုတာ စဉ်းစားရလို့ရမယ်ထင်ပါတယ်။

Wednesday, December 30, 2009

BYE MY 2009, HOPE FOR 2010


ချစ်သူငယ်ချင်းတို့၏ ညင်းဆဲမှုကြောင့် ဒီပို့စ်လေးကို ဖျစ်ညစ်ထုတ်ပြီး ရေးလိုက်ပါတယ်.....( တချို့သော အရာတွေတော့ သိတော့ဘူး.......)





ဇန်န၀ါရီလ...... မှတ်မှတ်ရရ ရှိတာ ၂၀၀၉ နှစ်စ ဇန်န၀ါရီလမှာတော့ ကျွန်မ အလိမ်ခံခဲ့ရပါတယ် ။ မှတ်မှတ်ရရ ပိုက်ဆံ ၂၀၀၀ အလှူပြုခဲ့ရပါတယ်..... :P၊ နောက်ပြီး ကျောင်းမှာ ပါလေရာ ဖြစ်တဲ့ ကျွန်မ ကျောင်းက fresher welcome ပွဲအတွက် အလုပ်အတော်ရှုပ်ခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ...... မွေးလလည်း ဖြစ်လို့ ဖေဖော်ဝါရီလ တလျှောက်လုံး ကောင်းမှုတွေ ပြုခဲ့တယ်လို့ ထင်ပါရဲ့။ ဒီလလည်း Mid term test တွေ စစ်နေရတာကြောင့် အမှတ်စစ်တဲ့ ကိစ္စ နဲ့ လုံးလည် ပတ်ချာရိုက်ခဲ့တယ်။ ဒီလမှာတော့ နယ်မှာနေတဲ့မိဘတွေ ရန်ကုန်ကို အပြီးပြောင်းလာတာကြောင့် မိသားစုအရေး လုံးပန်းနေရတော့တာပါပဲ။ (အဲ့လမှာ ဖူးပွင့် slim body ဖြစ်သွားတယ် ဟိဟိ)

မတ်လ ....... ဒီလကိုတော့ တော်တော် စိတ်ပင်ပန်းလူပင်ပန်း ဖြစ်တဲ့လပါ။ မေလကို ဖောင်ကြီးတက်ရမယ်ဆိုတဲ့ သတင်းလည်း ကြားရတယ် ။ စာမေးပွဲ ကျင်းပတဲ့လလည်း ဖြစ်တာကြောင့် အချိန်တွေ ဘယ်လို ကုန်သွားမှန်းကို မသိလိုက်တာပါ။
ဧပရယ် ........ ဒီလကတော့ ရုံးပိတ်ရက်ရှည်ကြီးတွေကြောင့် ကျွန်မ ချစ်သော သူများနှင့် အကြာကြီးခွဲခွာနေရတာ ..... ဧပရယ်လကို ကျွန်မ မကြိုက်ဘူး၊ သူများတွေ ပျော်တာတွေကို ထိုင်ကြည့်နေရတဲ့လကြီး.......
မေလ ....... ကျွန်မ မျက်နှာ ဇီးရွက်လောက်နဲ့ ဖောင်ကြီးသင်တန်းသွားခဲ့ရတဲ့လပါ။ အဲ့မှာ ကျွန်မ ဘ၀မှာ မတွေ့ကြုံတာတွေ တွေ့ရတော့တာပါပဲ။ စစချင်း ငချိတ်ထမင်းကို စမြင်ဖူးခြင်းပါပဲ။ ဘဲလည်းချောင်းရိုးနဲ့ ငါးကြော်ကို နေ့တိုင်း မိတ်ဖွဲ့ရတော့တာ ( အိုင်မြင်ရင်တော့ ရေကူးချင်စိတ်တောင် ပေါက်တယ် )။ ဒါပေမယ့် ကျွန်မ အရမ်းပျော်သွားခဲ့ပါတယ်။ ကျွန်မရဲ့ အရမ်း Senior ကျတဲ့ ကထိကတွေနဲ့ အတူတက်ရပေမယ့် သူငယ်ချင်းတွေလို အရမ်းခင်သွားတယ်။ ဖောင်ကြီးမှာ ကျွန်မရဲ့ ဘော်ဘော် (အချစ်ဆုံးမမ) နှစ်ယောက်ရခဲ့တယ်လေ။ ရန်ကုန်တက္ကသိုလ်က မမနန်း (သူက physic ကပါ သူဆီမှာ ဘွဲ့ထူး ဂုဏ်ထူးးတွေ အများကြီးပိုင်ဆိုင်ထားပေမယ့် ကျွန်မလို ပေါက်စကို တကယ့် ဘော်ဘော်လို ခင်တာပါ) နောက် မမငယ် သူကတော့ ကျွန်မနဲ့ ပေါဖော်ပေါဖက် ( မမငယ် ကန်တော့နော်) ။ ညဘက် မမငယ်နဲ့ ကင်းစောင့်တဲ့ည ကျွန်မတို့နှစ်ယောက် တကယ်ပဲ ကင်းနှစ်ကောင် ဖမ်းမိပါတယ်)၊ ဒီလ နောက်ဆုံးရက်မှာတော့ outpast ရခဲ့ပါတယ်။ out past က ပြန်လာတဲ့နေ့ကတော့ မဖြစ်ဖူးတာတွေ ဖြစ်လာတာပါ။ ကျွန်မတို့ စီးလာတဲ့ ယာဉ်တန်းမှာ ကျွန်မ လိုက်ပါလာတဲ့ ကား accident ဖြစ်တာပါပဲ။ ကားက ဘရိတ်ပေါက်သွားပြီး လမ်းဘေး သစ်ပင်ကို ၀င်အောင်းတာ။ အဲ့မြင်ကွင်းက အမှတ်တရပါပဲ။ဘုရားတရားမလို့ ကျွန်မ ဘာမှ မဖြစ်ခဲ့ပါဘူး။
ဇွန်လ ...... ဖောင်ကြီးမှာပဲ ရှိပါသေးတယ် ။ Trip ထွက်ခဲ့တဲ့အချိန် အရမ်းပျော်မိပါတယ်။ တိုင်းရင်းသားကျေးရွာမှာ ကျွန်မတို့အုပ်စု သူများလည်တိုင်း မလည်နိုင်ပဲ ၊ မုန့်ဆိုင်ကို သည်းကြီးမဲကြီး လိုက်ရှာတာ .....( အစားအသောက်က အရေးကြီးဆုံးလေ)။ဒီလက ကျွန်မ အပျော်ဆုံးလပါ။( ဘာကြောင့် ပျော်လဲ ပြောပြဘူး)
ဇူလိုင် ...... ဒီလက ကျွန်မအတွက် loading month ပါ။ သင်တန်းတက်ခဲ့တုန်းက မလုပ်လိုက်ရတဲ့အလုပ်တွေ ပြန်လုပ်ပေးလိုက်ပါတယ်။
သြဂုတ်၊စက်တင်ဘာ၊အောက်တိုဘာ ..... ဒီလတွေကတော့ အဆညမှာ selection သုံးလ ၀င်ရပါတယ်။ တက္ကသိုလ်အသီးသီးက ဆရာ/မတွေ အများကြီးနဲ့ ခင်ခွင့်ရပါတယ်။ ထူးထူးခြားခြား ဖြစ်စဉ်မရှိပါဘူး။
နိုဝင်ဘာ ..... ဒီလမှာတော့ ကျွန်မ မြောက်ကြွမြောက်ကြွ ဖြစ်လာတဲ့လပါ။ ကျောင်းမှာ နဂိုက အငယ်ဆုံးဆိုတဲ့ ရာထူးလေးကို စွန့်လွှတ်ပြီး senior မမ အဖြစ်ပါဝင်ခွင့်ရတော့တယ်။ ထူးထူးခြားခြား ရှိသေးတယ် သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့ရတယ် ( အကြောင်းကတော့ သူယောက်ျားယူလို့ပါ)
ဒီဇင်ဘာ ..... စိတ်ပင်ပန်း လူပင်ပန်းရှိတဲ့လ။ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့လပါ။ ပထမဆုံး scholar စာမေးပွဲ ၀င်ဖြေပြီး အောင်မြင်ပေမယ့်လည်း ခုထိ အောင်စာရင်း တရားဝင် ထွက်မပေးတဲ့အတွက် ဆန့်ငန်ကြီး ဖြစ်နေပါတယ်။
ကျွန်မက dual work ဖြစ်နေတဲ့အတွက် ကျွန်မမှာ အလုပ်ခွင် ပတ်ဝန်းကျင်နစ်ခု ရှိနေပါတယ်။ teaching ရယ် research ရယ်ပါ။ နှစ်ခုစလုံးက လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မအပေါ် အရမ်းကောင်းပါတယ်။ researchက မမတွေ ကိုကိုတွေဆို သူတို့ရဲ့ ချစ်ခင်မှုတွေက ဘယ်အလုပ်ခွင်မှာမှ ရှာမယ်ဆို မတွေ့နိုင်ပါဘူး။ ကျွန်မ အားကျဆုံးက မမနိုင်ပါပဲ၊ သူက အရမ်းတော်ပါတယ်။ မမကေရဲ့ styleကို အကြိုက်ဆုံးပဲ။ အမြဲတမ်း အပျော်ဆုံးလူသား ဖြစ်နေတာ။ ယဉ်မင်းကို ကျွန်မ အချစ်ဆုံး။ နှိပ်စက်လို့ အကောင်းဆုံးက ကျွန်မ ဘော်ဘော်အရင်ကြီး AAAလေ။
ကျောင်းမှာတော့ ကျွန်မ အချစ်ဆုံးကတော့ မလင်းပါ။ ကျွန်မကို ညီမလေးတစ်ယောက်လို စောင့်ရှောက်တဲ့မမပါ။ ကျွန်မ ချစ်ဆုံး ပါမောက္ခကတော့ တီချယ် နွဲ့။
နောက် အချစ်ဆုံးရှိသေးတယ် သိလား .........
( comment တွေ များအောင် ပဟေဠိ ထည့်လိုက်တယ်)


Sunday, August 9, 2009

All of You are Managers. But, to be better..............

အခုနောက်ပိုင်းတွေမှာ စီးပွားရေးလုပ်ငန်းမှာပဲ ဖြစ်ဖြစ် လူမှုရေးလုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် စီမံအုပ်ချုပ်မှုစနစ်ကောင်းကောင်းတစ်ရပ်ဟာ အဓိက အရေးကြီးပါတယ်။ လုပ်ငန်းဟာ အခြေအနေအရပ်ရပ်ကြောင့် အမြတ်အစွန်းများများနဲ့ ရပ်တည်နေနိုင်သော်လည်း စီမံ အုပ်ချုပ်မှု ညံ့ရင်တော့ ပြိုလဲမှာပါပဲ။ လူတိုင်းအတွက် စီမံအုပ်ချုပ်မှု ပညာဟာ အရေးကြီးပြီး တတ်မြောက်သင့်တယ်လို့ ထင်မြင်ပါတယ်။
လူတိုင်းမှာလည်း မန်နေဂျာကောင်းဖြစ်ဖို့ အခွင့်အရေး ရှိပါတယ်။ ပင်ကိုအရည်အသွေးအရ လေ့လာသင်ယူနိုင်သလို အတွေ့အကြုံအားဖြင့်လည်း တတ်မြောက်နိုင်ပါတယ်။ သင့်ဟာ မည်သည့်နေရာ မည့်သည့်အခြေအနေမှာပဲ ဖြစ်ဖြစ် မန်နေဂျာဆိုတာ မမေ့ပါနဲ့၊ အလုပ်အဖွဲ့ အစည်းတစ်ခုမှာ မန်နေဂျာ ရာထူးရမှာ မန်နေဂျာမဟုတ်ပါဘူး၊ သင့်အိမ်မှာ မောင်နှမ၊ သားသမီးများကို ဦးဆောင်အုပ်ချုပ်နေရလဲ မန်နေဂျာပါပဲ ၊ နောက်ဆုံး မိမိကိုယ်ကို မိမိ အုပ်ချုပ်နေရတဲ့ မန်နေဂျာပါ.......
ကောင်းကောင်းစီမံအုပ်ချုပ်မှုတွေ ပေးနိုင်ဖို့ဆိုရင်
၁။ သင်ဟာ...မိမိ အရည်အချင်း၊ အရည်အသွေးတွေပေါ်မှာ ကိုယ်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိနေဖို့လိုအပ်ပါတယ်၊ အဲ့ဒီမှာ မာနထောင်လွှားဖို့ကို ဆိုလိုတာမဟုတ်ပါဘူး၊ မိမိ အခြေအနေပေါ်မှာလည်း အားရနေရမယ်။ ဒါမှ ဘယ်ပြသနာမဆို သင်မကြောက်မရွံ့ ရင်ဆိုင်နိုင်မှာလေ။ သင့်ကိုယ်ကိုကိုယ် အမြဲ ယုံကြည်နိုင်အောင်လည်း သင့်အရည်အသွေးတွေ ကျမသွားအောင် ပိုတက်လာအောင် သင့်ကိုယ်ကိုကိုယ် သင် အမြဲ လေ့လာသင်ယူတတ်တဲ့ အကျင့်ကို မွေးရမယ်။ မိမိကိုယ်ကို မိမိ အမြဲ ဖြည့်နေရမယ်။
၂။ နောက်တချက်- သင်သည် အားနား၊ မြိုသိပ်တတ်တဲ့သူဆိုရင် အဲ့ အကျင့်ကို ဖျောက်ပါ။ မှန်ရာကို ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်း ပြောနိုင်ရမယ်။ ဘယ်သူနဲ့မှ အခေါ် အပြောမရှိတဲ့သူလည်း မဖြစ်စေရဘူး။ လူတော ၀န်ဆံ့တဲ့သူပေါ့ ။
၃။ သင် ရိုသားရမယ်၊ ဖြောင့်မတ်ဖို့လည်း လိုပါတယ်၊ ဒါမှ နောက်လိုက်တွေက ရိုသေမှုတွေ ပေးနိုင်မှာဖြစ်ပြီး သူတို့ကို စည်းရုံးနိုင်မယ်လေ။ သူတို့ဆီက ယုံကြည်မှုတွေကို တည်ဆောက်နိုင်မယ်လေ။ ဒါမှ သင့်လုပ်ဆောင်ချက်တွေ အောင်မြင်မှာပေါ့။
၎။ နောက်ပြီး သင် ပုဂ္ဂိုလ်စွဲနဲ့ လူမွေးတာ၊ လူတွေကို နေရာဖယ်ထုတ်တာ မလုပ်ရဘူး၊ လူတိုင်းကို သင့်အလုပ်မှာ ပါဝင်နိုင်အောင် လုပ်ရမယ်။ လူဆိုးပဲ ဖြစ်ဖြစ် လူကောင်းပဲ ဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်းကောင်းတွေ ရှိကြပါတယ်။ သင် ဒါကို ကောင်းကောင်း အသုံးချနိုင်ဖို့လိုပါတယ်။
၅။ အရေးကြီးတဲ့ အချက်ကတော့ သင် ခေါင်းမရှောင်ပါနဲ့၊ ဖြစ်လာသမျှကို တာဝန်ယူရဲရမယ်၊ မန်နေဂျာဆိုတာ ဖြစ်လာသမျှကို ဦးဆောင်ပြီး ဖြေရှင်းရမှာလေ။ သင် တာဝန်ယူဖြေရှင်းရဲမှ သင့်ကို မန်နေဂျာလို့ အသိအမှတ်ပြုမှာပါ၊ အကယ်၍ ခေါင်းရှောင်နေမယ်ဆိုရင် သင့်ကို မန်နေဂျာမှန်း ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။
သင်ဟာ အလုပ်အပေါ်မှာလည်း ........
၁။ လိုက်လျောညီထွေမှု ရှိရမယ်။ ခေါင်းမာတဲ့ လူ မဖြစ်ရဘူး၊ ဖြစ်လာတဲ့အခြေအနေတွေပေါ် သင့် စိတ်ကို အသားတကျ ဖြစ်အောင် ပြောင်းလဲနိုင်ရမယ်၊ ဒါမှ အရာအားလုံးကို မှန်ကန်စွာ မြင်နိုင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကလည်း မှန်ကန်နေမှာပါ။ သင့်က ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်ရတယ်ဆိုပေမယ့် လက်အောက်ငယ်သားဆီကပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ဆီကပဲ ဖြစ်ဖြစ် သူတို့ ပြောသမျှ၊ အကြံပေးသမျှကိုတော့ နားထောင်ပေးရမယ်။ သင့်တစ်ယောက်တည်း ဆုံးဖြတ်နေမယ်ဆိုရင်တော့ သင့်ရဲ့ အမြင်ပဲ ရမှာဖြစ်ပြီး အားလုံးအတွက် ကိုက်ညီချင်မှ ကိုက်ညီမယ်လေ။
၂။ အစီအစဉ်တွေ ၊ လုပ်ဆောင်ရမယ့် အလုပ်ဇယားတွေ ရေးဆွဲရမှာ မပျင်းပါနဲ့၊ သင့်လုပ်ဆောင်ရန်လိုတဲ့ အရာအားလုံးကို သင့်ဦးနှောက်ကပဲ သိနေလို့ မဖြစ်သေးဘူး။ လက်အောက်ငယ်သားတွေ သိအောင်လုပ်ရမယ်။
၃။ နောက်ပြီး သင် အသစ်အဆန်းတွေကို အမြဲ တွေးခေါ်နေပါ။ လုပ်ကြည့်ပါ၊ ဒါပေမယ့် လုပ်ကြည့်လို့ မှားသွားရင်တော့ အမှားကို ၀န်ခံပါ။ တောင်းပန်တာတော့ မလုပ်ပါနဲ့၊ လက်မလွှတ်ပဲ နောက်တခါ ထပ်ကြိုးစားပါ။
၎။ သင် သွက်လက်နေဖို့လိုပါတယ်၊ ဒါပေမယ့် နောက်လိုက်တွေ လိုက်မမီအောင်တော့ မသွက်လက်ပါနဲ့။ သင်တကိုယ်တည်း ရှေ့ရောက်နေလို့ မဖြစ်ဘူးလေ။ သူတို့ကိုပါ ကိုယ်နဲ့ တပါးတည်း ပါလာအောင် ဆွဲခေါ်လာပါ။ စောင့်ခေါ်သင့်ရင် ခေါ်ရပါမယ်။
၅။ သတင်းအချက်အလက်တွေကို အမြဲ မျက်စိဖွင့် နားဖွင့်ပြီး ယူတတ်ရပါမယ်။ ပြီးရင်တော့ သိလာတဲ့အချက်တွေကို ဒီတိုင်းမထားပါနဲ့။ ပြန်အသုံးချပါ။

ဒီလောက်လေးကို အကြမ်းဖျင်းသိပြီး လိုက်ဆောင်ရွက်ကြည့်မယ်ဆိုရင် ... သင့်အတွက် အောင်မြင်မှု တနေရာကို သင်တွေ့မှာပါ။ အမြဲတိုင်း သင့်ဟာ လက်ရှိအခြေအနေကို အားရနေရမယ်၊ ပြီးတော့ ဒါနဲ့တင် မကျေနပ်ပဲ ဒီထက်ကောင်းတဲ့ အခြေအနေ၊ နေရာကို ရှာဖွေနေရမယ်။
သင်လိုချင်တဲ့နေရာကို လိုက်ရှာမှ တွေ့မှာပါ။ ဒီတိုင်းနေမယ်ဆိုရင်တော့ လက်ရှိအခြေအနေက လက်ရှိအခြေအနေပါပဲလေ ..........................

TIME MANAGEMENT

ဘလော့ရေးဖို့ ကျော်ခွ နေရတာ စိတ်ပျက်တာနဲ့ မရေးဖြစ်တာ အတော်ကြာသွားပါတယ်။
အရင်ကလည်း ဒီပို့စ်လေးကို ရေးပြီးတာပါ။ နည်းနည်းလေး ပြန်ပြင်ပြီး ထပ်တင်လိုက်ပါတယ်။ လူ့ဘ၀မှာ ပြန်မရတော့တဲ့အရာတွေထဲမှာ အချိန်ဆိုတာ ထိပ်ဆုံးကပါ။ ကုန်ဆုံးသွားပြီးတဲ့အချိန်ကို ဘယ်လို တောင်းတတောင်းတ မရနိုင်တော့ပါဘူး၊ ဒါကြောင့် လက်ထဲမှာ ရှိနေတဲ့ အချိန်လေးမှာ ဘာတွေ ကို ဘယ်လို အကျိုးရှိရှိ ( လေလွင့်မှု အနည်းဆုံးနဲ့) လုပ်ဆောင်မလဲဆိုတာလေး သိအောင် Time Management ကို လေ့လာရအောင်..........


၁။ နေ့စဉ် မိမိလုပ်ဆောင်ရမယ့်အလုပ်တွေကို အရင်ဆုံး ရေးဆွဲလိုက်ပါ။
အကောင်းဆုံးကတော့ စက်ဝိုင်းပုံ ကားချပ်ထဲမှာ မိမိနေ့စဉ်ဆောင်ရွက်မဲ့ ကိစ္စတွေကို Pie chart ပုံစံနဲ့ ဆွဲလိုက်မယ်ဆိုရင် မိမိ ဆောင်ရွက်ရမယ့် ကိစ္စရပ်လေးတွေကို မြင်သာသွားတာပေါ့။ အဲဒီထဲမှာမှ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မင်အနီလေးနဲ့ ရေးရင် ပိုကောင်းတယ်။ Pie chart ဆွဲရင် အလုပ်လေးတွေကို မိမိအသုံးပြုရမယ့် ကြာချိန်အလိုက် အပိုင်းလေးတွေ ဆွဲလိုက်မယ်ဆိုရင် တနေ့ ၂၄နာရီရှိတဲ့ ပုံကားချပ်ကြီးမှာ ကိုယ့်အတွက် အချိန် နေ့စဉ် လုပ်ငန်းဆောင်တာတွေ အပြင် တခြား ကိစ္စတွေ လုပ်ဆောင်ဖို့ ကိုယ့်အတွက် အချိန် ဘယ်လောက်ကျန်လဲ ဆိုတာ သိရတာပေါ့။

၂။ တစ်နေ့အတွက် ပြီးရင် အပတ်စဉ်အတွက် ဇယားဆွဲလိုက်ပါဦး။
ဒီလို တစ်နေ့လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေကို တပတ်စာ ဇယားလေး ချလိုက်ပါ။ အပေါ်ဘက် အတန်းက နေ့ရက်တွေ ရေးပြီးတော့ ဘေးဘက်အတန်းမှာ လုပ်ငန်းဆောင်တာတွေ ရေးလိုက်ပါ။ အကွက်လေးတွေမှာ သုံးရမဲ့အချိန်တွေ ရေးလိုက်ပါနော်။ လုပ်ငန်းဆောင်တာတွေ ရေးတဲ့အခါ အရေးကြီးသလို အစဉ်လိုက် ရေးချလိုက်ပါ။

၃။ ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် အလုပ်တွေ သတ်မှတ်မယ်။ နောက်တဆင့်က ကိုယ့် ဒီနေ့၊ ဒီတပတ်မှာ အရေးကြီး လုပ်စရာ တွေကို အရေးကြီးသလို rankသတ်မှတ်ပြီး ရေးလိုက်ပါ။ long range , medium range , immediate လားဆိုတာ task တွေနဲ့ ယှဉ်တွဲပြီး ရေးလိုက်ပါ။ ကိုယ် ပြီးမြောက်ချင်တဲ့ ကိစ္စအတွက် အချိန်ဘယ်လောက်သုံးမလဲ။ ကိစ္စပြီးမြောက်ဖို့အတွက်
ဘာတွေလုပ်မှာလဲ ဆိုတာ အသုံးပြုမယ့် အချိန်နဲ့တကွ သတ်မှတ်ထားဖို့လဲ လိုပါတယ်။

၃။ တကယ် လုပ်ရတော့မယ့် လုပ်ငန်းတွေ ( to do list ) ကို ပြန်ချ ရေးလိုက်ပါ။

၎။ မမျှော်မှန်းနိုင်တဲ့ အခြေအနေ၊ အကြောင်းအရာတွေက ပေါ်လာတတ်တာမို့ ချွင်းချက် အခြေအနေမှာ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာ ခန့်မှန်းထားဖို့ လိုပါတယ်။

၅။ ပြန်သုံးသပ်ကြည့်ပါ။
ကိုယ်ဆွဲထားတဲ့ ဇယားတွေကို ပြန်သုံးသပ်ကြည့်လိုက်ပါ။ ကိုယ်ယူထားတဲ့အချိန်ဟာ အမှန်တကယ် လိုတဲ့ကြာချိန်လား ။ ဦးစားပေးမှုတွေဟာ အရေးပါမှုအလိုက် စီထားတာ ဟုတ်ရဲ့လား။ ကိုယ်ဆွဲထားတဲ့ အချိန်ဇယားကို update လုပ်ပေးဖို့ လိုတယ်နော်။ လုပ်ပြီးသွားတဲ့ ကိစ္စတွေဟာ ကိုယ်စီမံထားတဲ့ အချိန်အတွင်း လုပ်နိုင်ရဲ့လားဆိုတာ ပြန်လည် သုံးသပ်လိုက်ပါ။ .................

သူငယ်ချင်းတို့ရဲ့ ပိုတဲ့ အချိန်လေးမှာ ကိုယ်ဘ၀ကြီး သာယာလှပဖို့ ဖန်တီးလိုက်ရအောင်နော်..........

Sunday, March 8, 2009

အဖွဲ့အစည်းနှင့် ခေါင်းဆောင် ( organization behavior )

ခေါင်းဆောင်အုပ်ချုပ်မှု၊ ဦးဆောင်မှုပုံစံဟာ အဖွဲ့အစည်းရဲ့ ပုံစံ၊ လမ်းကြောင်းကို များစွာ ပုံဖော်ပါတယ်။ အဖွဲ့ဝင်တွေအတွက် ဘယ်လောက်ထိ တွန်းအားတွေပေးနိုင်သလဲ ဆိုတာ မူတည်ပြီး အဖွဲ့ ရဲ့ ရည်မှန်းချက် ပြီးမြောက်မှု မှာ သက်ရောက်ပါတယ်။ သူတို့တွေ အလုပ်လုပ်ရတာ ပျော်ရွှင်မှုတွေ ရှိမှာသာ အလုပ်ပေါ် အမှန်တကယ် စိတ်ထားပြီး လုပ်ဆောင်မယ်ဆိုရင် အဖွဲ့ရဲ့ ပန်းတိုင်လည်း ပြီးမြောက်မယ်။ သူတို့လည်း ကျေနပ်တဲ့ အခြေအနေတစ်ခုကို ရမယ်လေ။ ဒါမှမဟုတ်ပဲ ပဒိုင်းသီး လက်ထဲ ကိုင်းထားသလို လုပ်နေရမယ်ဆိုရင် ဘာမှ ရလာမှာမဟုတ်ပါဘူး။ အဖွဲ့တခုဟာ အဖွဲ့ဝင် အားလုံးလုပ်ဆောင်ချက် ကောင်းရမယ်။ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းနေရမယ်၊ လူတိုင်းလူတိုင်းအဖွဲ့အတွင်းမှာ ကျေနပ်မှု ရရှိနေရမယ်။ တဦးတယောက်ချင်းစီ ပြန်ကြည့်ရင်လည်း နဂိုထက် ပို၍ တိုးတက်မှုကို ရနေရမယ်။ ဆက်လက်ပြီးတော့လည်း အဖွဲ့အတွက်သော်လည်း မိမိအတွက်သော်လည်း တိုးတက်မှုကို ရှာနေရမယ်။ ဒါပေမယ့် အဖွဲ့ ကို အသုံးချပြီး ကိုယ်ကျိုးရှာတာမျိုးတော့ မဖြစ်ရဘူးပေါ့။
  • ငါအမိန့်အတိုင်း (Autocratic)
အာဏာကို အားပြုပြီး အုပ်ချုပ်တဲ့ ပုံစံပါ။ နောက်လိုက်တွေအနေနဲ့ ခေါင်းဆောင်ပြောသမျှ တသွေမတိမ်း လိုက်နာရမယ်၊ လိုက်လုပ်ရမယ်၊ ခေါင်းဆောင်အပေါ် မှီခိုနေရမယ်။ များသောအားဖြင့် ဒီလို အခြေအနေ ဦးဆောင်မှုတွေမှာ နောက်လိုက်အနေနဲ့ အဆင်မပြေတာတွေ ၊ မလုံလောက်တာတွေ တွေ့ကြုံနေရရင်တောင်မှ ကြိတ်မှိတ်နေနေရတဲ့ ပုံစံတွေ ဖြစ်လာတယ်။ သူတို့အနေနဲ့ ပြန်ရချက် (၀င်ငွေ) အားဖြင့်လည်း ရပ်တည်နိုင်တယ်ဆိုရုံလောက်နဲ့ပဲ ကျေနပ်နေရပါတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း ခိုင်းတာတော့ လုပ်ပေးမှာပဲ။ ဒါပေမယ့် အောင်မြင်ပြီးမြောက်မှုဆိုတာ မသေချာပါဘူး။

Autocratic Organizations
  • ငွေပေးရင် ဘာမဆိုရတယ် (custodial)
သူကတော့ ငွေကြေးကို အားထားပြီး လူတွေကို ဦးဆောင်သွားတာပါ။ အဖွဲ့ဝင်တွေကို မက်လောက်တဲ့ ငွေကြေးတွေ ပေးတယ်၊ ဒါပေမယ့် အလုပ်ကိုတော့ ပြီးမြောက်အောင်မြင်အောင် လုပ်ရမယ်ပေါ့။ ဒီနည်းအားဖြင့် ဆိုရင်တော့ အလုပ်သမားတွေ ၊နောက်လိုက်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အလုပ်အကိုင် စိတ်ချရမှု၊ အကျိုးအမြတ်တွေ အရာအားလုံးဟာ အဖွဲ့အစည်းပေါ်မှာ မှီခိုမှာပါ။ ဒီအဖွဲ့အစည်းကို ခင်တွယ်မှာပါ။ နောက်လိုက်တွေ အနေနဲ့ကြည့်ပြန်ရင် ဒီလို အဖွဲ့မှာ ပါဝင်နေရလို့ သူတို့ စားဝတ်နေရေး သက်မွေးကျောင်းအတွက် လုံခြုံစိတ်ချရမှု ခံစားရမှာပါ။ ဒါကြောင့် အဖွဲ့ အပေါ် ပိုပြီး ခင်တွယ်လာမယ်၊ လုပ်ဆောင်မှုတွေကလည်း ပူးပေါင်းဆောင်ရွက်လိုစိတ်တွေ နဲ့ လုပ်ဆောင်လာမယ်။
Custodial Organization
  • ငါ ကူပေးမှာပေါ့ ( supportive )
ခေါင်းဆောင်ဟာ မိမိနောက်လိုက်ရဲ့ လိုအပ်ချက်တွေကို နောက်ကနေ ဖြည့် တင်းပေးပါတယ်။ အလုပ်တစ်ခုမှ ဒီတယောက်က မလုပ်တတ်ဘူးဆိုရင် သင်ပေးတယ်။ ဘာတွေ လိုလဲ ဖြည့်ဆည်းပေးတယ်လေ။ အလုပ်သမားတွေ၊ နောက်လိုက်တွေဟာလည်း အလုပ်ဆောင်ရွက်ချက် ကောင်းလာတယ်၊ မလုပ်နိုင်လည်း သင်ပေးနေတော့ အလုပ်ကို မကြောက်တော့ပဲ ပါဝင်လာတယ်လေ။ သူတို့တွေလည်း အသိအမှတ်ပြုခံရတဲ့ အခြေအနေ တစ်ခု ကို ရရှိကျေနပ်နေတာပေါ့။ အမြဲတမ်း အလုပ်လုပ်ဖို့အတွက် နိုးကြားနေတယ်လေ။ ဘာခိုင်းခိုင်း ကြိုးစားပြီး လုပ်တာပေါ့။
Supportive Organization
  • တူတူ လုပ်တာပေါ့ (collegial)
ခေါင်းဆောင်ဟာ ငါ ခေါင်းဆောင်ရယ်လို့ သဘောမထားပဲ teamwork ထဲမှာ တပြေးညီ ၀င်လုပ်ပါတယ်။ သူ့တာဝန် ကိုယ်တာဝန် ခွဲပြီး အတူတကွ လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် နောက်လိုက်တွေ အလုပ်သမားတွေဟာ မိမိယူထားရတဲ့ တာဝန်တစ်ခုအပေါ် တာဝန်ရှိသွားကြပါပြီ။ လုပ်သမျှကို ဂရုတစိုက်နဲ့ လုပ်တော့မယ်။ ကောင်းရင် စံရမယ် မကောင်းရင် ခံရမယ်ဆိုတာ သိနေပါတယ်။ ဒါကြောင့် သူတို့တွေဟာ တာဝန်ယူစိတ်တွေ ကိုယ့်ကိုကိုယ် ထိန်းကျောင်းမှုတွေ ဖြစ်လာပါတယ်။ သူတို့ ဒီလို လုပ်ရတာကြောင့် သူတို့ဆောင်ရွက်ချက်တွေရဲ့ရလဒ်တွေအပေါ် အမြဲဂုဏ်ယူနေမယ် ကျေနပ်နေမယ်လေ။ ဒါကြောင့် သူတို့တွေဟာ အမြဲ အလုပ်လုပ်ဖို့၊ ပေးထားတဲ့ တာဝန်ကို ကျေပွန်ရုံသာမက အောင်မြင်ဖို့အတွက် အရမ်းကို စိတ်အား တက်ကြွနေတဲ့ အနေအထားဖြစ်စေပါတယ်။
Collegial Organization



Thursday, January 22, 2009

ဝိသာခါ မဟုတ်သော ကျွန်မ (or) Strange Donation

ခေါင်းစဉ်ဘယ်လိုပေးရမှန်း မသိလို့ ဒီလို ပေးရတာ ထူးဆန်းသွားမှာပါ။ လတ်တလောက ကျွန်မ ကြုံခဲ့သောအဖြစ်လေးတစ်ခုကို တင်ပြချင်လို့ပါ။
လွန်ခဲ့တဲ့ တနလာင်္နေ့ကပါ။ ကျွန်မ နေမကောင်းတာနဲ့ အလုပ်ခွင့်ယူပြီး အိမ်မှာ အနားယူပါတယ် ။ ဦးဇောတိက စာအုပ်လေးကို ဖတ်ပါတယ်၊ ဘ၀ဆိုတဲ့ကျောင်း ရယ်၊ သိက္ခာရှိရှိနေမယ် ခွင့်လွှတ်တယ်ဆိုတာပါ၊ ဖတ်ရတာ အရမ်းကို စိတ်ချမ်းသာပါတယ်။ စိတ်ကို အရမ်းအေးချမ်းပါတယ်။ ဆရာတော်ဟောတဲ့ ကိုယ်ချင်းစာတရားကို အရမ်း နှစ်ခြိုက်ပါတယ်။ အိမ်အလုပ်လေးဘာလေးလုပ်ပြီး ညနေကျတော့ စာသင်စရာလေးရှိတာနဲ့ အပြင်ထွက်ဖို့ ပြင်ဆင်ပြီး ညနေ လုပ်ငန်းတာ စာသင်ဖို့ ထွက်ရတော့တာပေါ့။
ည ၇ခွဲလောက်မှာ ကျွန်မ စာသင်တဲ့ အတန်းတွေပြီးလို့ အိမ်ကို အပြန်ခရီးမှာ လှည်းတန်းရှေ့က စိန်ဂေဟာကို ၀င်ပြီး မနက်ကျောင်း ထမင်းချိုင့်အတွက် ဟင်းတွေ ၀င်ဝယ်တာပေါ့။ ဆိုင်ရှေ့မှာ ကျွန်မ အိမ်ကို ပြန်တဲ့ ကားဂိတ်ရှိတယ်လေ။ ဈေးဝယ်ပြီးတာနဲ့ ကားပေါ်တက်မယ်အလုပ် နောက်ကနေ
“ ဟိတ်..............နင် ECO ကလား ”
ကျွန်မရဲ့ စိတ်က လမ်းမှာ သူငယ်ချင်းတွေ့ပြီးခေါ်တာပဲဖြစ်ဖြစ် တပည့်တွေ နှုတ်ဆက်တာပဲ ဖြစ်ဖြစ် အရမ်းဝမ်းသာတတ်တာ........၊
“ အေး ဟုတ်တယ်။ ကျောင်းကပဲလား .......... ”
“ ဟုတ်တယ်၊ နင်ကို ငါမှတ်မိတယ် ”
“ ဟုတ်လား ၊ ၀မ်းသာပါတယ် မှတ်မိတာ ” အမှန်တကယ်တော့ ကျွန်မ မမှတ်မိပါ။ အတန်းထဲကလူဆိုလို့ ကျွန်မ နောက်ဆုံးတက်လာတဲ့ မဟာတန်းက လူတွေလောက်ပဲ မှတ်မိတာ ။ အတန်းငယ်တုန်းက ကျွန်မ ကျောင်းအရမ်းပြေတာလေ။ ဖြစ်နိုင်ပါတယ် မမှတ်မိတာ။
“ ငါတော့ သိပ်မမှတ်မိဘူး ........ ။ နောက်တွေ့လည်း ခေါ်ပါနော်၊ သူငယ်ချင်းတွေ ပြန်တွေ့ရင် အရမ်းဝမ်းသာတာ....”
“ နင်ကို ပြောချင်လို့........... ငါ့ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာ ၊ အခု ပိုက်ဆံ ၃၀ ပဲကျန်တယ်၊ ဘာလုပ်ရမှန်းမသိလို့ ထိုင်နေတာ ၊ နင်တွေ့လို့ ”
ဟုတ်ပါတယ်။ ကျွန်မဆိုလည်း အတော် စိတ်ညစ်မှာ ၊ မိန်းကလေး တစ်ယောက်တည်းလေ၊ ပိုက်ဆံ ၃၀နဲ့ ဘယ်ကားမှ စီးလို့မရဘူးလေ။
“ ဟုတ်လား၊ ငါဘာလုပ်ပေးရမလဲ၊ ငါ့ဆီက ယူသွားမလား၊ ”
“ အဆင်ပြေရင်တော့ လိုချင်တယ်၊ ”
ကျွန်မ ၁၀၀၀ ထုတ်ပေးလိုက်ပါတယ်၊ ကျွန်မအတွက် ၁၀၀၀ ခဏပေးလိုက်ရလို့ ကျွန်မ ဘာမှမဖြစ်ပါဘူးလေ၊ ကျွန်မ အိမ်ကိုတော့ ပြန်နိုင်ပါတယ်၊ သူ့ခမျာ အိမ်ကို ပြန်ဖို့ခက်နေတယ်လေ။
“ အဆင်ပြေရဲ့လား။ နင် ဘယ်အတန်းကလဲ ”
“ section 4 က ၊ ကျေးဇူးပဲဟာ ........ ငါ ဘယ်လို ဆက်သွယ်ရမလဲ ”
ကျွန်မ ဖုန်းနပါတ် ပေးလိုက်ပါတယ်၊ ကျွန်မလည်း
“ နင်ဘယ်မှာ လုပ်နေလဲ ”
“ accountant”
“ ဘယ်မှာ လုပ်တာလဲ ”
“ ကုမ္ပဏီမှာ ” ကျွန်မ သိချင်တာ ဘယ်ကုမ္ပဏီလဲဆိုတာပါ၊ နောက်တခေါက်မေးလဲ သူက မပြောပါ၊ မပြောချင်လို့ပဲ နေမှာဆိုပြီး မမေးတော့ပါဘူး၊
“ အဆင်ပြေရင် နောက်ထပ် ၁၀၀၀ လောက်ပေးခဲ့လို့ရမလား”
ကျွန်မ စိတ်ထဲမှာ ကားမရရင် taxi ငှားစီးဖို့ပဲနေမှာဆိုပြီး ကျွန်မ လက်က ပိုက်ဆံ ၁၀၀၀ ထုတ်လျက် ပေးပြီးသား ဖြစ်သွားပါတယ်။
“ ကျေးဇူးပဲ ”
“ ငါ မိုးချုပ်နေလို့ သွားတော့မယ်နော် ” ကျွန်မ နှုတ်ဆက်ပြီး ထွက်ခဲ့ပါတယ်။ ကားက လြူုပည့်မှ ထွက်တာမို့ ကားပေါ် တက်ထိုင်နေပါတယ်။ ကျွန်မလည်း ခုန ကောင်မလေးကို စိတ်မချလို့ လိုက်ရှာကြည့် ခဲ့ပါတယ်။ သူမက စိန်ဂေဟာ ရှေ့မှာ မတ်တပ်ရပ်လျက်၊ ကျွန်မ စိတ်ထဲမှာတော့ သူဘာကြောင့် မပြန်တာလဲ၊ ပိုက်ဆံလည်း ရသွားပြီပဲ။
ခဏနေတော့ သူမနားသို့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ နှစ်ယောက်သား ပုခုံးဖက်ပြီးတော့ ဆီချက်ဆိုင်ထဲ ၀င်သွားတာ၊ မျက်နှာလေးတွေက ကြည်နူးစရာပုံလေးနဲ့၊
ကျွန်မ သိလိုက်ရပါပြီ၊ ဒီကြည်နူးမှုလေးတွေက ကျွန်မ ပေးလိုက်တဲ့ကြည်နူးမှုတွေပါလားလို့...................
ရက်တွေသာ ကြာသွားပါတယ်၊ ကျွန်မဆီ ဖုန်းလည်း မလာပါဘူး၊ ပြန်စဉ်းစားမိတယ်။ ကျွန်မတို့ အတန်း section 2 ထိပဲရှိတာ section 4 ဆိုတာ ရှိမှမရှိပဲ။
ထူးဆန်းတာတစ်ခုကတော့ ကျွန်မစိတ်ထဲမှာ နှမျောတာတွေ မဖြစ်သွားတာပဲ။ အရင်တုန်းကဆို ကျွန်မ ပိုက်ဆံမစားရမသောက်ရပဲ ကုန်သွားရင် အရမ်း နှမျောတာ၊ စိတ်လည်း အရမ်း ညစ်တာ။ အခုတော့ ကျွန်မစိတ်ထဲ ဘာဆို ဘာမှမဖြစ်ခဲ့ဘူး၊ ဆရာတော်ဦးဇောတိကရဲ့ တရားကျေးဇူးတော်ကြောင့်ပါ။ ဒီပိုက်ဆံ ငါပြန်ရှာရင် ဖြစ်ပါတယ်လေ၊ ဘာပဲ ဖြစ်ဖြစ် သူတို့ ငါပေးလိုက်တာကြောင့် ပျော်ရွှင်မှုတော့ ရသွားပါတယ်ဆိုပြီးတော့ ပိတိတော့ ဖြစ်မိတာအမှန်ပဲ...............

နောက်ဆက်တွဲ အဖြစ်လေး


ဒ်ီအဖြစ်လေး ဖြစ်ပြီး ၆ ရက်မြောက်နေ့မှာ
တာမွေကားမှတ်တိုင်မှာ ဒီလိုမျိုးအဖြစ်မျိုး ထပ်ကြုံရပြန်တယ်။ ဒီတခါတော့ ကျွန်မ သိသွားပါပြီ။
ကောင်မလေး ရုပ်လေးက မထင်ရက်စရာပါ။ လှတပတလေးပါ။ ပိုက်ဆံအိတ် သူ့အလုပ်မှာကျန်ခဲ့လို့၊ ပြန်ဖို့ သူငယ်ချင်းစောင့်နေတာ၊ ဆံပင်ရှည်ရှည်နဲ့ကောင်မလေးကို တွေ့မိလားတဲ့။ မတွေ့မိဘူးပြောတော့ ဒုက္ခပါပဲ၊ ရန်ကင်းထိ ပြန်ရမှာ လမ်းလျှောက်ပြန်ရတော့မယ်ထင်တယ်တဲ့၊ အောင်မယ်လေး .......... ကျွန်မလို အတွေ့အကြုံလတ်လတ်ဆတ်ဆတ်ရှိပြီးသားကိုမှ လာပြောနေရသလား ကောင်မလေးရယ် .................
ဒီလိုခေတ်မှာ လုပ်စားကိုင်စားရတာ ခက်တယ်ဆိုတာတော့ မှန်ပါတယ်။ မြန်မာမိန်းကလေးများ အကျင့် သိလ မပျက်စေချင်ပါဘူး။ ဒီလိုမျိုးလိမ်တာကနေ သူတို့လေးတွေ လိမ်တောင်းမရရင် ဘာဖြစ်သွားကြမလဲ၊ ဘယ်လိုတွေမှာ သွားတောင်းကြမလဲ ဆိုတာ ရင်လေးစရာပါ.........

Thursday, December 25, 2008

CURRENCY OR MONEY


အမေရိကန် စီးပွားရေးအကျပ်အတည်း အကြောင်းကို စာတမ်းကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရင်းနဲ့ အရင်တုန်းက ဖတ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို အမှတ်ရသွားတယ်။
...............
လူတွေရဲ့ တီထွင်မှုထဲတွင် ကြောက်စရာအကောင်းဆုံးကို တီထွင်လိုက်ပြီ။
ဂိုးလပ်က ဆေတန်ကို ပြောသည်။ ဂိုလပ်သည် နတ်ဆိုးဖြစ်၍ ဆေးတန်သည် အဆိုးတကာ့ အဆိုးဆုံးသော နတ်ဆိုးဘုရင် ဖြစ်သည်။ ဆေတန်က ဂိုလပ်ကို စေခိုင်းထားသည်။
လောကကြီး ကပြောင်ပပြန်ဖြစ်အောင် ဖန်တီးလိုက်ပါ။ လူတွေမှာ မိစ္ဆာစိတ်တွေ ပေါ်ပေါက်အောင် နှိုးဆော်ပါ...... လူဘ၀ကို မငြိမ်းချမ်းအောင် လုပ်ပါ.......... လူတွေကို ဒေါသမီးတွေ လောဘမီးတွေ တောက်လောင်စေပါ။ လူတွေကို ပိုင်ဆိုင်မှုတွေပေးပါ။ အတ္တတွေကို ပေးပါ ........... လူတွေရဲ့ သွေးနထင်ရောက်ဖို့ မာနတွေ ဖို့ပေးပါ ...............
နှစ်ပေါင်းများစွာ ဆေတန်နှင့် ဂိုလပ်တို့ ဆောင်ရွက်ချက်များသည် စစ်ပွဲတွေကို ဖြစ်စေသည်။ လူအချင်းချင်း သတ်ဖြတ်ကြသည်များကို ဖန်တီးနိုင်ကြသည်။ သို့သော် မလုံလောက်။ ဆေတန်နှင့် ဂိုလပ် စောင့်ကြပ်ခြင်း မပြုနိုင်သည့် အချိန်များတွင် အငြင်းပွားမှုများ ရပ်ဆိုင်းသွားသည်။ လူသားများသည် နောင်တ တရားရသွားကြသည်။
အေးချမ်းသွားကြသည်ကို ဆေတန်က မကြည့်နိုင်။
လူသားတွေ ထာဝရစိတ်ဆင်းရဲဖို့ ဘာလုပ်ရမလဲ...........။ သူတို့ မတွေ့ရှိခဲ့ပါ။ လူသားတွေ ထာဝရ စိတ်ဆင်းရဲဖို့ မာရ်နတ်တွေ မလုပ်နိုင်ခဲ့ပေ။ သို့သော် လူသားတွေ ထာဝရစိတ်ဆင်းရဲဖို့ လူသားတွေသာ လုပ်နိုင်ခဲ့သည်။
ဤသည်ကား ငွေကြေးကို တီထွင်လိုက်ခြင်းပင် ဖြစ်သည်။ ဂိုလပ်က ပြောသည်။
အရှင် ဆေတန်နတ်မင်း လူသားတွေဟာ ငွေကြေးကို တီထွင်လိုက်ခြင်းဟာ မဟာအမှားပါပဲ။ သူတို့ဟာ ငွေကြေးရဲ့ ကျေးကျွန်ဖြစ်သွားကြပြီ သူတို့ဟာ ကမ္ဘာဦးကာလကလို အိပ်ကောင်းခြင်းလည်း မအိပ်ရ စားကောင်းခြင်းလည်း မစားရတော့ပါဘူး။ သူတို့မှာ ဘုရားသခင်လည်း မရှိတော့ဘူး။သူတို့ဟာ ထာဝရ ဘုရားထက် ငွေကြေးကို ကိုးကွယ်နေကြပြီ။ သူတို့မှာ မိတ်ဆွေလည်း မရှိတော့ဘူး၊ သူတို့ရဲ့ အကောင်းဆုံးမိတ်တွေဟာ ငွေကြေးပဲ။ သူတို့ရဲ့ဒဿနဟာ ငွေကြေးရရှိမှုပဲ။ သူတို့ဟာ ငွေရရှိဖို့ဆိုရင် မိဘလည်း မရှောင်၊ မောင်နှမလည်း မရှောင် သတ်ဖြတ်ရဲလာကြတယ်............
အို........ဆေတန်မာရ်နတ်မင်း ဒီနေ့ကစ၍ ကျွန်ုပ်တို့ အနားယူနိုင်ပြီ။ လူသားတွေရဲ့အမှားဟာ ကမ္ဘာတည်သရွေ့ သူတို့ကို ဒုက္ခပေးတော့မှာ ဖြစ်ပါတယ်။
ဂိုလပ်ရဲ့ စကားကို ဆေတန်က ပြုံးပြုးံကြီး နားထောင်၍ အော်.......လူသားတွေ တော်တော်မိုက်ကြပါလား။ သူတို့နဲ့ လိုက်မိုက်ဖို့ တို့တောင်မမီပါလား ဟု ပြောဆိုကာ ထွက်သွားလေသတည်း။
....................................
ဟုတ်ပါတယ်။ လူတွေဟာ သတ္တ၀ါတွေထဲမှာ တီထွင်ကြံဆနိုင်မှုကို ပိုင်ဆိုင်ထားပါတယ်။ ငွေကြေးဆိုတာလည်း မရှိမဖြစ်ပါ။ လူတွေ နေ့စဉ် မိမိလိုအပ်ချက် လိုအင်တွေကို ဖြည့်ဆည်းပေးနေတဲ့ ကြားခံ ကိရိယာလေးပါ။ ငွေကြေးရဲ့ ဂုဏ်အင်တွေကတော့ အများကြီးပါ။ ကျွန်ုပ်တို့ဟာ ငွေကြေးကို ကြားခံ ဖလှယ်ရေးကိရိယာအဖြစ် သုံးနေတာ နေ့စဉ်အလုပ်တွေမှာ အတော်လေး ပြီးမြောက်စေပါတယ်။ ဒီလို ဖန်တီးလိုက်တဲ့ ငွေကြေးဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေက များပြားပါတယ်။ ကျယ်ကျယ်ပြန်ပြန်လည်း သုံးနေကြတာမို့ သူကို ပြန်ပြီး control ပြန်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ သူ့ကို ကောင်းကောင်းခိုင်းနိုင်ဖို့ plan တွေstratgy လုပ်ထားဖို့ လိုပါတယ်။ သူရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မပြတ်စောင့်ကြည့်ဖို့လိုပါတယ်။

Tuesday, November 25, 2008

Advertising and Ethics

ကြော်ငြာတစ်ခု လုပ်မယ်ဆိုရင် ..........
အခု ပို့စ်မှာတော့ Advertising နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ၂၀၀၀ခုနစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ကြော်ငြာတွေအရမ်းကို ခေတ်စားလာပါတယ်။ ဖြစ်သင့်ပါတယ်လေ။ အခုနောက်ပိုင်းမှာ ကိုယ့်ကုန်စည် သူ့ကုန်စည် အပြိုင်အဆိုင်ဖြစ်နေတာကို........။ market ထဲမှာ ကိုယ့် ကုန်စည် နေရာ တစ်ခု ရရေး၊ ပေါ်လွင်နေရေးအတွက်လည်း နည်းဗျူဟာ အမျိုးမျိုးကို သုံးနေပါတယ်။ market share အရင်ရဖို့ ၀ယ်သူကို အရင် ဆွဲခေါ်နေရပါတယ်။ ပြီးတော့ ဒီဝယ်သူတွေ ကျမသွားအောင် သူများဘက်မလှည့်သွားအောင် ဆက်ထိန်းထားဖို့ နည်းဗျူဟာတွေ ဆက်သုံးရပါတယ်။ နောက်ထပ် ၀ယ်သူထပ်ဖို့ လုံးပမ်းရပါသေးတယ်။ ဒါကြောင့် marketing ဆိုတာ အရမ်းတွင်ကျယ်လာခဲ့ပါပြီ။ လုပ်ငန်းတိုင်း marketing ကို ငွေပမာဏအတော်များများထည့်ပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နေပါပြီ။ ဒီထဲမှာလည်း ကြေငြာကဏ္ဍက အရမ်း အရေးပါပြီး တွင်ကျယ်လာပါတယ်။ မိမိကုန်စည်ကို လူသိအောင်၊ ကိုယ်ဘာတွေထုတ်နေလဲ ၊ စားသုံးသူလိုအပ်ချက်ကို ဘယ်လို ဖြည့် ဆည်းနေလဲဆိုတာကို communicate လုပ်ပေးပါတယ်။
ဈေးကွက်စီးပွားရေးစနစ်မှာ marketing definition အခြေခံက to satisfy customer's needs and want ပါ။ ဘာပဲ ထုတ်ထုတ် ၀ယ်သူကျေနပ်စေရပါမယ်။ ကိုယ်လုပ်ငန်းလည်း အမြတ်လည်း ကျန်စေပေါ့။ ၀ယ်သူဟာ ဦးစားပေးပေါ့။
ဒါပေမယ့် ယနေ့ တီဗွီကြော်ငြာ်တွေမှာ ကိုယ့်ကုန်စည်ကို ပေါ်လွင်စေရေးကို ရှေးရှုပြီး ကျင့်ဝတ်တွေ ကို ဖောက်ဖျက်နေတာကို တွေ့ရပါတယ်။ မိမိကုန်စည်ရဲ့ အားသာချက်ကို ပြဆိုနိုင်ပြီး ၀ယ်သူရရှိဖို့ ကြံဆောင်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒီလို information ကို ပေးပုံပေးနည်းက သူများ ကုန်စည်ကို မကောင်းပြောသွားပြီး ကြေငြာသွားတာတွေ တွေ့ရပါတယ်။ ဒီထက်ပိုဆိုးတာက ၀ယ်သူကို စော်ကားမှုတွေပါ ပါလာတာကို တွေ့ရပါတယ် ။ကြော်ငြာတစ်ခုမှာဆိုရင် ` ...........ပျော့ပျော့သောက်ချင်ရင် ရေသောက်ပါ..........´ ဆိုတာမျိုးပါ။ သူ့ကုန်စည်မကောင်းပြောတဲ့သူကို ပြန်စော်ကားရာ ရောက်နေပါတယ်။ `နောက် ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကို ကုန်စည်ကို မသိတဲ့အတွက် ` ပိန်းတာကွာ ´ `ဒါသုံး (ခေါင်းကို လက်ညှိုး ဖြင့် ခေါက်၍ ) ´ ဆိုတာမျိုးတွေပါ။ ကိုယ့် ကုန်စည်ရဲ့ နမည်ကတော့ ကျန်သွားပါတယ်။ဒါပေမယ့် ၀ယ်သူ ၊ လူထုဆိုရင် ပိုမှန်ပါမယ် social cost တွေများလာပါတယ်။ တနည်းအားဖြင့် ကလေးငယ်တွေ စကားပြောတွေ ရိုင်းလာပါတယ်။ နောက်ကြော်ငြာတစ်ခုကတော့ ဓါတုဗေဒ ပစ္စည်းတစ်ခုကို စားသုံးကုန်အနေနဲ့ ရောကြော်ငြာသွားတာ။ ဆပ်ပြာကို နို့ဖျော်ပြီး ကြော်ငြာသွားတာ။ ဒါကလည်း ကလေးငယ်တွေကို မှားယွင်းတဲ့မှတ်သားမှုကို ဖြစ်စေပါတယ်။
ဒါကြောင့် ကြော်ငြာလုပ်တော့မယ်ဆိုရင် အများကြီး ၊ အဝေးဆုံးထိ မျှော်တွေးစေချင်ပါတယ်။ မိမိ ကြော်ငြာ ပေါ်လွင်ထိုးဖောက်ရေးအတွက်သာမက social ကိုလည်း ကြည့်သင့်ပါတယ်။ ကျင့်ဝတ်ကိုလည်း မချိုးဖောက်ပဲ ကြော်ငြာသွားတယ်ဆိုရင် အကောင်းဆုံးပေါ့ရှင်။

အနိုင် နှင့် အရှုံး

တခါက...........
မြစ်နှင့် ကမ်းပါးတွေ ရန်ဖြစ်ကြပါတယ်။
မြစ်။ ။ တွေ့ကြရောပေါ့ကွာ
သူ့ရဲ့ လှိုင်းတွေနဲ့ ကမ်းပါးတွေကို ဖြိုဖျက်ပစ်ပါတယ်။ကမ်းပါးတွေက တအိအိပြိုကျလို့ ..................
မြစ် ။ ။ ဟား .........ဟား ငါ့ရဲ့ အစွမ်းကို တွေ့ပြီ မဟုတ်လားကွ ။ မင်းတို့ ဘာတတ်နိုင်သေးလဲ ...
ကမ်းပါးတွေက ဘာမှ ပြန်မပြောပါဘူး။
အချိန်တန်တော့လည်း ပြိုကျသွားတဲ့ ကမ်းပါးတွေကပဲ သောင်တွေထွန်းပြီ မြစ်ကို ကောက်ကွေ့စေလိုက်ပါတယ်။
( ဖတ်ဖူးသော စာအုပ်လေးတစ်အုပ်မှ သဘောကျ၍ ထုတ်နုတ် ဖော်ပြထားခြင်း ဖြစ်သည် )

Friday, October 31, 2008

Youth' Time and Internet

၂၀၀၀ခုနှစ်နောက်ပိုင်းကစပြီး IT နည်းပညာတွေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာတယ်လို့ ဆိုရမယ်။ဒီလိုတိုးတက်မှုတွေကြောင့်လည်း လူငယ်တွေအတွက် IT နည်းပညာဆိုင်ရာ အခွင့်အလမ်းတွေ အများကြီးပေါ်လာပါတယ်။ အသိညဏ်တွေလည်း အများကြီး ပွင့်လင်းလို့လာပါတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံတကာနဲ့လည်း ယှဉ်ပြိုင်နိုင်မှုတွေမှာ စွမ်းရည်တိုးလားပါတယ်။ သတင်းအချက်အလက်နည်းပညာရရှိမှုတွေ၊ ဆက်သွယ်မှု တွေဟာ အရင်ကထက်ပိုမိုလွယ်ကူလားပါတယ်။ ဒါကိုလည်း လူငယ်အပြင်လူကြီးတွေကပါ လက်ခံလာ ကြပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ IT ကြောင့် ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေပါ၊ နိုင်ငံခြား အထူးသဖြင့် အနောက်နိုင်ငံတွေမှာတော့ IT ရဲ့ အကျိုးရလဒ်များကို စောစီးစွာ ခံစားခဲ့ပြီး ကောင်းစွာအသုံးချနိုင်ခဲ့ရာ အာကာသ၊ တခြားသော ဂြိုလ်ကမ္ဘာထိ ဦးစွာ အခြေချနိုင်ခဲ့သည်။နည်းပညာ အသစ်အဆန်းများကိုလည်း တီထွင်နိုင်ခဲ့ပြီး လူမှုဝန်းကျင် အကျိုးစီးပွားများကို ဖန်တီးစံစားနိုင်ခဲ့ပါပြီ။ အကျိုးလို့ဆိုပေမယ့် တချို့သောနယ်ပယ်တွေမှာ လွဲမှားစွာ အသုံးချမှုတွေလည်း ရှိပါတယ်။ အထူးသဖြင့် sex နဲ့ပတ်သက်ပြီး အသုံးပြုမှုတွေ တွေ့လာရပါတယ်။ ဒါကလည်း သူတို့ cultureအရ ဖြစ်နေတာတွေလည်း ပါပါတယ်။ လူမှုဝန်းကျင်ကလည်း ဒါကိုလည်း culture အရ လက်ခံကြပါတယ်။ နောက်ပြီး IT ရဲ့ဆိုးကျိုးတွေကိုလည်း ပြန်လည် ခုခံနိုင်ရန် ကြိုတင် အသိပေး၊ ပညာပေးထားကြပါတယ်။ ဒီဘယ်လိုတွေမှာ အသုံးပြုရင် ဘာတွေ ရနိုင်တယ်၊ အရွယ်မရောင်သေးတဲ့ လူငယ်တွေကလည်း တားမြစ်website တွေကြည့်လာရင် ဘယ်လိုတွေ လုပ်လာနိုင်တဲ့အတွက် အသိပညာတွေပေးထားကြပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးသောအချိန်ကာလကစပြီး IT ကို လွဲမှားစွာ အတုခိုး အသုံးပြုမှုတွေကြောင့် မြန်မာအမျိုးသမီးများရဲ့ အိနြေ္ဒသိက္ခာကျဆင်းလာမှုတွေ ဖြစ်လာပါတယ်။ လူတချို့၏ မိမိကိုယ်ကျိုးစီးပွားရှာမှု များကြောင့် မိန်းကလေးများ၏ အရှက်သိက္ခာများမှာ အထင်သေးစရာ ဖြစ်လာခဲ့သည်။ တဘက်သား မိန်းကလေး၏ ဘ၀ကို ထည့်မတွက်ဘဲ ရလာသော ငွေကြေးကို ပျော်ရွှင်စွာ စားဝင်နိုင်မည်လော။ လောကကြီးမှာ ထမင်းတစ်လုပ်ကို ပျော်ရွှင်စွာ စားနိုင်ဖို့ ဆိုတာ အရေးကြီးပါတယ်။ ထမင်းစားနေ့အချိန်မှာ ပူပင်သောက ကင်းစွာ စားနိုင်မယ်ဆိုရင် ကံအကောင်းဆုံး လူသားတစ်ယောက်ပါ။ ဒီလိုမျိုး တစ်ဘက်သား ဒုက္ခရောက်ပြီးမှ စားရတဲ့ထမင်းမျိုးဟာ အရသာရှိပါဦးမလား...........စဉ်းစားစရာပါ။ နောက်ပြီး ဒီိလိုမျိုး တီထွင်မှုများကြောင့် တချို့သောမိန်းကလေးများဟာ အတုမခိုးသင့်တာတွေ လိုက်လုပ်ပြီး လမ်းမှားတွေ ရောက်ကုန်ကြပါတယ်။ အင်တာနက်အသုံးပြုမှုတွေကလည်း လမ်းလွဲကုန်တာပေါ့။ နောက်ဆုံးဘယ်လိုအသိတွေ ရသွားလဲဆိုတော့ ဒီလိုတွေကိုမှ မကြည့်ဘူးရင် ခေတ်မမီတော့ဘူးဆိုတာမျိုးတွေ ထင်ကြပါတယ်။ အသိညဏ်ရင့်ကျက်သင့်လောက်သော အရွယ်များသည်လည်း ငါလုပ်သမျှ နောက်မှ အတုခိုးမယ့် လူငယ်တွေရှိပါသေးလားဆိုတာ ကို တွေးစေချင်ပါတယ်။
အနာဂတ်မှာ အချိန်ကာလများစွာ ရှေ့ဆက်လျှောက်ရဦးမယ့် လူငယ်များအနေနဲ့ မိမိရဲ့ လုပ်ဆောင်ချက်တိုင်းဟာ မိမိအတွက် မိမိအသိုင်းအ၀ိုင်းအတွက် အကျိုးဖြစ်ထွန်းသလားဆိုတာလေးတွေ ပြန်သုံးသပ်စေချင်တယ်။ ဒီလိုပြောနေရလောက်အောင် ဖူးဖူးဟာ လူကြီးတစ်ယောက်လားဆိုတာ??? လည်းမဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ပါ။ ကျွန်မစိတ်နဲ့ ပြောရမယ်ဆိုရင်တော့ လုပ်တဲ့အလုပ်တိုင်းဟာ ကိုယ့်အတွက် ၈၀%လောက်ရလဒ် ပြန်ရမှာ ကျွန်မလုပ်တဲ့အလုပ်တွေဟာ အဓိပါယ်ရှိတယ်လို့ ထင်ပါတယ်၊ ရလဒ်ဆိုတာ အကောင်အထည်နဲ့ ပြန်ရတာရှိသလို စိတ်ညဏ်အားဖြင့် တန်ဖိုးမဖြတ်နိုင်အောင်ရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အင်တာနက်အသုံးပြုမှုကအစ ကျန်တာတွေအဆုံးပေါ့လေ.............. ဆိုကြပါစို့ အင်တာနက်ကို တစ်နာရီကြည့်တယ်ပဲဆိုပါစို့ ၊ ဒီလူငယ်အတွက် အရင်းဆုံး အရင်းပြုထားရတာကတော့ အချိန်ပဲ နောက်ငွေကြေး၊ နောက် အားထုတ်မှုတစ်ခု၊ အင်တာနက်တစ်နာရီကြည့်ပြီးတဲ့ အခါ သူ့အနေနဲ့ ရင်းထားရတာတွေအတွက် တွက်ချေကိုက်အောင် ပြန်သုံးသပ်စေချင်တယ်၊ စီးပွားရေးစကားအရပြောရင်တော့ အရင်းအနှီးအပေါ် အမြတ်ကျန်အောင်မရရင်တော့ အရှုံးနဲ့တွေ့တာပဲ။ ဒါကြောင့် ကိုယ့်ဆီမှာ ဘာကျန်ခဲ့လဲ၊ အနည်းဆုံး အသိပညာလေးတစ်ခုတော့ ကျန်ခဲ့ရင် သူလုပ်ခဲ့တဲ့ဆောင်ရွက်မှုဟာ တန်ဖိုးရှိသွားပါပြီး၊ ဒီလိုမှမဟုတ်ရင် ရှုံးတဲ့အလုပ်တွေကြီးပဲ လုပ်နေမယ်ဆိုရင် ဒီလူငယ် လူဖြစ်ရှုံးနေလား ? ? ? (စဉ်းစားပေးပါ)

Friday, October 17, 2008

JIT ( Just – in – Time )

JIT ဆိုတာ အခုတလော ထုတ်လုပ်မှုလုပ်ငန်းတွေ အများဆုံးအသုံးပြုနေကြတဲ့ စနစ်ပါ။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လုပ်ငန်းတွေမှာ အမြတ်ရရှိသင့်သလောက်တာတွေ၊ ကုန်စည်ဟာ ရှိရမယ့် ဈေးနှုန်းထက် များနေတာတွေ ဒါတွေဟာ ဘာကြောင့် တွေကြောင့်လဲ။ လေလွင့်မှုတွေကြောင့်ပါ။ လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှုတွေမှာ ကုန်ကြမ်းတွေမှာပဲဖြစ်ဖြစ် တကယ်အသုံးပြုရမှာထက် ပိုပြီး သုံးမိတာ။ ဒါမှမဟုတ်ရင် ထုတ်လုပ်မှုဖြစ်စဉ်မှာ အပျက်အစီးတွေများတာ၊ ကုန်ကြမ်းတွေကို မလိုအပ်ဘဲအများကြီးကိုင်ဆောင်ထားလို့ နေရာ ပုတ်သွားတာ၊ ငွေတွေအိပ်နေတာတွေ၊ ပျက်စီးသွားတာတွေ ၊ ကုန်ချောတွေကလည်း မှာယူမှုတွေထက် အများကြီးထုတ်မိတော့ ဂိုဒေါင်မှာ ပုံနေတာတွေ စသဖြင့် ပြဿနာတွေ အရှုံးတွေအများကြီး ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ဂျပန်လုပ်ငန်းတွေက ဒါကို သတိပြုမိပြီး JIT စနစ်ဆိုတာကို တီထွင်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်သင့်လျှော်တဲ့ နေရာတွင် မှန်ကန်စွာ ထုတ်လုပ်နိုင်ရန် ရည်၇ွယ်ပါတယ်။ မှန်ကန်တယ်ဆိုတဲ့ အသုံးဟာ လုပ်ငန်းအတွက် အမြတ်ကျန်နိုင်ရတယ်၊ ကုန်စည် အရည်အသွေးကောင်းနိုင်ရမယ်။ လုပ်သားတွေ အဆင်ပြေစေရမယ်။ စရိတ်အသက်သာဆုံး ဖြစ်နေရမယ်။ ထုတ်လုပ်မှု ဖြစ်စဉ် အဆင်ပြေချောမွေ့နေရမယ်။ ကုန်စည်အရည်အသွေး ကောင်းရမယ်။ အလေ့အလွင့် လုံးဝမရှိစေရပေါ့။ ဒါတွေကို ဆိုလိုပါတယ်။ဟုတ်ပါတယ် အလေအလွင်တွေကို လုံးဝမရှိအောင်လုပ်ဆောင်ရပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဒါတွေဟာ ကုန်စည်ရဲ့စရိတ်ကို ထပ်တက်စေတာတွေပါ။ ဥပမာပြောရရင်တော့ ကုန်ကြမ်းအမယ်တွေကို သိုလောင်တဲ့အခါ ထုတ်လုပ်မှုဖြစ်စဉ်နဲ့ ဝေးတဲ့နေရာမှာထားထာတယ်ဆိုပါစို့။ ဒါဆိုရင် သူတို့ကို ထုတ်လုပ်မှုဖြစ်စဉ်ဆီ သယ်ဆောင်တဲ့အခါ လေလွင့်မှုတွေရှိလာမယ်။သယ်လာတာက ၁၀ ဂရမ်၊ ထုတ်လုပ်မှုဖြစ်စဉ်ရောက်တော့ ၇ ဂရမ်းဖြစ်သွားတာမျိုး၊ ကုန်ချောတွေ အများကြီးထုတ်လုပ်မိတဲ့အခါ ကုန်လက်ကျန်တွေ အများကြီးဖြစ်လာမယ်။ ဒါဆိုရင် မလိုအပ်ဘဲ ထိန်းသိမ်းခတွေ တက်လာမယ်၊ ငွေကလည်း အိပ်လာမယ်။ လေလွင့်မှု ဖြစ်ဖို့များတယ်၊ နောက် မလုပ်ဘဲ ပြန်ပြန်ပြင်နေရတာမျိုးတွေပေါ့။
JIT ကို lean production or stockless production လို့လဲ သိကြပါတယ်။ အခြေခံသဘောတရားကတော့ order လာမှ လိုအပ်တဲ့ ကုန်ကြမ်းကို လိုသလောက်ဘဲမှာမယ်၊ လိုသလောက်ဘဲထုတ်လုပ်မယ်၊ ဖြစ်စဉ်စီးဆင်းမှုကိုလည်း အချိန်အတိုဆုံးဖြစ်အောင် ပြင်ထားမယ်။ကုန်ကြမ်းမှာယူတဲ့အခါမှာလည်း တလက်ကိုင်မထားပါဘူး၊ ကုန်ကြမ်းအမယ်များစွာတွေကို တမျိုးချင်းဆီမှာ အကောင်းဆုံးအရည်အသွေး ပေးနိုင်မယ့် supplier တွေကို ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် လုပ်ငန်းရဲ့ supply chain ကလည်း သေချာစီမံအုပ်ချုပ်မှုကောင်းဖို့လိုပါတယ်။ဘာကြောင့်လဲ ဆိုတော့ လိုအပ်တဲ့အချိန်မှာ အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းတွေ နှောင့်နှေးခြင်းမရှိဘဲ စရိတ်သက်သက်သာသာရောက်လာဖို့ပါ။ ထုတ်လုပ်မယ့်နေရာကလည်း စရိတ်သက်သာနေဖို့လိုပါတယ်။ ကုန်ကြမ်းအမြန်ရအောင်လို့ ကုန်ကြမ်းရရှိမယ့်နေရာနဲ့ အနီးဆုံးမှ ထုတ်လုပ်မှုကို လုပ်မယ်ဆိုရင်လည်း အဲ့နေရာက လုပ်အားခ အရမ်းဈေးကြီးနေမယ့်နေရာမျိုး ၊ ငှားခတွေ အရမ်းဈေးကြီးမယ့်နေရာမျိုးဆို ဘာမှမထူးပါဘူး။ ဒါကြောင့် right place ဖြစ်ဖို့လိုပါတယ်။ ထုတ်လုပ်တဲ့အခါ အပျက်အစီးကို zero defect goal ထားပြီး စနစ်ကျကျ လုပ်ဆောင်ရပါမယ်။ ဒီနေရာမှ ဖြစ်စဉ်စီးဆင်းမှု၊ အထားအသိုတွေဟာ စနစ်ကျနေဖို့လိုပါတယ်။အလေအလွင့်ဆိုတဲ့နေရာမှာ အချိန်၊ လုပ်အားတွေလည်း ပါပါတယ်။ လုပ်အားကိုသုံးတဲ့နေရာမှာ အနည်းဆုံးလျှော့ချနိုင်သလောက်လျှော့ချရပါလိမ့်မယ်။ သုံးတဲ့ လုပ်သားကလည်း efficient (စွမ်းရည်ပြည့်ပြည့်လုပ်နိုင်ရမယ်) effective (မှန်းထားသလောက် ထိထိရောက်ရောက်လုပ်နိုင်စွမ်းရှိရမယ်) တစ်ယောက်ဆိုတစ်ယောက် တကယ်အသုံးကျစွာ လုပ်နိုင်ရပါမယ်။ အချိန်ကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ဖောက်သည်လိုအပ်တဲ့အချိန်မှာ အမြန်ဆုံးပို့ပေးနိုင်အောင်ပါ။ ထုတ်လုပ်မှုဖြစ်စဉ်ကထွက်လာတဲ့ ကုန်ချောဟာ နောက်ထပ်ပြန်ပြင်စရာ မလိုအောင် သေချာဂရုစိုက်ဖို့လိုပါတယ်။ နောက်ထပ်ပြန်ပြင်နေရမယ်ဆိုရင် အချိန်တွေရော၊ စရိတ်တွေရော ထပ်တက်လာမှာပါ။ အရည်အသွေးပြည့်ဝတဲ့ ကုန်စည်ထွက်လာရင်တော့ ၀ယ်ယူသူဆီ အမြန်ဆုံး မနှောင့်နှေးဘဲ ပို့ဆောင်ပေးရမှာပါ။
JIT ကို service ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အများဆုံးအသုံးချကြပါတယ်။ အထူးသဖြင့် စားသောက်ဆိုင်တွေမှာပါ။ ဒါပေမယ့် ဂျပန် တိုယိုတာကတော့ ဒီစနစ်ကို သုံးပါတယ်။သူကပဲ စထွင်ခဲ့ပါတယ်။ နောက်ပြီး Airbus A -380 လေယာဉ်ကို တည်ဆောက်တဲ့အခါ ဒီစနစ်ကို သုံးတဲ့အတွက် နောက်ဆုံးမှာ အလေအလွင့် လုံးဝမရှိခဲ့ပါဘူး။ သူကလည်း ကုန်ကြမ်းမှာတဲ့အခါ နိုင်ငံအစုံကနေ အရည်အသွေး ကောင်းကောင်းတွေ ခွဲပြီးမှာယူတယ်လို့ ကြားဖူးပါတယ်။
တိုယိုတာကဖော်ထုတ်ခဲ့တဲ့ JIT elements တွေက

1. Stabilize and level the MPS with uniform plant loading
အလုပ်ရုံတိုင်းမှာ တူညီတဲ့ထုတ်လုပ်မှုကွင်းဆက်ဖြစ်နေဖို့လိုပါတယ်။ ဥပမာ စက်ရုပ်လုပ်မယ်ပဲဆိုပါဆို့ ဖြစ်စဉ်ကို ဘယ်အစိတ်အပိုင်းပြီးရင် ဘယ်အစိတ်အပိုင်းတပ်မလဲဆိုတာ သေချာပြင်ဆင်ထားရမယ်။ ကိုယ်လုံးပြီးရင် လက်တွေတပ်မှာလား၊ဒါဆို ဒီဘက်က ကိုယ်လုံးတွေ လုပ်နေတဲ့အချိန်မှာ တခြားအလုပ်ရုံက လက်တွေ လုပ်နေရမှာပါ။ တခြားအလုပ်ရုံတွေကလဲ သက်ဆိုင်ရာအစိတ်အကိုင်းတွေ လုပ်နေရမှာပါ။ ကိုယ်ထည် လုပ်တဲ့ ရုံက ကိုယ်ထည်ထွက်လာတဲ့အချိန်မှာပဲ လက်လုပ်တဲ့ အလုပ်ရုံကလည်း စက်ရုပ်မှာတပ်ဆင်ဖို့ လက်ကို ပြီးနေရပါမယ်။ ကျန်အစိတ်အပိုင်းတွေကလည်း အဲ့လိုပါပဲ။ ဒါမှ တပ်ဆင်တဲ့ဌာနမှာ အဆင်သင့်တပ်ဆင်နိုင်မယ်။ ဒီလိုမှမဟုတ်ဘဲ အလုပ်ရုံတွေဟာ တစ်ခုနဲ့တစ်ခုကွင်းဆက်မမိဘူးဆိုရင် တပ်ဆင်တဲ့ဌာနမှာ အလုပ်တွေ လာပုံသွားလိမ့်မယ်။ ခေါင်းတွေ ကိုယ်ထည်တွေ ရောက်ပြီး လက်တွေ ရောက်မလာသေးရင် စက်ရုပ်တစ်ရုပ်ဖြစ်အောင် တပ်ဆင်လို့မရသေးပါဘူး၊ အဲ့အခါ ဖြစ်စဉ်စီးဆင်းမှုကလည်း ကမောက်ကမ ဖြစ်လာမယ်။ လုပ်သားတွေကလည်း သူလုပ်လုပ်ရမယ့်အလုပ်မရသေးတော့ ဒီအတိုင်းထိုင်နေရမယ်။ အဲ့အချိန်မှာ အချိန်တွေ အရမ်းကုန်မယ်။ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်လာပါလိမ့်မယ်။

2. Reduce or eliminate setup times
စက်တပ်ဆင်မှု အချိန်ကို လျှော့ချဖို့လိုပါတယ်။ ကုန်စည်အမျိုးမျိုးအတွက် သုံးတဲ့စက်က ဒီတစ်ခုပဲဆိုကြပါစို့။ကျွန်မတွေ့ဖူးပါတယ်။ မိုလ်လောင်းတဲ့လုပ်ငန်းတွေမှာပါ။ ကုန်စည်ပုံစံအလိုက် စက်ကို ပြန်တပ်ဆင်ရပါတယ်။ ဒီိလိုမျိုးကုန်စည်အမယ်တစ်ခုတစ်ခု အကြားမှာ စက်ပြန်တပ်ဆင်မှုအချိန်ကိုလည်း လျှော့ချနိုင်သလောက် လျှော့ချရပါမယ်။ ဆိုလိုတာက အမြန်ဆုံးဖြစ်အောင် စီစဉ်ထားရပါမယ်။

3. Reduce lot sizes
တစ်ခါထုတ်လုပ်တဲ့ ပမာဏကလည်း နည်းရင် ကောင်းပါတယ်။ ဒါမှလည်း အရည်အသွေးစစ်ဖို့လည်း လွယ်တယ်။ အလေအလွင့်လည်း နည်းမယ်။ တစ်ခါထုတ်ရင် နည်းနည်းပဲထုတ်မယ်ဆိုရင် ကိုယ့် supplier နဲ့ ကွင်းဆက်မိပြီး အပေးအယူတည့်ဖို့လိုပါတယ်။ ဒါမှ ကုန်ကြမ်းကို ကိုယ်လိုသလောက်ပဲ ယူနိုင်မှာပါ။

4. Reduce lead times
ထုတ်လုပ်မှုဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ ကုန်ချော ပို့ဆောင်တဲ့အခါပဲ ဖြစ်ဖြစ် မလိုအပ်ဘဲ စောင့်စားရတဲ့အချိန်တွေကို လျှော့ချသင့်ပါတယ်။

5. Preventive maintenance
ကြိုတင်ပြင်ဆင်ထားတာ ဘာအရာမဆို အကောင်းဆုံးပါ။ ပျက်ခါမှပြင်မယ်ဆိုတာထက် မပျက်ခင် ထိန်းသိမ်းပြင်ဆင်တာအကောင်းဆုံးပါ။ ပျက်ခါမှ ပြင်မယ်ဆိုရင် ပျက်တဲ့ အချိန်မှာ ၀ယ်လိုအားတွေ အရမ်းကောင်းတဲ့အချိန်မျိုးဆို လက်လွှတ်ရမှာ အတော်ဆုံးရှုံးမှုပါ။ ဒါကြောင့် အလုပ်အားတဲ့အချိန်မျိုးတွေမှာ ပျက်ပျက်၊ မပျက်ပျက် ကြိုတင်စစ်ဆေးထားတာ အကောင်းဆုံးပါ။

6. Flexible work force
ဆေးမှုတ်အလုပ်သမားက ဆေးမှုတ်တာကလွဲပြီး ကျန်တာ ဘာမှမလုပ်တတ်တာမျိုးမဖြစ်စေရပါဘူး၊ ၀ရိန်ဆော်တဲ့အလုပ်သမားမလာရင် သူအနေနဲ့ ၀င်လုပ်လို့ရအောင် နည်းနည်းဖြစ်ဖြစ် တခြားအလုပ်တွေကို လုပ်တတ်နေဖို့လိုပါတယ်။အဲ့လိုဖြစ်အောင်လည်း training ပေးထားဖို့ လိုပါတယ်။ကြီးကြပ်သူမရှိလို့ အောက်ခြေအလုပ်သမားက ဘာဆက်လုပ်ရမှန်းသိနေသော်လည်း ဆက်လုပ်ခွင့် အမိန့်မရလို့ ထိုင်နေတာမျိုးလည်း မဖြစ်စေရပါဘူး၊ အလုပ်သမားတိုင်းကိုလည်း လုပ်ပိုင်ခွင့် အထိုက်အလျောက် ပေးထားရပါမယ်။

7. Require supplier quality assurance and implement a zero defects quality program
ကုန်စည်ဟာ အရည်အသွေးလည်း ပြည့်ဝရမယ်၊ ဖြစ်စဉ်တလျှောက် လေလွင့်မှု လုံးဝမရှိရေးအတွက်ဆိုရင် ကိုယ့် supplier နဲ့ ဆက်ဆံရေးကောင်းရပါမယ်။ အလုပ်သမားတွေကိုလည်း မှားယွင်းမှုကို သိလိုက်တာနဲ့ တပြိုင်နက် နောက်ထပ်မှားယွင်းဆက်မရှိအောင် လုပ်နေတာကို ရပ်တန့်ခွင့် အခွင့်အရေးလည်း ပေးထားရပါမယ်။ အချိန်မီ အမှားပြင်ဆင်ခွင့်ပါ။

8. Small lot (single unit) conveyance
တစ်ဌာနနဲ့တစ်ဌာန အချက်ပြစနစ်ကို သုံးသင့်ပါတယ်။ ( kanban system လို့လည်း ခေါ်ပါတယ်။ ဒါကိုတော့ နောက် post တစ်ခုအနေနဲ့ ဆက်လက်ရေးသာပါမည်။)

Thursday, September 18, 2008

Eight Quality Management Principles

၁။စားသုံးသူဂရုစိုက်ခြင်း
လုပ်ငန်းများသည် ၄င်းတို့၏ဖောက်သည်(၀ယ်ယူစားသုံးသူများ)ကို မှီခိုအားထား နေရသဖြင့် ထမင်းရှင်ဖြစ်သော ယင်းဖောက်သည်များအား နာလည်း ပေးတတ်ဖို့ရာ အရေးကြီးသည်။ မိမိဖောက်သည် ဘယ်လိုပုံစံမျိုးလေး လိုချင်နေလဲ။ မိမိကုန်စည်ကရော သူတို့လိုအပ်မှုတွေ့နဲ့ ပြည့်စုံရဲ့လား၊ သူတို့ကျေနပ်မှုရစေရန် မိမိကုန်စည်ဟာ ဘာတွေလိုအပ်နေသေးလဲ ဆိုတာတွေကို သိထားပေးရပါမယ်။ စားသုံးသူရဲ့ ယခုလက်ရှိ သူတို့လိုအပ်မှု၊ လိုချင်မှုတွေကို သိထားရုံသာမက အနာဂတ်မှာလည်း ၄င်းတို့၏ အကြိုက်ပြောင်းလဲမှုရှိမရှိ၊ မည်သို့ ပြောင်းလဲနိုင်သေးသည်ကိုလည်း သိထားမယ်ဆိုရင် မိမိကုန်စည်အရည်အသွေးကို customer requirement နဲ့ သွေးဖယ်ခြင်းနည်းကာ ထိန်းသိန်းနိုင်မည် ဖြစ်သည်။
၂။ ဦးဆောင်မှု
ဦးဆောင်ဦးရွက်ပြုသူများမှလည်း ကိုယ့်လုပ်ငန်းရဲ့ လမ်းကြောင်း၊ ဘယ်ကို သွားနေတာလဲ။ ဘာဖြစ်ချင်တာလဲဆိုတဲ့ ပုံစံလေး ချပေးထားဖို့လိုပါတယ်။ ဒါတွေကို ကိုယ့်လုပ်ငန်းအတွင်းမှာရှိတဲ့ အလုပ်လုပ်နေကြတဲ့ လူတွေနားလည်ထားမှ လုပ်ငန်း၊အဖွဲ့၏ ဦးတည်ချက်၊ ရည်မှန်းချက်အောင်ရာအောင်ကြောင်းအတွက် ပြည့်ဝစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဒါကြောင့် leader တွေအနေနဲ့ မိမိလုပ်ငန်းဘာလုပ်ချင်လဲ ဘယ်သွားမှာလဲ ဆိုတာကို မိမိလက်အောက်မှာ တာဝန်ကိုယ်စီယူနေကြတဲ့ ၀န်ထမ်းတွေကို နာလည်အောင် ချပြထားသင့်သည်။
၃။ တက်ကြွစွာပါဝင်ဆောင်ရွက်ရေး
Organization ရဲ့ ဘယ် levelကမဆို ဆောင်ရွက်နေကြသူတွေဟာ Organization အတွက် အရေးကြီးဆုံးသူတွေပါ။ Organization ကို ဖော်ဆောင်ကြမယ့်သူတွေ ဖြစ်တဲ့အတွက် လုပ်ငန်းအတွင်း၊ အပြင်ရှိ လူတိုင်းလူတိုင်းဟာ စိတ်ရော ကိုယ်ပါ တက်ကြွစွာပါဝင်ဆောင်ရွက်ရန် အရေးကြီးပါသည်။
၎။ ထုတ်လုပ်မှု ဖြစ်စဉ်တခုလုံး စွမ်းရည်ပြည့်ရေး
အရည်အသွေးပြည့်ဝသော ထုတ်ကုန်ရရှိဖို့ဆိုရင် ထုတ်လုပ်မှုဖြစ်စဉ်တလျှောက် ချောချောမွေ့မွေ့ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ထုတ်ကုန်ရဲ့ အရည်အသွေးပြည့်ဝရေး၊ အလေအလွင့် နည်းပါရေး၊ input ကို efficient ရှိရှိ သုံးနိုင်ရေးအတွက် ဖြစ်စဉ်တလျှောက်လုံး သေချာလည်ပတ်စေဖို့ အရေးကြီးပါတယ်။ လုပ်ဆောင်ချက်တွေ သေချာလည်ပတ်ရဲ့လား၊ သွင်းအားစုတွေ အရည်အသွေးပြည့်ဝရဲ့လား ဆိုတာ အမြဲ သေချာနေဖို့ လိုပါတယ်။
၅။ လုပ်ဆောင်နေတဲ့ စနစ်ကရော ထိရောက်ရဲ့လား
မိမိလုပ်ငန်း လည်ပတ်ပုံတွေကရော မိမိလုပ်ငန်း ရည်မှန်းချက်တွေကို ပြည့်ဝအောင်မြင်လို့လားဆိုတာ သိထားရပါမယ်။ လိုအပ်မယ်ဆိုရင် လုပ်ဆောင်နေတဲ့ စနစ်ကို ပြောင်းလဲသင့်ပြောင်းလဲရပါမယ်။ပြုပြင်သင့် ပြုပြင်ရပါမယ်။ ထပ်ထည့်သင့်ရင် ထည့်ရပါမယ်။ အုပ်ချုပ်မှုစနစ်ကရော effective ဖြစ်လား efficient ဖြစ်ရဲ့လား သေချာပြန်သုံးသပ်ပေးဖို့ လိုအပ်ပါတယ်။
၆။ စဉ်ဆက်မပြတ်မြှင့်တင်မှု
ဒါကတော့ အခုလို ပြိုင်ဆိုင်မှုတွေ စိန်ခေါ်နေတဲ့အချိန်မှာ မဖြစ်မနေ လုပ်ဆောင်ရမှာပါ။ မိမိထုတ်ကုန်၊ မိမိလုပ်ငန်း၊ မိမိပန်းတိုင်ကို အမြဲမြှင့်တင်ပေးဖို့ လိုပါတယ်၊ ဒီနေ့ဟာ မနေ့ကထက် ပိုကောင်းပြီး မနက်ဖြန်ဟာ ဒီနေ့ထက် သာနေရဖို့ Continual Improvement အမြဲလုပ်ပေးဖို့ လိုအပ်ပါတယ်။
၇။ လိုအပ်တဲ့ သတင်းအချက်အလက်
Productနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ marketing ပိုင်းပဲဖြစ်ဖြစ် ဘယ်ဆုံးဖြတ်ချက်မဆို ချမှတ်ဖို့ရာ ခိုင်မာတဲ့သတင်းအချက်အလက် ရရှိနေဖို့ လိုပါတယ်။ ဒီလိုသတင်း အချက်အလက်တွေအပေါ် အခြေခံထားတဲ့ ဆုံးဖြတ်ချက်တွေဟာ ထိရောက်မှု ရှိမှာ ဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေ မျက်ခြေမပြတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် survay ကောက်တာပဲဖြစ်ဖြစ် ၊ research လုပ်တာပဲဖြစ်ဖြစ် အမြဲ သတင်းရယူနေဖို့ လိုပါတယ်။
၈။ supplierတွေနဲ့ အကျိုးရှိရှိ ဆက်ဆံနေရေး
လုပ်ငန်းနဲ့ supplierဆိုတာ အမြဲ တစ်ဦးပေါ် တစ်ဦး အပြန်အလှန် မှီခိုအားထားနေရသူတွေပါ။ လုပ်ငန်းကလည်း input တွေ raw materialတွေ ထုတ်လုပ်မှုဖြစ်စဉ်မတိုင်မီ အချိန်မှီ ရောက်ရှိရေး၊ သွင်းအားစုတွေ ကုန်ကြမ်းတွေ အရည်အသွေးမှန်ကန်နေရေးအတွက် supplier ကို လှစ်လျူရှုလို့မရပါဘူး။ သူတို့နဲ့ ပူးပေါင်းပြီးမှ ကောင်းမွန်တဲ့ အရည်အသွေးပြည့်ဝတဲ့ ထုတ်ကုန်ရမှာဖြစ်တဲ့အတွက် supplier relationship ကို အထူးဂရုပြု အာရုံစိုက်ပေးရပါမယ်။

Monday, September 1, 2008

What is ISO ?


ဈေးကွက်စီးပွားရေးစနစ်တွင် ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ဈေးနှုန်းများကို ရောင်းလိုအားနှင့် ၀ယ်လိုအားက ဆုံးဖြတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါဆို ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ ဈေးနှုန်းဟာ စားသုံးသူတို့၏ ၀ယ်ယူမှုပေါ် မူတည်တာပေါ့။ ၀ယ်လိုအားဆိုတာလည်း စားသုံးသူတွေက ကုန်စည်ကို ကြိုက်နှစ်သက်မှု အရသော်လည်းကောင်း ၊ လိုအပ်မှုအရသော်လည်းကောင်း ၀ယ်ယူသုံးစွဲကြလို့ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကုန်စည်တွေကလည်း တမျိုးတမည်သာ ရှိကြပြီး ပြိုင်ဘက်ကုန်စည်ရှိမှုဆိုတာ ရှားပါတယ်။ ဒါပေမယ့် နည်းပညာတွေတိုးတက်မှုတွေကြောင့် အပြိုင်အဆိုင်ဈေးကွက်ဝင်ရောက် ထိုးဖောက်မှုတွေ မျက်မြင်ကြုံတွေ့ လို့နေပါသည်။ စားသုံးသူတို့အနေဖြင့်လည်း မရှိလို့သုံးရတယ်ဆိုတာထက် ရွေးချယ် ၀ယ်ယူနိုင်ခွင့်တွေ များလာပါပြီ။ ဒါဆို ရောင်းချသူဘက်ကလည်း ကိုယ့်ကုန်စည် စားသုံးသူ ကြိုက်နှစ်သက်ဖို့ လိုတာပေါ့နော်။ စားသုံးသူကတော့ သူတို့ရဲ့ ဆန္ဒ၊ မျှော်လင့်ချက်တွေ ပြည့်ဝစေမည့် ကုန်စည်မျိုး၊ ၄င်းတို့အတွက် အဆင်ပြေမယ့်ကုန်စည်မျိုးဆို ကျေကျေနပ်နပ်ဝယ်ယူမှာ ဖြစ်ပါတယ်။ ဒါဆို ထုတ်လုပ်သူတွေ (ရောင်းချသူတွေပါ) ဟာ အရည်အသွေးပြည့်ဝတဲ့ ကုန်စည်နှင့် ၀န်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်မယ် ဆိုရင် စားသုံးသူကျေနပ်မှုကို ပြည့်ဝစေရုံသာမက ကျေနပ်သွားတဲ့စားသုံးသူဟာ ကိုယ့်ကုန်စည်ပဲ သစ္စာရှိရှိ ၀ယ်ယူမှု ဖြစ်တန်စွမ်းများတဲ့အတွက် corporate goal ဖြစ်တဲ့ PROFIT ရမည့်အပြင် marker leadership ဖြစ်ဖို့ တွန်းအားတစ်ခုလည်း ဖြစ်စေမှာပါ။ ဒါဆို ကုန်စည်နှင့် ၀န်ဆောင်မှုတွေရဲ့ အရည်အသွေးဟာ စားသုံးသူတွေအတွက် စိတ်ချရဖို့ လုပ်ငန်းအနေနဲ့ အရည်အသွေးထိန်းသိမ်းနိုင်မှု (Quality control/management ) ဟာ အခန်းကဏ္ဍတစ်ခုနဲ့ထည့်သွင်းလုပ်ဆောင်ရတော့ပါမယ်။
ညတိုင်းTV advertising တွေမှာ ISO 9000 ရ ????? … စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါပြီ ဆိုတာတွေ ကြားလာရမှာပါ။ ဒါဆို ISO လက်မှတ်ရပြီဆိုရင် အဲ့ကုန်စည်ဟာ စားသုံးသူအတွက် စိတ်ချရပြီလား၊ အန္တာရယ်မရှိတော့တာလား၊ ဘာကြောင့် အဲ့လို ပြောနိုင်ရတာလဲ စဉ်းစားစရာပါ။ ဒါဆို ISO ဆိုတာဘာလဲ၊ ISO ဆိုတာ ? ? ?
ISO – International Organization For Standardization - အဖွဲ့အစည်းတစ်ခုပါ။ ဆွစ်ဇာလန်မှာ ရုံးစိုက်ပါတယ်။ သူကတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်စည်နှင့် ၀န်ဆောင်မှုတွေဟာ စားသုံးသူတွေအတွက် ဘယ်လောက်စိတ်ချနိုင်မှုရှိသလဲဆိုတာကို သိဖို့ စံချိန်စံညွှန်းတွေသတ်မှတ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတယ် ဆိုပါတော့။ သူမှာ ပညာနယ်အသီးသီးက ကျွမ်းကျင်အဖွဲ့ ၁၈၀ ဖွဲ့ ရှိပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ Trade လုပ်တဲ့အခါ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ နိုင်ငံတကာမှာ စိတ်ချယုံကြည်စွာ ကုန်သွယ်နိုင်စေရန်အပြင် တီထွင်ဖန်တီးနိုင်မှု၊ သိပ္ပံနှင့် နည်းပညာ၊ စီးပွားရေးဆောင်ရွက်ချက်များ ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာစေရန် ပို၍ ပူးပေါင်းမှုများ တိုးလားရန်လို့ ဆိုပါတယ်။
What type of ISO
ISO 9000 series
၁၉၈၇ မှာ ISO 9000 series ကို စတင်ထုတ်ပြန်ပါတယ်။သူကတော့ ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးဟာ စားသုံးသူလိုအပ်မှုတွေကို ပြည့်မီရမယ် ဒါမှမဟုတ် သာလွန်ရမယ်လို့ ဆိုပါတယ်။ ၁၉၉၄ မှာ vision ပြန်ပြောင်းခဲ့ပါတယ်။ ISO 9000 : 1994 က ကုန်စည်တွေဟာ စားသုံးသူလိုအပ်ချက်ကို ပြည့်ဝစေရန်အတွက် လိုအပ်တဲ့ ၄င်းတို့ချမှတ်ထားသော အရည်အသွေးဆိုရာ လိုအပ်ချက်များကို အချက်တိုင်းမဟုတ်သည့်တိုင် သတ်မှတ်ထားသော အနည်းဆုံးအချက်များ ကိုတော့ ပြည်မီနေရပါမယ်လို့ဆိုပါတယ်။ သတ်မှတ်ချက်တွေကတော့ ယေဘုယျဆန်ပါတယ်။ ကုန်စည်တမျိုးချင်းစီအတွက် သီးခြားဖော်ပြချက်မရှိပါဘူး။ ၄င်းတို့သတ်မှတ်ချက်များနှင့် ပြည့်မှီတယ်ဆိုရင်တော့ ကုန်စည်ရဲ့ အရည်အသွေးဟာ စိတ်ချရကြောင်း စားသုံးသူအတွက် အာမခံသောအားဖြင့် certificate ထုတ်ပေးပါတယ်။ ၂၀၀၀ခုနှစ် revision ပြန်လုပ်ထားတဲ့ ISO 9000:2000 က 1994 မှာရှိတဲ့ discrete elements တွေအစား ကုန်စည်ထုတ်လုပ်မှုprocess cycleအတွက် လိုအပ်တဲ့ management principles ၈ချက်နဲ့ပြန်လည် ဖွဲ့စည်းထားပါတယ်။
9000 series မှာ
9001 - ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်ရှိ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စက်ကိရိယာတပ်ဆင်တာထိရောက်မှု၊ ၀န်ဆောင်မှုတွေကို စစ်ပါတယ် (design, manufacturing,installation,service)
9002 – ကုန်ထုန်လုပ်မှု၊ စက်တပ်ဆင်မှုနှင့် ၀န်ဆောင်မှု ကိုကြည့်ပါတယ်(production ,installation,service) (* raw material တွေ စိတ်ချရမှုပါပါတယ် supplier တွေအထိ ကြည့်ပါတယ် )
9003 - နောက်ဆုံးကုန်ချောကိုပဲ ကြည့်တာပါ။နောက်ဆုံးကုန်ချောဟာ စားသုံးသူတွေအတွက် စိတ်ချရသလားဆိုတာကို inspection and testing ပါ လုပ်ပြီး စစ်ပါတယ်
9004 - သူကတော့ အမြင်ကျဉ်းကျဉ်းပါပဲ။ ထုတ်လုပ်သူအနေနဲ့ သူ့လုပ်ငန်းရဲ့ လိုအပ်ချက် နဲ့ အခွင့်အလမ်းတွေရယူနိုင်ယုံသာ လုပ်ငန်းတွင်းကသာ ချမှတ်ထားတဲ့ guidelines တွေပြည့်မှီရင် ရပါပြီလို့ဆိုပါတယ်။
အခုနောက်ဆုံးကတော့ ISO 14000 ပါ ။ ရရှိသူတွေက အနည်းအကျဉ်းပဲရှိပါတယ်။ ဘာကွာသလဲဆိုတော့ environmental ကိုပါ ထည့်စဉ်းစားလာပါတယ်။ environment ကို ဆိုးကျိုးသက်ရောက်မှု ဘယ်လောက်ထိ လျှော့နိုင်သလဲ၊ ဥပဒေ သတ်မှတ်ချက်များကို ဘယ်လောက်ထိလိုက်နာသလဲဆိုတာကို ကြည့်ပါတယ်။ ISO 14000 series မှာ
14001 - ကမ္ဘာမည့်သည့်နေရာတွင်မဆို မည်သည့်Product နှင့်မဆို ထုတ်လုပ်ရာတွင် environment ကို လိုက်လျောညီထွေနိုင်မှုကို ကြည့်ပါတယ်၊ ယေဘူယျဆန်ပါတယ်။်
14004 - အသေးစိတ်ပိုကျသွားပါပြီ ။ operation တွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ ဘယ်လောက်ထည့်စဉ်းစားရမလဲဆိုတာပါလာပါပြီ။
14020 – labels တွေ declaration တွေဟာ နဲ့ environmental နဲ့ချိတ်ဆက်ကြည့်ပါတယ်။
14030 - ထုတ်လုပ်မှုဖြစ်စဉ်ပြီးသည့်တိုင် environmental effect နဲ့ချိတ်ဆက်ကြည့်ပါတယ်။
14031 - environmental performance သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ဘယ်လောက်ထိ ပါဝင်နိုင်သလဲဆိုတာ ကြည့်ပါတယ်
14040 - environmental goal တွေကို ဘယ်လောက်ထိ ချမှတ်ပေးနိုင်လဲဆိုတာ ကြည့်ပါတယ်
14062 - environmental goalတွေကို ဘယ်လောက် improve လုပ်ပေးနိုင်လဲဆိုတာ ကြည့်ပါတယ်။
နောက်ဆုံး 14064 ကတော့ greenhouse gas ဖန်လုံအိမ်အာနိသင် ဘယ်လောက်လျှော့နိုင်သလဲဆိုတာ ကြည့်ပါတယ်
(* လက်လှမ်းမှီသလောက် စုစည်းထားတာပါ၊ ရှိပါသေးတယ်)
ှ.............ISO ရဖို့ Quality ဘယ်လိုထိန်းမလဲဆိုတာ ဆက်လက်ကြိုးစားဖော်ထုတ်ပါဦးမယ် ..................

Thursday, August 14, 2008

Changing Social Contract

Globalization ဖြစ်ပေါ်လာမှုတွေကြောင့် ကမ္ဘာကြီး ပြောင်းလဲခြင်းများစွာ ပြောင်းလဲခဲ့ရပါပြီ၊ အကောင်းတွေရော .......အဆိုးတွေရောပေါ့ ။ နည်းပညာတွေပြောင်းလဲလာတယ်။ လူတွေရဲ့ တန်ဖိုးထားမှုတွေ ပြောင်းလဲလာတယ်။ အဲ့တော့ လူတွေရဲ့ ဆက်ဆံမှုတွေလည်း အပြောင်းလဲကြီး ပြောင်းလဲလာခဲ့တယ်လို့ ထင်မြင်မိပါတယ်။ အနီးဆုံး family တစ်ခုမှာကို သိသိသာသာတွေ့နိုင်ပါတယ်။ မိဘနဲ့ သားသမီးဆက်ဆံရေးကအစ ပြောင်းလဲလာခဲ့ပါပြီ။ မိဘတွေကလည်း သားသမီးကို အရင်လို ပုံစံတွေနဲ့ အုပ်ချုပ်လို့မရတော့ပါဘူး ၊ ခေတ်အခြေအနေကို သုံးသပ်ပြီး အုပ်ချုပ်ထိန်းကွပ်မှုစတိုင်တွေလည်း ပြောင်းရပါတယ်။
လုပ်ငန်းတွေမှာကြည့်မယ်ဆိုရင်လည်း အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးတွေက ပြောင်းလဲလာပါပြီ။ အရင်တုန်းကဆိုရင် အလုပ်သမားတစ်ယောက်ဟာ အလုပ်အကိုင်အတွက် စိတ်ချရမယ်ဆိုရင် သူ့အတွက် လုံလောက်ပြီ ၊ သူလိုချင်တာ Job Security (*အလုပ်ဖြုတ်ထုတ်မှုနည်းမှု ) ၊ အဲ့တော့ မလုပ် ၊မရှုပ်၊ မပြုတ်ပုံစံလေးနဲ့ပဲ free rider ပုံစံမျိုးဖြစ်လာတယ်။ အရင်တုန်းက labour source ကနည်းတာရယ် ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းတာရယ်။၊ ပြိုင်ဆိုင်မှုမရှိတာရယ် ၊ အရင်တုန်းက ကိုယ့်နေရာလေး လောက်ပဲ ကြည့်ပြီးနေနေရတာဆိုတော့ ပြိုင်ဆိုင်မှုဆိုတာလည်း သိပ်မရှိခဲ့ဘူး။ အဲ့တော့ လူတစ်ယောက်က အလုပ်တစ်ခုရပြီဆိုရင် စိတ်ချရပြီလေ။ သူ့အနေနဲ့ ဒီမှာပဲ သူသစ္စာရှိရှိနဲ့ သေသေချာချာလုပ်မယ် ၊ အရာရာတိုင်းကို သာမန်အနေအထားလောက်ပဲသိထားလောက်မယ် (knowing )အဆင့်လောက်ပဲရှိမယ်ဆိုရင် ကုမ္မဏီကလည်း သူ့အလုပ်သက်တမ်းတစ်လျှောက် (ဆိုလိုတာက long term life ) မှာ လစာတွေ တဖြည်းဖြည်းတိုးပေးမယ်။ ရာထူးတွေတဆင့်ဆင့်တက်မယ်၊ အကျိုးခံစားခွင့်တွေရှိလာမယ်၊ စသဖြင့် သူ့အတွက် အပိုင်တွက်ချက်မှုတွေကြီးတွေပါ။ အဲ့တော့ အလုပ်ရှင်ဘက်ကလည်းသူ့ကို သာမန်ဆုကြေးငွေလောက်နဲ့ပဲ ပေးပြီးနေလို့ရပါတယ်။ သူ့ကိုလည်း သင့်တင့်လောက်ပဲ training ပေးထားရင် လုံလောက်ပါပြီ။ အလုပ်ရှင်ကလည်း သူ့လုပ်ငန်းကို သာမန်ရိုးကျပုံစံနဲ့ပဲသွားလို့ရပါတယ်။ ပြိုင်ဆိုင်မှုတွေ သိပ်မရှိသေးတာမို့ ဒီအတိုင်းလေးပဲ အေးရာအေးကြောင်းစတိုင်လေးပါပဲ၊ သူ့လုပ်ငန်းအတွက် information အသင့်အတင့်လောက် ပဲ ရထားရုံလေးနဲ့ ရပ်တည်နိုင်ပါသေးတယ်။
IT ခေတ်တဲ့ ၊ Globalization စသဖြင့် ကမ္ဘာကြီး ရွာဖြစ်သွားပြီတဲ့။ ဘာကိုပြောတာလဲ။ ဆိုလိုတာက အစက တိုက်ကြီး (၇)ခုရှိတယ်လို့ဆိုတယ်၊ အခုက ရွာအဆင့်ပဲလား၊ boundry line တွေ တားဆီးချက်တွေ ၊ ကန့်သတ်ချက်တွေ မရှိတော့ပဲ တလုံးတစည်းတည်း ဖြစ်သွားတာကို ပြောတာလား၊ တွေးစရာပါ။ direct မဟုတ်ပဲ indirect အားဖြင့်တော့ ဒီလိုပဲ ဖြစ်နေပါတယ်။ အရင်က ဒီလိုအခြေအနေလေးနဲ့ ဒီနေရာမှာပဲရပ်တည်နိုင်ရင်တော့ပြီဆိုတဲ့ လုပ်ငန်းတွေဟာ တမြို့တရွာ၊ တရပ်တဌာနေက လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နေရပါပြီ၊ မပြိုင်ချင်လို့လဲမရဘူးလေ။ ကိုယ့်နေရာကို သူက ယူသွားမှာပေါ့။ လုပ်ငန်းတွေကိုလည်း ချဲ့တန်ချဲ့ ရမယ်။ ဒီနေရာမကောင်းရင် ဖြုတ်တန်ဖြုတ်ရတော့မယ်။ ဒီလုပ်ငန်းမကောင်းရင် တခြားလုပ်ငန်းပြောင်းလုပ်ချင်လုပ်ရတော့မယ်၊ ဒီတော့ အရင်တုန်းက Job Security ရှိပါပြီး ခံယူနေတဲ့ အလုပ်သမားတွေလည်း ဘာမှ မပြောနိုင်တော့ဘဲ လုပ်ငန်းလျှော့ချတဲ့အခါ ဖြုတ်ခံရမှုတွေ၊ အလုပ်ရှင်အတွက် သူ့လုပ်ငန်းအတွက် ပိုသင့်တော်မယ့် အလုပ်သမားရမယ်ဆိုရင် အရင်လူကို ထုတ်ချင်ထုတ်မယ်။ဒါမှမဟုတ် နေရာပြောင်းချင်ပြောင်းမယ်။ ကဲ Job Security သေချာပါတော့ဦးမလား။ အခုဆို အလုပ်သမားငှားရင် projectအလိုက်ပဲငှားတော့တယ် (short term ပေါ့ ) ။ အလုပ်သမားတွေမှာ own position (အတည်တကျအလုပ်အကိုင်) ဆိုတာမရှိတော့ဘူး။ သူတို့အတွက် အလုပ်အကိုင်ဟာ ဘာဖြစ်လာလဲဆိုတော့ Careers no longer progress up a vertical hierachy but move across jobs horizintally. သူတို့အတွက် အလုပ်တိုးတက်မှုဆိုတာ ရားထူးအဆင့်ဆင့်တက်မှုက နည်းသွားပြီး၊ တနေရာပြီးတနေရာ ပြောင်းလုပ်နေရတဲ့ အတွက် လုပ်ကိုင်စွမ်းရည်တော့ တိုးလာပါတယ်။ အဲ့တော့ သူ့အနေနဲ့ Job Security ထက် Employability
( *အလုပ်လုပ်နေရမှု) ကိုပဲ အလေးထားတော့တယ်။ သူရဲ့အောင်မြင်မှုဟာ လုပ်ငန်းအောင်မြင်မှုပေါ်မှာ မူတည်တယ်ဆိုတာ သိလာပြီလေ။ အဲ့တော့လုပ်ငန်းတိုးတက်ဖို့အတွက် Partnerတစ်ယောက်လို ခံယူပြီ စွမ်းဆောင်တော့တာပဲ၊ သူ့အတွက်က အကြောင်းအရာတွေကို knowing ထက် learning ဖြစ်လာပါတယ်။ အရာရာကို သိတာထက် တတ်ဖို့ အသုံးချနိုင်ဖို့ သင်ယူချင်လာပြီလေ။ သင်ယူချင်တဲ့စိတ်ဟာ search ကိုပါဖြစ်စေတဲ့အတွက် လုပ်ငန်းအတွက် အများနဲ့မတူတဲ့ အတွေးအခေါ်တွေပါ သယ်လာနိုင်ပါတယ် ။ အမြဲတမ်း စိန်ခေါ်မှုတွေ (challenging )တွေကို သူကြိုဆိုပါတယ် ။အလုပ်ရှင်ကလည်း အဲ့လို အလုပ်သမားတွေ ပြောင်းလဲလာသလို သူ့ရဲ့ အုပ်ချုပ်မှု ပုံစံကို အရင်လိုသွားလို့မရတော့ပါဘူး၊ အလုပ်သမားတွေကို ဒီထက်မကအရည်အသွေးတိုးတက်စေဖို့ရာ ချီးမြှောက်တန်ချီးမြှောက်ရပါတယ် ။ အရင်လို ပိုက်ဆံလေး bonus ဆိုပြီး ထုတ်ပေးလို့မရတော့ပါဘူး။ တခြားချီးမြှင့်မြှောက်စားမှုပုံစံလေးတွေနဲ့ ဖန်တီးပေးရပါတယ်။ (ကိုရီးယားကားတွေမှာအတုယူစရာတွေပါ ၀န်းထမ်းတစ်ယောက်က ကုမ္မဏီအတွက်အောင်မြင်အောင်လုပ်ပေးခဲ့တယ်ဆိုရင် အဲ့ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ party လုပ်ပေးတယ်။ တခြားဝန်ထမ်းတွေရှေ့မှာ အားကျအောင် ချီးကျုးတယ်။ ) အလုပ်ရှင်ဟာ သူ့လုပ်ငန်းအတွက် အမြဲချဲ့ထွင် တိုးတက်ဖို့ရာ အခွင့်အလမ်းကိုအမြဲချောင်းနေရပါတယ်။ information ကို မပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါမှ အခွင့်အလမ်းဆိုတာ တွေ့မှာပါ ။ သူ့လုပ်ငန်းဟာ ပြိုင်ဆိုင်မှုကို ကြိုဆိုရမယ်။ ဒါမှ သူ့လုပ်ငန်းဟာ ရပ်မနေဘဲသွားနေမှာပါ။ အခု လောကကြီးရဲ့ အခြေအနေပေါင်းများစွားဟာ alway change ပါ။ အမှီလိုက်ပြေးနိုင်မှာပါ ။ မဟုတ်ရင်တော့ ကျန်ခဲ့မှာပဲ ၊ အကုန်လုံးက မကျန်ခဲ့အောင်အမှီ လိုက်ပြေးနေတဲ့အချိန်မှာ ကျန်ခဲ့ရင်တော့ ....................။ (ကိုယ်တယောက်တည်းရှိတဲ့ နေရာကြီးမှာ ဆက်ရှင်သန်ဖို့ဆိုတာ အဓိပ္ဖါယ်ရှိပါဦးမလား . ............... )

Monday, August 4, 2008

Tree and Human Beings


Draw Your Own Picture
အခြေခိုင်သော သစ်ပင်ဖြစ်လင့်ကစား မိုးသက်လေပြင်းတို့၏ ဒဏ်ကို မရှောင်မလွဲခံရပေမည်။ထိုအခါတွင် သစ်ရွက်တို့သည် ကြွေကျသည်လည်း ရှိသည်။ ပြန်လည် စိမ်းစိုသည်လည်း ရှိသည်။
မိုးသက်လေပြင်းများပြီးသည့်နောက်တွင် နေသာသောနေ့သို့လည်း ရောက်သွားနိုင်သည်။ နေ၏အပူရှိန်သည် နွေးထွေးမှုကို ပေးသော်လည်း တခါတရံ ပူပြင်း၏။
ထိုအတူ လူသားတို့တွင်လည်း ဒုက္ခမုန်တိုင်း၊ အဆင်မပြေမှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရပေဦးမည်။ ဤဒုက္ခများ၊ အခက်အခဲများကြောင့် လဲကျသွားနိုင်သလို တိုးတက်ပြောင်းလဲမှုများလည်း ရှိတတ်ပေသည်။ နေသာသောနေ့ကဲ့သို့ အဆင်ပြေမှုများနှင့်ကြုံတွေ့ရသောအခြေအနေများတွင် ထိုအဆင်ပြေမှုများသည် တခါတရံ မိမိဘ၀ကို ပူလောင်စေနိုင်ပါသည်။

Tuesday, July 29, 2008

SWOT Analysis for your life

အခုခေတ်စီမံခန့်ခွဲမှုဘာသာရပ်မှာ အတော်များများအပြောများ၊ အသုံးများသောစကားတရပ်အကြောင်း တင်မယ်လို့ စိတ်ကူးမိပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသုံးဝင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကတော့ SWOT Analysis ပါ။ Strengths Weaknesses Opportunities Threats ကို စမ်းစစ်ခြင်းပါ။ မိမိရောက်နေတဲ့ အခြေအနေတစ်ခုမှာ မိမိအားသာချက် ၊အားနည်းချက် ၊ မမြင်ရသေးသောအနာဂတ်တစ်ခုမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခွင့်အလမ်း ၊ ရိုက်ခတ်မှု (ခြိမ်းခြောက်မှု) တွေကို စမ်းစစ်ခြင်းလို့ အရှင်းဆုံးပြောလို့ရပါတယ်။ ဒီ SWOT Analysis ကို လုပ်ငန်းကြီးတွေ၊ လုပ်ငန်းငယ်တွေစသော စီးပွားရေးလုပ်ငန်းများ၊ စီမံကိန်းများတွင် အတွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပြီး မိမိပန်းတိုင်ကို အောင်မြင်စွာ အရောက်လှမ်းနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို လုပ်ငန်းကြီးတွေသာမက မိမိပုဂ္ဂိုလ်ရေးရာ ရည်မှန်းချက်များကို ကြိုးစားရာတွင်လည်း ဒီနည်းလမ်းကို သုံးနိုင်သလားဆိုတာလေးကို ဆွေးနွေးချင်ပါတယ်။
Personal SWOT Analysis
A personal SWOT analysis ဆိုတာ မိမိကိုယ်ကို၊ မိမိဘ၀ကို ပြန်လည်ကြည့်ရှု့သုံးသပ်တာပါ။ မိမိ ဘယ်နေရာမှာတော့ ဒီထက်ကောင်းဖို့လိုအပ်နေသေးလဲ၊ ဘာတွေလိုအပ်နေတာလဲ၊ ပေါ်ပေါကိလာနိုင်တဲ့ အခွင့်အလမ်းတစ်ခု သို့မဟုတ် ရိုက်ခတ်မှုတွေကို ရယူနိုင်ဖို့ သို့မဟုတ် ကျော်လွှာနိုင်ဖို့ မိမိမှာ ဘာအားသာချက် အားနည်းချက်တွေရှိလဲဆိုတာ သိနိုင်ပါတယ်။
အရင်ဆုံး မိမိ ဘာဖြစ်ချင်တာလဲဆိုတာလဲ ဆိုတဲ့ရည်မှန်းချက်လေးကို အရင် သိအောင်လုပ်လိုက်ပါ။ ရည်မှန်းချက် ပန်းတိုင်ဆိုတာလည်း ကိုယ့်လက်ရှိအခြေအနေနဲ့ အရောက်သွားရမှာမို့ လက်လှမ်းမှီနိုင်မယ့် ဖြစ်နိုင်မယ့် ပန်းတိုင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ပန်းတိုင်တစ်ခုကို ချမှတ်ရာမှာ မိမိကိုယ်ကို SWOT Analysis လုပ်လိုက်ပါ။
မိမိအားသာချက်ကို စမ်းစစ်ခြင်း ( မိမိကိုယ်ကို အားမနာတမ်း ဝေဖန်ပါ)
• ငါမှာ ဒီပန်းတိုင်၊ ရွေးချယ်ခဲ့တဲ့ နေရာမှာ ဘာစွမ်းရည်တွေရှိသလဲ၊ ငါရဲ့ ပင်ကို အရည်အသွေးက ဘာလဲ
• ငါမှာ လိုအပ်တဲ့ ဗဟုသုတတွေရော ရှိရဲ့လား
• ငါ့မှာရှိတဲ့အားသာချက်တွေ စွမ်းရည်တွေ ဒီထက် ထက်မြက်ဖို့ ဘာတွေရနိုင်လဲ
• ငါပန်းတိုင်အဖြစ်ရွေးချယ်ခဲ့တဲ့နေရာမှာ ငါကို အကြံပေးနိုင်မယ့်၊ ကူညီပေးနိုင်မယ့် တစုံတရာရော ရှိသလား
• ဒီပန်းတိုင်မှာ တွေ့ကြုံရမှုတွေဟာ ငါ့အားသာချက်တွေနဲ့ ကိုက်ညီလား
မိမိအားနည်ချက်ကို စမ်းစစ်ခြင်း
• ဒီပန်းတိုင်ကို သွားရင် ငါ့ကို ကန့်သတ်ချက်တွေဘာတွေရှိလဲ၊ ဆိုလိုတာက အားနည်းချက်ပေါ့
• ငါ ဘာတွေကို မစွမ်းဆောင်နိုင်ဘူးလဲ၊ ငါမှာ ဒီပန်းတိုင်ရောက်ဖို့ လိုအပ်တဲ့စွမ်းအင်တွေထဲမှာ ငါ့မှာ ဘာမရှိသေးဘူးလဲ
• ဒီရွေးချယ်ထားတဲ့နေရာမှာရော ငါ တကယ်ရော လုပ်ဆောင်နိုင်ပါ့မလား
• ငါ့မှာ မရှိသေးတဲ့ လိုအပ်ချက်တွေရော ဖြည့်ဆည်းလို့ ရနိုင်သလား
• ဒီနေရာမှာရှိတဲ့ အားနည်းချက်တွေကို တွန်းလှန်နိုင်ပါသလား၊ ဘယ်လို လျှော့ချမလဲ
အခွင့်အလမ်းများကို သုံးသပ်ခြင်း
• ရွေးချယ်လိုက်တဲ့ နေရာတစ်ခုမှာ ငါရဲ့ဆန္ဒတွေ အိပ်မက်တွေ ရှိသလား
• ငါမမျှော်တွေးထားတဲ့ အခွင့်အလမ်းတွေရော ပေါ်လာနိုင်သလား
• ငါအတွက် စိတ်တက်ကြွမှုတွေရော ပေးနိုင်သလား
• ငါအတွက် ဘာတွေတိုးတက်လားနိုင်မှာလဲ
• ဒီအခွင့်အလမ်းတွေဟာ ငါဘ၀အတွက်ရော ထိရောက်မှုရှိသလား
• ဒီအခွင့်အလမ်းတွေဟာ ငါ့အားနည်းချက်တွေကို လျှော့ကျစေနိုင်သလား
• ငါ့အားသာချက်တွေနဲ့ရော ဒီအခွင့်အရေးတွေကို အမိအရ ယူနိုင်လား
• ငါ့ဘ၀ကို ဘာတွေပြောင်းလဲသွားစေမှာလဲ
ရိုက်ခတ်မှုများကို မျှော်တွေးခြင်း
• ငါ့အတွက် ဘာတွေ ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်လာနိုင်သလဲ။ ဘာတွေက အတားအဆီးတွေဖြစ်လာနိုင်သလဲ။
• အခုလက်ရှိ လမ်းကြောင်းမှာရော ဘာစွန့်စားမှုတွေ ရင်ဆိုင်နေရလဲ
• ငါလမ်းကြောင်း ဘယ်လို အတားအဆီးတွေ ရှိလဲ။ ဘာတွေလဲ
• ငါ့ရဲ့ အားနည်းချက်တွေက ဒီ ရိုက်ခတ်မှုတွေကို ကြုံတွေ့ဖို့ရာ အားပေးနေသလား၊ တိုးပွားစေသလား
• ငါ့အားသာချက်တွေက ဒီရိုက်ခတ်မှုတွေကို လျှော့ချနိုင်စေသလား
ကဲဒီလို personal SWOT analysis လုပ်ပြီးရင် ဘာတွေသိလာနိုင်မလဲဆိုတော့
• ငါလုပ်ဆောင်ရမယ့် ၊ အကောင်းဆုံးဖြစ်မယ့် အခွင့်အလမ်းက ဘာလဲ
• ဒီအခွင့်အလမ်းကို ရရှိဖို့ရာ ငါ့ရဲ့ ကိုယ်ပိုင်လက်နက်က ဘာလဲ
• ငါကျော်လွှာရမယ့် လျော့ချရမယ့် တားဆီးမှု ရိုက်ခတ်မှုတွေဟာ ဘာလဲ
• ပန်းတိုင်ကိုရောက်ဖို့ရာ ဘာအားသာချက်တွေက ငါ့စွမ်းရည်တွေကို မြှင့်တင်ပေးမှာလဲ
• ဘာအားနည်ချက်တွေကို ပြင်ဆင်ဖို့လိုနေပြီလဲ
ဆိုတာတွေကို ကြိုတင်သိနိုင်တဲ့အတွက် မလိုအပ်တာတွေ လျှော့ချနိုင်တယ်။ လိုအပ်တာတွေ အချိန်မီ ဖြည့်ဆည်းနိုင်ပြီပေါ့။ ပြီးရင် ပေါ်ပေါက်လာနိုင်တဲ့အခွင့်အလမ်းကို ရရှိဖို့ အဆင့်သင့်အနေအထားကို လည်း ရောက်ရှိနေမှာပါ။ ဘာအခက်အခဲပဲ တွေ့တွေ့ကြိုတင်တွက်ဆပြီးသားမို့ အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်နော်…………….

Sunday, June 22, 2008

NEED........WANT........GET........SUCCESS



လူပြည်က လူတစ်ယောက်သည် ဖန်ဆင်းရှင်ဆီကို လာပါတယ်။ မကျေမနပ်ဖြစ်နေတဲ့ပုံစံနဲ့ ဖန်ဆင်းရှင်ကို
လူ။ “မတရားဘူးဗျာ......လုံးဝမတရားဘူး”
ဖန်ဆင်းရှင်။ “ဘာဖြစ်လို့လဲကွာ ”
လူ။ “ကျွန်တော်ကို ဖန်ဆင်းတုန်းက ပြည်စုံအောင် ဘာလို့တခါတည်း မဖန်ဆင်းရတာလဲ၊ အခုတော့ ကျုပ်မှာ လိုအပ်ချက်တွေ အမြဲတမ်း ကြုံနေရတာပေါ့ ”
ဖန်ဆင်းရှင်။ “စေတနာနဲ့ပါကွာ”
လူ။ “ဘာလို.........”
ဖန်ဆင်းရှင်။ “ လောကမှာအောင်မြင်မှုဆိုတာ အခက်အခဲတွေ၊ မပြည့်စုံခြင်းတွေကို ကျော်ဖြတ်ပြီးမှ ရလာတာကွ။ အဲဒါမှ အဲ့ဒီအောင်မြင်မှုကို တန်ဖိုးထားတတ်ကြမယ်။ဒါကြောင့် အောင်မြင်မှုဆိုတာရှိဖို့ မပြည့်စုံခြင်းတွေကို ဖန်တီးပေးထားရတာပေါ့ကွ........”

(အိပ်ယာဝင် ပုံပြင်လေးတစ်ပုဒ် ဖြစ်သော်လည်း အားဆေးလေးတစ်ခွက်တော့ ဖြစ်ကောင်းပါရဲ့)

Thursday, June 19, 2008

What is "Love"........., Have You Seen it??????


ပန်ချီပြခန်း တစ်ခုတွင် “ အချစ် ” ဟူသော ခေါင်းစဉ်အောက်၌ ပန်းချီပွဲလေးတစ်ခုကို ကျင်းပခဲ့ပါသည်။ အချစ်ကို ပုံဖော်ထားသော ပန်းချီကားပေါင်း များစွာ။ တချို့ကလည်း လွမ်းဆွတ်ဖွယ်၊ တချို့ကလည်း ကြည်နူးဖွယ်.......စုံလို့ပါ။ ထူးခြားတာ တစ်ခုက ပန်ချီကား တစ်ချပ်ဟာ ကင်းဗတ်စ အဖြူကို ရွှေရောင် ဘောင်ကွပ်ထား၍သာ ပြသထားသည်။ အောက်က စာတန်းကလည်း ရောင်းရန် မဟုတ်ပါတဲ့။ စိတ်ဝင်စားစရာ ကောင်းရာ ရေးဆွဲသူ ပန်ချီဆရာဟု ထင်ရသော ပန်းချီကားပိုင်ရှင်ထံ ဘာမှ ဆွဲထားခြင်းမရှိဘဲ ဘာကြောင့် လာရောက်ပြသလဲဟု မေးမြန်းကြည့်ရာ

“ ကျွန်တော် အချစ်ဆိုတဲ့ အရာကို ဘယ်လို ပုံဖော်ရမလဲလို့ စဉ်းစားလိုက်တာ၊ နောက်ဆုံး ပြပွဲ ဖွင့်ရက် ရောက်တဲ့အထိ စဉ်းစားမရတာနဲ့ ဒီအတိုင်း ထားလိုက်တာ၊ အခု အချိန်ထိ ကျွန်တော် စဉ်းစားဆဲပါ......”

Sunday, June 15, 2008

Sharing and Caring Society

လာလည်ကြသူ မိတ်ဆွေ သူငယ်ချင်းများကို အရမ်း ကျေးဇူးတင်ပါတယ်။ အခုလို အားပေးမှုတွေကြောင့် ဖူးဖူး ဘလော့ ရေးနိုင်တာပါ။ ဖူးဖူး ဘလော့ရေးရတဲ့ ရည်ရွယ်ချက်ကတော့ သိထားတာလေးတွေကို ပြောပြချင်ရုံ သက်သက်ပါ။ သူငယ်ချင်းတွေရဲ့ ဘလော့ကို လာလည်ရတာကလည်း မသိတာတွေ သိအောင် လာဖတ်တဲ့ သဘောပါ။ CBOX မှာ အားပေးခဲ့ကြသူတွေရော၊ Comment ပေးခဲ့ကြသူများ ကိုလည်း ကျေးဇူးပါ။ အမြင်ချင်း ဖလှယ်ပေးတာကို ကြိုဆိုပါတယ်။ ဘလော့ရေးရာတွင် မည်သူ့ကိုမှ ထိခိုက်လိုစိတ် မရှိတဲ့အတွက် ဖူးဆီမှာ ပုဂ္ဂိုလ်ရေးရာ ကြမ်းတမ်းစွာ ပြောကြားမှုများ မပြုလုပ်ပါရန် တောင်းဆိုအပ်ပါတယ်ရှင့်။ အတွေးအခေါ်၊ အမြင်ချင်း ၊ ဗဟုသုတ တွေ မျှဝေပေးခဲ့ပါနော်..........

ဖူးဖူးအနေနဲ့ Blog ဆိုတဲ့ ရပ်ဝန်းကို Sharing and Caring Society လို့ နားလည် သဘောပေါက်မိပါတယ်။